Connect with us

Social

ဝါးလက်မှုပညာက မြန်မာလူငယ်များ သက်မွေးဝမ်းကျောင်းအတွက် ဒစ်ဂျစ်တယ်ခေတ်တွင်လည်း အဆင်ပြေစေ

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လက်မှုပညာ ကျွမ်းကျင်မှု၊ မျက်စိရှင်ရှင်ရှိမှုဖြင့် ဝါးကို အနုစိတ်ဒီဇိုင်းလုပ်ပုံဖော်နေသည့် အသက် ၂၁ နှစ်အရွယ်ရှိသော ကိုဇင်မင်းထိုက်သည် ရာစုနှစ်များစွာ သက်တမ်းရှိသော အရာဖြစ်သည့် ဝါးကို အသုံးပြု၍ တိုးတက်ခေတ်မီသော အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။ကိုဇင်မင်းထိုက်သည် အသက် ၁၅ နှစ်တွင် ဝါးလက်မှုပညာရပ်ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး သေးငယ်သော ဝါးအဆောက်အဦမှစ၍ ကြီးမားသော အဆောက်အဦများအထိ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။ ယခုအခါ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ အလျား ပေ ၈၀၊ အနံ ပေ ၄၀ ရှိသော ဝါးအဆောက် အဦကို ဆောက်လုပ်လျက်ရှိသည်။

“ဝါးက ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်သလို ကျွန်တော်ရဲ့ ဝါသနာလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝါးလက်မှုပညာရပ်ကို ဆရာတွေဆီက သင်ယူပြီးတာနဲ့ ဝါးနဲ့ပဲ ကျွမ်းကျင်သူဖြစ်တဲ့အတွက် ဝါးလက်မှုပညာအတွက်ပဲ ဘဝအတွက်ရော၊ မိသားစုအတွက်ရော ရှေ့ဆက်သွားမှာပါ။ ဝါးနဲ့ ဝါးအိမ်တွေ၊ ဘန်ဂလိုတွေ၊ ဓမ္မာရုံတွေ၊ စားသောက်ဆိုင်အလှဆင်တာတွေ၊ ခုတင်တွေ၊ ကုလားထိုင်တွေ၊ စားပွဲတွေ လုပ်ခဲ့ပါတယ်” ဟု ကိုဇင်မင်းထိုက်က ပြောသည်။

“လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော့်ရဲ့ လက်ရာတွေကို အွန်လိုင်းကနေ တင်ခဲ့ပါတယ်။ အဲ့ဒီလို အွန်လိုင်းကနေ တင်ပြီးတဲ့နောက်ပိုင်းမှာ မန္တလေး၊ နေပြည်တော်နဲ့ တခြားတိုင်းဒေသကြီးတွေမှာရှိတဲ့ လူတွေဆီကနေ အလုပ်တွေ လက်ခံလာရပါတယ်။ ကျွန်တော့်ကို အလုပ်အပ်သူအများစုက အွန်လိုင်းကနေ အလုပ်အပ်တာပါ” ဟု ၎င်းက ဆိုသည်။

ကိုဇင်မင်းထိုက်အတွက်ကတော့ လက်မှုပညာသည် အလုပ်တစ်ခုမျှသာ မဟုတ်ပါ။ ၎င်းသည် ယင်းလက်မှုပညာဖြင့် ၎င်း၏မိသားစုလေးယောက်ကို ထောက်ပံ့နိုင်သကဲ့သို့ ရိုးရာလက်မှုပညာကို မျက်မှောက်ကာလတွင် ထိန်းသိမ်းရာလည်းရောက်ကြောင်း၎င်းကဆိုသည်။

