International Organizations
လာလီဂါတွင် ရီးရဲလ်မက်ဒရစ် ငါးပွဲဆက်အနိုင်ရရှိ၊ ဗီလာရီးရဲလ်နှင့် ဗလင်စီယာတို့လည်း အသီးသီးနိုင်ပွဲရရှိ

မက်ဒရစ်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရီးရဲလ်မက်ဒရစ်နှင့် အက်စပန်ညိုတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ရာသီသစ် စတင်ချိန်၌ ငါးပွဲကစားရာတွင် ငါးပွဲစလုံး အနိုင်ရရှိထားသည်။အက်စပန်ညိုအနေဖြင့် အမှတ်ပေးဇယားတွင် အဆင့်-၃ ၌ ရပ်တည်နေကာ ရှုံးပွဲမရှိသေးသည့် အသင်းအဖြစ် ဆန်တီယာဂို ဘာနေဗျူးသို့ ထွက်ခွာလာခဲ့သော်လည်း ပွဲချိန် ၂၂ မိနစ်တွင် ရီးရဲလ်ကစားသမား အီဒါ မီလီတို၏ ဦးဆောင်ဂိုးသွင်းယူခြင်း ခံရပြီးနောက် ထိထိရောက်ရောက် တုံ့ပြန်ကစားနိုင်ခဲ့ခြင်းမရှိပေ။

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် အက်စပန်ညိုတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ပြီး နှစ်မိနစ်အကြာတွင် ကီလီယန် အမ်ဘာပေက အဆုံးသတ်ကောင်းကောင်းဖြင့် ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့သည်။အခြားပွဲစဉ်တစ်ပွဲတွင် ဗီလာရီးရဲလ်က အိုဆာဆူနာအား ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အိုဆာဆူနာအနေဖြင့် ပွဲချိန် ၃၉ မိနစ်တွင် ဗယ်လန်တင် ရိုဆီယာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသည့်အတွက် တစ်ယောက်လျော့ဖြင့် ဆက်လက်ကစားခဲ့ရသည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် အက်စပန်ညိုတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမား ဗင်နီစီယက်စ် ဂျူနီယာအား တွေ့ရစဉ် (ဆင်ဟွာ)
အိုဆာဆူနာအသင်းမှာ တစ်ယောက်လျော့နေသော်လည်း ပွဲချိန် မိနစ် ၅၀ တွင် အန်တေ ဘူဒီမီယာ၏ ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် ပွဲချိန် ၆၈ မိနစ်တွင် ဂျော့ဂျ် မီကူတာဇီက ချေပဂိုးသွင်းယူခဲ့သလို ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ငါးမိနစ်အလိုတွင် ပါပေ ဂူယီ၏ နောက်ကျောနှင့်ထိကာ လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားသဖြင့် ဗီလာရီးရဲလ်အသင်း ကံကောင်းထောက်မစွာဖြင့် အနိုင်ဂိုးရရှိခဲ့သည်။
ဗလင်စီယာအသင်းနှင့် အက်သလက်တစ် ဘီဘာအိုအသင်းတို့၏ ပွဲစဉ်၌ ပွဲချိန် မိနစ် ၆၀ တွင် ဒါနီ ဗီဗီယန် အနီကတ်ဖြင့် အငြင်းပွားဖွယ် ထုတ်ပယ်မခံရမီအချိန်ထိ ဧည့်သည်အသင်းက ပွဲကိုစိုးမိုးထားခဲ့သော်လည်း ပွဲအပြီးတွင် အိမ်ရှင်ဗလင်စီယာက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဗလင်စီယာအတွက် အနိုင်ဂိုးများကို ဘက်ပ်တစ်စတေး ဆန်တာမာရီယာက ပွဲချိန် ၇၂ မိနစ်တွင်လည်းကောင်း၊ ဟူဂို ဒူရိုက နာကျင်အချိန်ပိုတွင်လည်းကောင်း အသီးသီးသွင်းယူခဲ့သည်။
ဆီဗီလာအသင်းကလည်း အလာဗက်စ်အား အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရူဘင် ဗာဂတ်စ်နှင့် အလက်ဆစ် ဆန်းချက်ဇ်တို့က ဧည့်သည်အသင်းအတွက် ဂိုးသွင်းယူခဲ့ကာ အလာဗက်စ်အတွက် ချေပဂိုးကိုမူ ကားလို့စ် ဗီဆင်တေးက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။
ဂျီရိုနာအသင်းမှာမူ လီဗန်တေးအသင်းအား အိမ်ကွင်း၌ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့သဖြင့် နည်းပြ မီချယ်လ် ဆန်းချက်ဇ်အဖို့ ဖိအားများအောက်တွင် ရောက်ရှိနေပြီဖြစ်ကာ လီဗန်တေးအတွက် အနိုင်ဂိုးများကို အက်တာယွန်း၊ ကားလို့စ် အယ်လ်ဗာရက်ဇ်၊ အီဗန် ရိုမဲရိုးနှင့် ဂိုဒူအင် ကိုယာလီပူးတို့က အသီးသီးသွင်းယူခဲ့သည်။ (Xinhua)
…………………………………………………
(English Version)
Real Madrid makes it five wins from five as Villarreal, Valencia also win in La Liga
MADRID, Sept. 20 (Xinhua) — Real Madrid made it five wins from five games at the start of the new La Liga season with a relatively routine 2-0 win at home to Espanyol on Saturday afternoon.
Espanyol traveled to the Santiago Bernabeu in third place in the table and unbeaten this campaign but never looked like getting anything from the game after Eder Militao put Madrid ahead in the 22nd minute with a powerful long-range shot.
Kylian Mbappe doubled Madrid’s lead in the second minute of the second half with another impressive finish.
Villarreal came back from a goal down to beat Osasuna 2-1. Osasuna was reduced to 10 men when Valentin Rosier was sent off for seeing two yellow cards in the 39th minute.
Despite being a man down, Ante Budimir put Osasuna ahead from the penalty spot in the 50th minute, but Georges Mikautaze leveled in the 68th minute and Villarreal had a stroke of luck when the winning goal deflected in off Pape Gueye’s backside five minutes from time.
Valencia won 2-0 at home to Athletic Bilbao after the visitors dominated the game until Dani Vivian’s controversial 60th minute red card.
Baptiste Santamaria put Valenica ahead in the 72nd minute and Hugo Duro added the second in injury time.
Sevilla won 2-1 away to Alaves with Ruben Vargas and Alexis Sanchez giving the visitors the points, while Carlos Vicente scored a penalty for Alaves.
Girona coach Michel Sanchez is under pressure after his side lost 4-0 at home to Levante, who scored goals through Etta Eyong, Carlos Alvarez, Ivan Romero and Goduine Koyalipou.
English Caption 1
Kylian Mbappe (L) of Real Madrid vies with Fernando Calero of RCD Espanyol during the La Liga football match between Real Madrid and RCD Espanyol in Santiago Bernabeu Stadium, Madrid, Spain, Sept. 20, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Players of Real Madrid celebrate a goal during the La Liga football match between Real Madrid and RCD Espanyol in Santiago Bernabeu Stadium, Madrid, Spain, Sept. 20, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Vinicius Junior of Real Madrid reacts during the La Liga football match between Real Madrid and RCD Espanyol in Santiago Bernabeu Stadium, Madrid, Spain, Sept. 20, 2025. (Photo by Gustavo Valiente/Xinhua)