Connect with us

International Organizations

တရုတ်စူပါလိဂ်(CSL) ချန်ပီယံဖြစ်ရေး ရှန်ဟိုင်းပို့တ်ကို လီယိုနာဒို ကူညီပေးနေ

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Yuxi မြို့၌ ကျင်းပခဲ့သည့် Yunnan Yukun နှင့် ရှန်ဟိုင်းပို့တ်တို့၏ ၂၀၂၅ ရာသီ တရုတ်စူပါလိဂ်ဘောလုံးပွဲစဥ် (၉)အတွင်း Yunna Yukun မှ Han Zilong နှင့် ရှန်ဟိုင်းပို့တ်မှ လီယိုနာဒို(ယာ) တို့၏ ယှဥ်ပြိုင်ကစားနေပုံကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဘရာဇီးတိုက်စစ်မှူး လီယိုနာဒိုသည် စက်တင်ဘာ ၂၁ ရက်က ပေကျင်းကော်အန်းအသင်းကို ၂-၃ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သောပွဲတွင် ရှန်ဟိုင်းပို့တ်အသင်းအတွက် ဟတ်ထရစ်သွင်းယူပြီးနောက် တရုတ် စူပါလိဂ်အမှတ်ပေးချန်ပီယံပြိုင်ပွဲကို ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာစေခဲ့ကြောင်း သိရသည်။
လီယိုနာဒိုသည် ပွဲအစ ၇ မိနစ်၌ ၁၈ ကိုက်အတွင်းမှ အဖွင့်ဂိုးသွင်းယူပေးခဲ့သလို ပွဲချိန် ၅၁ မိနစ်တွင် သေသပ်လှပသောအဆုံးသတ်မှုဖြင့် ဒုတိယဂိုးသွင်းယူပေးခဲ့ကာ ပွဲချိန် ၇၉ မိနစ်တွင် အနီးကပ် ပိတ်သွင်းမှုမှတစ်ဆင့် ဟတ်ထရစ်ရရှိခဲ့ခြင်းဖြစ်သည်။
ပေကျင်းအတွက် ဖေဘီယိုအက်ဘ်ရူး၊ ကျန်းရှီးကျယ် တို့က ဂိုးများသွင်းယူပေးနိုင်ခဲ့သော်လည်း အိမ်ရှင် အသင်းမှာ လိုအပ်သည့် ချေပဂိုးရယူနိုင်ခဲ့ခြင်း မရှိပေ။ အဆိုပါနိုင်ပွဲကြောင့် ရှန်ဟိုင်းပို့တ်အသင်းမှာ ရမှတ် ၅၄ မှတ်ရခဲ့ပြီး တရုတ်စူပါလိဂ်အမှတ်ပေးဇယားတွင် ချိန်တူး ရုန်ချိန် အသင်းနှင့်အတူ ထိပ်ဆုံးမှ ပူးတွဲဦးဆောင်နေကြောင်း သိရသည်။ အရေးပါသောပွဲစဥ်တစ်ခုဖြစ်သော ထိပ်ဆုံးမှ ချိန်တူးနှင့် တတိယနေရာမှ ရှန်ဟိုင်းရှန်းဟွာတို့၏ပွဲစဥ်၌ ပွဲချိန် ၆၈ မိနစ်တွင် ချန်ကျင်းရိ က တည်ငြိမ် အေးဆေးသော အဆုံးသတ်ဂိုးသွင်းယူမှုဖြင့် ရှန်ဟွာအတွက် ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့သော်လည်း ဒဏ်ရာရနာကျင်အချိန်ပိုတွင် ရိုမူလို၏ကန်ချက် တိုင်ထိရာမှ ပြန်ထွက်လာသောဘောလုံးကို အသင့်အနေအထားတွင် ရှိနေသော တီမိုသီချောင်းက ပတ်သွင်းယူပြီး ဧည့်သည် ချိန်တူးအတွက် ၁-၁ သရေရလဒ် ရယူပေးနိုင်ခဲ့သည်။
တရုတ်စူပါလိဂ်၏ အခြားပွဲစဥ်များတွင် ထျန်းကျင်း ကျင်းမန်ဟူ က ဆန်းကျန့် ဖုန်ချိန် စီးတီးအသင်းကို ၁-၀၊ ဟဲနန်အက်ဖ်စီက ဝူဟန့်သရီးတောင်းကို ၅-၂၊ ချင်းသောင်အနောက်ဘက်ကမ်းအသင်းက မေကျိုးခဲ့ကျားကို ၂-၁၊ ယူနန် ယွိခွန်း က တာ့လျန် ရင်းပေါ နှင့် ၁-၁၊ ကျဲ့ကျန်းအက်ဖ်စီက ချန်ချွမ်း ရာထိုက် နှင့် ၃-၃ ရလဒ် များ ကစားခဲ့ကြကာ ဆန်းတုန်း ထိုက်ဆန်းက ချင်းသောင် ဟိုင်နျိုနှင့် ၂-၂ ရလဒ်ကစားခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Leonardo fires Shanghai Port to key CSL win
BEIJING, Sept. 21 (Xinhua) — Brazilian forward Leonardo scored a hat-trick to power Shanghai Port to a 3-2 victory over Beijing Guoan on Sunday night, tightening the Chinese Super League title race.
Leonardo opened the scoring in the 7th minute with a sharp strike from inside the box. He doubled the lead in the 51st with another precise finish before sealing his treble in the 79th minute with a close-range effort.
Beijing tried to rally as Fabio Abreu and Zhang Xizhe each found the net, but the hosts ultimately fell short. The win moved Shanghai Port to 54 points, equal with Chengdu Rongcheng at the top of the standings.
In a key clash between Chengdu and third-placed Shanghai Shenhua, Chen Jinyi put Shenhua ahead in the 68th minute with a composed finish. But in stoppage time, Timothy Chow pounced on Romulo’s rebound off the post to rescue a 1-1 draw for the visitors.

Elsewhere in the league, Tianjin Jinmen Tiger edged Shenzhen Peng City 1-0, Henan FC routed Wuhan Three Towns 5-2, Qingdao West Coast beat Meizhou Hakka 2-1, and Yunnan Yukun drew 1-1 with Dalian Yingbo. Zhejiang FC and Changchun Yatai played out a 3-3 thriller, while Shandong Taishan shared the points with Qingdao Hainiu in a 2-2 draw. ■
Photo:
Leonardo (R) of Shanghai Port vies with Han Zilong of Yunna Yukun during the 9th round match between Yunnan Yukun and Shanghai Port at the 2025 season Chinese Football Super League (CSL) in Yuxi, southwest China’s Yunnan Province, April 25, 2025. (Photo by Peng Yikai/Xinhua)