“ကျွန်တော်က အမြတ်အစွန်းကြီးကြီးမားမားမရပါဘူး၊ ဒါပေမယ့် စနစ်တကျလုပ်ရင် ဝါးလုပ်ငန်းက အသက်မွေးဝမ်းကြောင်းအတွက် အဆင်ပြေပါတယ်” ဟု ၎င်းက ဂုဏ်ယူစွာပြောသည်။
၎င်းသည် လက်မှုပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ ဝါးကို စီးပွားရေးအရရော၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအရပါ အလားအလာကောင်းများရှိသည့်အတွက် စိတ်ဝင်စားမှုများပြားလာသော လူငယ်များအနက် တစ်ဦးဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ မသီရိမင်းသိန်းက တည်ထောင်ထားသော ရန်ကုန်အခြေစိုက် Green Bamboo Life ဆိုင်ကလည်း ဥပမာတစ်ခုဖြစ်သည်။ အဆိုပါဆိုင်ကို ဖွင့်လှစ်ခဲ့သည်မှာ ၄ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ဝါးလက်မှုပစ္စည်းများကို ရန်ကုန်၊ ပုဂံ၊ ညောင်ဦး၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်းမှ ရရှိကြောင်း သိရသည်။

“အဓိကရည်ရွယ်ချက်ကတော့ ကိုယ့်ဝါသနာကြောင့် ဖွင့်လိုက်တာပါ။ ဝါးနဲ့ပတ်သက်ပြီး သိတာကတော့ ကိုဗစ်-၁၉ ဖြစ်တော့ သူများနိုင်ငံက သုံးတဲ့ လက်မှုပစ္စည်း website တွေ ကိုကြည့်ပြီး၊ ဘာလုပ်မလဲလို့စဉ်းစားရင်းနဲ့ အပင်တွေစိုက်ရင်းနဲ့မှ အပင်မှာထည့်ဖို့ ခြင်းလေးတွေကို စိတ်ကူးရပြီး လက်မှုပညာရှင်တွေကို လုပ်ခိုင်းကြည့်တယ်ပေါ့။ ဒီခြင်းလေးတွေ တခြားသူတွေရော သုံးလို့ရအောင် ပလတ်စတစ်ခြင်းတွေအစား၊ ဝါးခြင်းတို့၊ ကြိမ်ခြင်းတို့ကြတော့ reusable ဖြစ်တယ်ပေါ့။ ပတ်ဝန်းကျင်အတွက်လည်း မထိခိုက်ဘူး။ ပလတ်စတစ်အစားထိုး ဝါးပစ္စည်းလေးတွေက ပိုပြီး သင့်တော်တယ်ဆိုပြီးတော့ စလုပ်ဖြစ်တာပါ ” ဟု မသီရိမင်းသိန်းက အဆိုပါဆိုင်ဖွင့်လှစ်ဖြစ်ရခြင်း အကြောင်း ရှင်းပြခဲ့သည်။

Green Bamboo Life မှ food covers ဟုခေါ်သည့် ဝါးအုပ်ဆောင်း၊ ဝါးမီးဆိုင်း၊ ဝါးပရိဘောဂနှင့် ရာနှင့် ချီသော ဒီဇိုင်းများကို အိမ်သုံး၊ ဆိုင်သုံး၊ ဟိုတယ်သုံးတို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

တာရှည်ခံခြင်း၊ ဈေးနှုန်းသင့်တင့်ခြင်းတို့ကြောင့် ပြည်တွင်းရော၊ ပြည်ပကပါ ဝါးလက်မှုပစ္စည်းတွေကို ပိုမိုသုံးစွဲသူများလာကြောင်း၎င်းက မှတ်ချက်ပြုပြောကြားသည်။
“ဝါးထွက်ကုန်တွေက သဘာဝပတ်ဝန်းကျင်အတွက် ပလတ်စတစ်ထက် ပိုကောင်းသလို ဈေးနှုန်းကွာခြားမှုလည်း သိပ်မရှိပါဘူး။ အနာဂတ်မှာ ဝါးပစ္စည်းလေးတွေကို သုံးစွဲတဲ့သူ ပိုများလာမယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ဒစ်ဂျစ်တယ်ခေတ်တွင် လက်မှုပညာရှင်များနှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် ၎င်းတို့၏ လက်ရာကို ပြည်တွင်းဈေးကွက်ကို ကျော်လွန်၍ ကျယ်ပြန့်စွာ ချဲ့ထွင်လာနိုင်ခဲ့ကြသည်။ အသက် ၂၅ နှစ်အရွယ် နည်းပညာတက္ကသိုလ်ကျောင်းသား ကိုပြည့်သည် အွန်လိုင်းတွင် အပင်စိုက်ပျိုးခြင်းကို ရှာဖွေရင်းမှတစ်ဆင့် ဝါးလက်မှုပညာလက်ရာကောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ၎င်းသည် ဝါးခွက်များ ၊ ဝါးလင်ဗန်းများ ၊ ဝါးခြင်းတောင်းများစသည့် ဝါးထုတ်ကုန်များကို ဆန်းသစ်ဟူသောအမည်ဖြင့်ဆိုရှယ်မီဒီယာကို အသုံးပြု၍ စီးပွားဖြစ်ရောင်းချခဲ့သည်။
“ဝါးစိုက်ပျိုးရေးအသင်း group ထဲမှာ အမှတ်မထင် လက်ရာကောင်းတွေကို တွေ့ရှိခဲ့ပြီးနောက်ပိုင်း အွန်လိုင်းမှာ Page ထောင်ပြီး online shop လုပ်ဖို့ စိတ်ကူးလေးရခဲ့တာပါ” ဟု ကိုပြည့်က ဆိုသည်။
၎င်းထံမှ ဝယ်ယူသူအများစုမှ ပြည်တွင်းမှ ဖြစ်ပြီး၊ အဆိုပါဝယ်ယူသူများက ပြည်ပသို့ပို့ရန် ရည်ရွယ်၍ ဝယ်ယူခြင်းဖြစ်ကြောင်း ကိုပြည့်က ဆိုသည်။

