Connect with us

Social, Education & Health

ဂါနာနိုင်ငံရှိ တရုတ်လူမှုအသိုင်းအဝိုင်းက ဆဗန်းနားဒေသရှိ ပဋိပက္ခဒဏ် ခံစားနေရသူများအတွက် အထောက်အပံ့ပစ္စည်းများ လှူဒါန်း

ဂါနာနိုင်ငံ၊ အက်ကာရာမြို့ရှိ လက်ခ်မာဆေးရုံ၌ အူကျွံနာ ခံစားနေရသော မိဘမဲ့ ဂါနာ ကလေးငယ် တစ်ဦးကို တရုတ်နှင့် ဂါနာဆရာဝန်များက ခွဲစိတ်မှုကုသပေးနေပုံအား ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အက်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဂါနာနိုင်ငံရှိ တရုတ်လူမှုအသိုင်းအဝိုင်းက မကြာသေးခင်က ဂါနာနိုင်ငံ၊ ဆဗန်းနားဒေသ၌ အကြမ်းဖက် ပဋိပက္ခဖြစ်စဥ်များကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် ဂါနာငွေ ဆီဒစ် ၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၆၃,၀၀၀ ခန့်) တန်ဖိုးရှိသော ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။စိမ်းလန်းအိမ်နိုင်ငံတကာဖွံ့ဖြိုးမှုအုပ်စုဂါနာလိမီတက်(GIDGGL)နှင့် တရုတ်လူမှုအဖွဲ့အစည်းများ အဖွဲ့ချုပ်(ဂါနာ) တို့၏ အဆိုအရ လှူဒါန်းလိုက်သော ပစ္စည်းများတွင် ဆန်၊ ဖျော်ရည်များ၊ ခရမ်းချဥ်သီး အနှစ်၊ စောင်များ၊ ရေပုံးများ၊ ခြင်ဆေးခွေများ၊ ကြေးချွတ်ဆေး၊ ဆပ်ပြာနှင့် အမျိုးသမီးလစဥ်သုံး ပစ္စည်းများလည်း ပါဝင်ကြောင်းသိရသည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများမှာ ဘေးဒုက္ခသင့်ခဲ့သော ဒေသများသို့ စက်တင်ဘာ ၁၆ ရက်နှင့် ၁၉ ရက်များကတည်းက ရောက်ရှိသွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆဗန်းနားဒေသဆိုင်ရာဝန်ကြီး ဆာလီဆူး ဘီအဝူရီဘီကလည်း တရုတ်လူမှုအသိုင်းအဝိုင်း၏ ထောက်ပံ့မှုအတွက် ကျေးဇူးတင် ချီးကျူးစကားပြောကြားခဲ့သည်။
” ဆဗန်းနားဒေသခံတွေနဲ့ ဂါနာသမ္မတကြီးရဲ့ကိုယ်စား တရုတ်လူမှုအသိုင်းအဝိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို လိုအပ်ချက် အများဆုံးဖြစ်နေတဲ့ ဒေသတွေဆီကို ဖြန့်ဖြူးပေးသွားပါမယ်” ဟု ဝန်ကြီး ဆာလီဆူး ဘီအဝူရီဘီက ပြောကြားခဲ့သည်။

ဆဗန်းနားဒေသတွင် သြဂုတ်လနှောင်းပိုင်းက ဘရီဖိုနှင့် ဂွန်ဂျာလူမျိုးစုများအကြား နယ်မြေ အငြင်းပွားမှုနှင့်ပတ်သက်၍ အကြမ်းဖက်မှုများဖြစ်ပွားရာမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စျေးများ၊ စီးပွားရေးလုပ်ငန်းများစွာ ဖျက်ဆီးခံခဲ့ရသလို လူပေါင်း ၃၁ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရခဲ့ကြသူနှင့် အိုးမဲ့ အိမ်မဲ့ဖြစ်သူ များစွာရှိခဲ့ကြောင်းသိရသည်။ (Xinhua)
———————-
(English Version)
Chinese communities donate supplies to conflict victims in Ghana’s Savannah
ACCRA, Sept. 20 (Xinhua)
Chinese communities in Ghana have donated relief supplies worth more than 2 million cedis (about 163,000 U.S. dollars) to victims of the recent violent conflict in the country’s Savannah Region.
According to Greenhouse International Development Group Ghana Limited and the Ghana Association of Chinese Societies, their donation included rice, beverages, tomato paste, blankets, buckets, mosquito coils, detergent, soap, and sanitary pads. The supplies arrived in the affected districts on Tuesday and Friday.
Savannah Regional Minister Salisu Be-Awuribe commended the Chinese communities for their support. “On behalf of the people of Savannah and the President of Ghana, I want to say a big thank-you. The relief items will be distributed to those who need them most,” the minister said.
Violent clashes between the Brifo and Gonja ethnic groups in late August over disputed land left 31 people dead, several injured, and many displaced, while farms, markets, and businesses were abandoned or destroyed. ■
Photo:
Chinese and Ghanaian doctors perform a surgery on a Ghanaian orphan with umbilical hernia at the Lekma Hospital in Accra, Ghana, Aug. 27, 2025.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.