Connect with us

China

ပါလက်စတိုင်းပြည်သူများ အမျိုးသားတရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွား ပြန်လည်ထူထောင်ရေး တရားမျှတမှုလုပ်ငန်းကို အခိုင်အမာ ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအခြေအနေနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ငြိမ်းချမ်းရေးကို လက်နက်ဖြင့် တိုက်ယူ၍မရနိုင်သလို အကြမ်းဖက်ခြင်းဖြင့် လုံခြုံရေးကို လဲလှယ်၍မရနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဂါဇာ အပစ်ရပ် စစ်ပြေငြိမ်းရေးအတွက် ဆက်လက်အားစိုက်ဆောင်ရွက်သွားပြီး ပါလက်စတိုင်းပြည်သူများ၏ အမျိုးသားတရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွား ပြန်လည်ထူထောင်ရေး တရားမျှတမှုလုပ်ငန်းကို အခိုင်အမာ ထောက်ခံကာ ပါလက်စတိုင်းအရေး ဆောလျင်စွာ ဘက်စုံ၊ တရားမျှတ၍ ရေရှည်ဖြေရှင်းရေးအတွက် မဆုတ်မနစ်ကြိုးပမ်းသွားလိုကြောင်း စက်တင်ဘာ ၂၂ ရက်က ပြောကြားခဲ့သည်။
ထိုနေ့ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာသေးမီက ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ တင်းမာမှု တစ်ဆင့်တိုး မြှင့်တက်လာခြင်းကြောင့် ပါလက်စတိုင်းအရပ်သားအမြောက်အမြား သေဆုံးဒဏ်ရာရရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ နိုင်ငံအများအပြားက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း တစ်နိုင်ငံပြီးတစ်နိုင်ငံ ကြေညာလာခဲ့ရာ ၎င်းတို့တွင် ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျစသည့် အနောက်နိုင်ငံများပါဝင်သည်ကို မိမိတို့ သတိပြုမိကြောင်း၊ သို့သော်တစ်ချိန်တည်းမှာပင် အမေရိကန်သည် အစ္စရေးသို့လက်နက်ကိရိယာများ ရောင်းချနေဆဲဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံများနှင့်အတူ စစ်အပြီး ဂါဇာ ယာယီစီမံအုပ်ချုပ်ရေးစနစ်ဆိုင်ရာ မူဘောင်များ နှီးနှောဆွေးနွေးခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပဋိပက္ခ ဆောလျင်စွာ ပြီးဆုံးရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်ရန်မှာ ပါလက်စတိုင်း၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသ ပြည်သူများ၏ ဘုံမျှော်မှန်းချက်ဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ လက်ရှိဦးစားပေးဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ဂါဇာကို ပါလက်စတိုင်းပြည်သူတွေ ပိုင်ဆိုင်ပြီး ပါလက်စတိုင်းနယ်နိမိတ် ခွဲခြားမရသော တစ်စိတ်တစ်ဒေသလည်းဖြစ်တယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။လက်ရှိအခြေအနေတွင် အကြီးမားဆုံးသော ပူပင်မှုဖြင့် မဖြစ်မနေ ဂါဇာဘက်စုံ အပစ်ရပ်စဲရေးကို မြှင့်တင်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြေလျှော့ရန်၊ အစ္စရေးအပေါ် ထူးခြားသော သက်ရောက်မှုရှိသည့်နိုင်ငံများအနေဖြင့် တာဝန်များကို လက်တွေ့ကျထမ်းဆောင်သင့်ကြောင်း၊ “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ရေး” အခြေခံမူအား မဖြစ်မနေ စစ်မှန်စွာ လက်တွေ့ဖော်ဆောင်စေပြီး စစ်အပြီး စီမံအုပ်ချုပ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအစီအစဉ် ကိစ္စရပ်များတွင် ပါလက်စတိုင်းလူမျိုးများ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ “နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်း” မယိမ်းယိုင်အောင် အခိုင်အမာ လက်ကိုင်ထားကာ ပိုမိုများပြားသော နိုင်ငံတကာ သဘောတူညီမှုများ စုစည်းပြီး “နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်း” အခြေခံအား ထိပါးသော မည်သည့် တစ်ဖက်သတ်လှုပ်ရှားမှုကိုမဆို ငြင်းပယ်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအနေဖြင့် ယူဆသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးကို လက်နက်နဲ့ တိုက်ယူလို့မရနိုင်သလို အကြမ်းဖက်ပြီး လုံခြုံရေးကို လဲလှယ်၍မရနိုင်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ဂါဇာ အပစ်ရပ် စစ်ပြေငြိမ်းရေးအတွက် ဆက်လက်အားစိုက်ဆောင်ရွက်သွားပြီး ပါလက်စတိုင်းပြည်သူတွေ အမျိုးသားတရားဝင် အခွင့်အရေး၊ အကျိုးစီးပွား ပြန်လည်ထူထောင်ရေး တရားမျှတမှုလုပ်ငန်းကို အခိုင်အမာ ထောက်ခံကာ ပါလက်စတိုင်းအရေး ဆောလျင်စွာ ဘက်စုံ၊ တရားမျှတ၍ ရေရှည်ဖြေရှင်းရေးအတွက် မဆုတ်မနစ်ကြိုးပမ်းသွားလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部:坚定支持巴勒斯坦人民恢复民族合法权利的正义事业
新华社北京9月22日电(记者朱超、袁睿)针对当前巴以冲突局势,外交部发言人郭嘉昆22日表示,武力打不出和平,暴力换不来安全。中方愿同国际社会一道努力,继续致力于加沙停火止战,坚定支持巴勒斯坦人民恢复民族合法权利的正义事业,为早日全面、公正、持久解决巴勒斯坦问题作出不懈努力。
当日例行记者会上,有记者问:近期巴以冲突紧张局势进一步升级,造成大量巴勒斯坦平民死伤和流离失所。我们注意到,多个国家陆续宣布承认巴勒斯坦国,其中不乏英国、加拿大、澳大利亚等西方国家。但同时,美国仍然在向以色列出售武器装备,并宣称同海湾国家商讨战后加沙临时治理架构。中方对此有何评论?
郭嘉昆表示,早日结束冲突、构建持久和平,是巴以和中东地区人民的共同期盼,也是国际社会的当务之急。
“加沙属于巴勒斯坦人民,是巴勒斯坦领土不可分割的一部分。”郭嘉昆说,中方认为,当前局势下,必须以最大的紧迫感推动加沙全面停火,缓解人道主义灾难,对以色列有特殊影响的国家应切实负起责任;必须让“巴人治巴”的原则真正落地,在战后治理和重建安排问题上维护巴勒斯坦民族的正当权利;必须坚持“两国方案”不动摇,汇聚更多国际共识,拒绝任何侵蚀“两国方案”基础的单边行动。
“武力打不出和平,暴力换不来安全。中方愿同国际社会一道努力,继续致力于加沙停火止战,坚定支持巴勒斯坦人民恢复民族合法权利的正义事业,为早日全面、公正、持久解决巴勒斯坦问题作出不懈努力。”郭嘉昆说。(完)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.