Myanmar Bamboo Society (ဝါးစိုက်ပျိုးရေးအသင်း) ၏ ဆောင်ပုဒ်က ဝါးဖြင့် ဆင်းရဲမွဲတေမှု ပပျောက်စေအံ့ဟူ၍ ဖြစ်ကြောင်း founder ဦးကျော်ဝင်းက ပြောသည်။ “ ဝါးနဲ့လုပ်တဲ့ စီးပွားရေးက သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုသလို ဝင်ငွေနဲ့ အသက်မွေးဝမ်းကျောင်းအတွက်လည်း အကျိုးပြုပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“တကယ်လို့သာ ရောင်းပန်းလှတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ထုတ်လုပ်နိုင်ရင် ဈေးကွက်က ရမှာပဲ။ လူငယ်တွေက ဒီဝါးလက်မှုပညာရပ်ကို ပိုပြီးစိတ်ဝင်စားလာကြတယ်” ဟု ၎င်းကပြောသည်။
“ကျွန်တော့်ကိုယ်ပိုင် ဝါးလက်မှုပစ္စည်းဆိုင်လေးလည်းဖွင့်ထားတယ်။ စာအုပ်စင်၊ စားပွဲခုံ၊ ကုလားထိုင်၊ ဝါးအလှဆင်ပစ္စည်းနဲ့ ဝါးအဆောက်အဦတွေကို ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ၎င်းကပြောသည်။
ဝါးလက်မှုလုပ်ငန်းက အနာဂတ်အတွက် အလားအလာကောင်းများရှိကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် သဘာဝ သစ်တောများမှ နှစ်စဉ် ဝါးလုံးပေါင်း ၃၁၈ သန်း ထုတ်ယူနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ်ပေါင်း ၁၀၂ မျိုးရှိပြီး ယင်းတို့အနက် ဝါး ၁၈ မျိုးသည် စီးပွားဖြစ် အဖိုးတန် ဝါးမျိုးစိတ်များဖြစ်ကြောင်း The International Bamboo and Rattan Organization ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝါးကို ဆောက်လုပ်ရေး၊ ပရိဘောဂ၊ လက်မှုပညာနှင့် အစားအသောက်များတွင် တာရှည်အသုံးခံသောကြောင့် အသုံးပြုခဲ့ပြီး ဝါးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမှုမှာ ခန့်မှန်းခြေ ၁၇,၈၃၈ စတုရန်းကီလိုမီတာ ရှိကြောင်း သိရသည်။

ဝါးပင်၏ဘက်စုံသုံးစွဲနိုင်မှုနှင့် ရေရှည်တည်တံ့မှုကို ဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့နေရာအနှံ့အပြား၌ ကျင်းပသည့် ကမ္ဘာ့ဝါးနေ့တွင် လူငယ်လက်မှုပညာရှင်များနှင့် စွန့်ဦးတီထွင်သူများက ဝါးသည် ဝင်ငွေရင်းမြစ်တစ်ခုဖြစ်လာကြောင်း၊ တီထွင်ဖန်တီးမှုနှင့် မျှော်လင့်ချက်များလည်းဖြစ်ကြောင်း ပြောကြားခဲ့ကာ ရိုးရာလက်မှုအတတ်ပညာများက အွန်လိုင်းမှတစ်ဆင့် ပိုမိုလူသိများရေပန်းစားလာနိုင်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ရေရှည်တည်တံ့ကာ မျိုးဆက်သစ်များ စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးနိုင်သည်ကို ညွှန်ပြလျက်ရှိသည်။ (Xinhua)
#ဝါး #ဝါးနှင့်ပြုလုပ်သောပစ္စည်း

English Version
Feature: Bamboo crafts inspire Myanmar youth to thrive in digital age
YANGON, Sept. 19 (Xinhua) — With calloused hands and a sharp eye for detail, 21-year-old Zin Min Htike had transformed bamboo, a centuries-old material, into a thriving modern livelihood.
He began crafting at 15 and has since built everything from small structures to large buildings. He’s now constructing an 80-foot-long, 40-foot-wide bamboo building in Hlegu township, Yangon region.
“Bamboo is my livelihood as well as my passion,” he said. “I learned from my teachers and depended entirely on bamboo craftsmanship. I made houses, restaurant decorations, beds, chairs, and tables.”

“Posting my work online three years ago helped me reach customers across Mandalay, Nay Pyi Taw, and many other regions. Most of my orders came from the internet,” he said.
For Zin Min Htike, the craft is not just a job. It is a way to support his family of four and to preserve a traditional art form in a modern context. “I don’t make huge profits, but if done properly, bamboo work could sustain a living,” he said proudly.
He is one of a growing number of young Myanmar craftsmen and entrepreneurs embracing bamboo for both its economic and environmental potential.
One example is Green Bamboo Life, a Yangon-based shop founded by 32-year-old Thiri Min Thein. The store, in its fourth year, sourced bamboo products from across Myanmar, including Yangon, Bagan, Nyaung-U, and Shan state.
Thiri explained how she opened the shop: “During COVID-19, I started growing plants and needed baskets to hold them. I discovered bamboo handicrafts, realized they were reusable and environmentally friendly, and wanted others to use them too, so I decided to open the shop.”
Green Bamboo Life offers hundreds of products, from food covers and trays to lamps and furniture, and caters to homes, businesses, and hotels, she said.
Thiri noted that both local and international customers are increasingly drawn to bamboo products, appreciating their sustainability and affordability.
“Bamboo products are better than plastic for the environment, and the price difference is narrowing. I hope more people will choose bamboo in the future,” she said.
The digital age has amplified this trend, allowing artisans and young entrepreneurs to market their work beyond local markets. Twenty-five-year-old engineering student Ko Pyae discovered bamboo crafts while researching plant cultivation online.
He later ran a social media-based business selling bamboo products, including bowls, trays, and baskets. “I stumbled upon bamboo artisans through a bamboo social media group, and that inspired me to create an online shop,” he said.
Most of his customers are local, but some orders come from clients who export the products internationally, Ko Pyae said.
U Kyaw Win, founder of the Myanmar Bamboo Society, said their motto is to eliminate poverty through bamboo. “The bamboo business is beneficial for the environment, income, and livelihoods as well,” he added.
“If we can make products that are marketable, we could get a market. Young people were increasingly interested in learning this craft,” he said.
“I also run my own bamboo product shop. I made bookshelves, tables, chairs, decorations, and even buildings with bamboo,” he said.
The potential is vast. According to Myanmar’s Ministry of Natural Resources and Environmental Conservation, the country could extract 318 million bamboo poles annually from natural forests.
The International Bamboo and Rattan Organization reported that Myanmar is home to 102 bamboo species, 18 of which are commercially valuable. Bamboo has long been used in construction, furniture, handicrafts, and even food, and its production has spanned an estimated 17,838 square kilometers nationwide.
On World Bamboo Day, observed globally on Sept. 18 to celebrate the plant’s versatility and sustainability, the young craftsmen and entrepreneurs said that bamboo had become a source of income, creativity, and hope, showing that traditional skills could thrive online, sustain communities, and inspire the next generation. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.