Connect with us

China

တရုတ် သိပ္ပံစိတ်ကူးယဉ်စာပေ ဆုရစာအုပ်များစာရင်းကို ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်းပြည်နယ်ရှိ ကွမ်ဟန့်မြို့၌ ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ရှင်းယွင်(Nebula) ၏ တရုတ် သိပ္ပံ-စိတ်ကူးယဉ်စာပေ ဆုပေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေ ၁၃ ရက်က ရိုက်ကူးထားသော ဓါတ်ပုံမှတစ်ဆင့် တွေ့ရစဥ် (ဆင်ဟွာ)

ချိန်တူး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
၁၆ ကြိမ်မြောက် တရုတ် သိပ္ပံစိတ်ကူးယဉ်စာပေ (sci-fi) ရှင်းယွင်ဆုရစာအုပ်များစာရင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏မြို့တော် ချိန်တူးမြို့၌ စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုရှည်ဆုဖြစ်သည့် ရွှေဖလားဆုကို စာရေးဆရာ ယန်ဝန့်ချင်းရေးသားသော ကျင်းထောင်(ရွှေအိုရောင် မက်မွန်သီးများ) စာအုပ်က ဆွတ်ခူးရရှိခဲ့သည်။ ကျင်းထောင် စာအုပ်ကို ထန်မင်းဆက်ခေတ် (အေဒီ ၆၁၈ – ၉၀၇) ကို နောက်ခံထား၍ တရုတ်ရှေးခေတ်သင်္ချာပညာရပ်နှင့်ဆိုင်သော ဂန္ထဝင်စာပေများကို စိတ်ကူးစိတ်သန်းယူထားသော super algorithm (ပြဿနာတစ်ခုဖြေရှင်းရာတွင် လိုက်နာရမည့် စည်းကမ်းနှင့် နည်းစနစ်) တစ်ခုအကြောင်း သရုပ်ဖော်ရေးသားထားခြင်းဖြစ်သည်။ super algorithm ဖြင့် ရှေးခေတ်ယဉ်ကျေးမှုများ၏ လုပ်ကိုင်လည်ပတ်မှုများကို အဓိကလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကျင်းထောင် စာအုပ်ထဲတွင် လူသားမျိုးနွယ်၊ စက်ပစ္စည်းများနှင့် သမိုင်းကြောင်းကို ဒဏ္ဍာရီပုံပြင် ဇာတ်လမ်း သဖွယ် ရောယှက်ရေးသားထားခြင်းဖြစ်သည်။
အခြားဆုအမျိုးအစားများထဲတွင် တစ်နှစ်တာအကောင်းဆုံး လုံးချင်းဝတ္ထုတိုဆု၊ တစ်နှစ်တာအကောင်းဆုံး ၀တ္ထုတိုဆု၊ တစ်နှစ်တာအကောင်းဆုံး ဖြစ်ရပ်မှန်၀တ္ထုရှည်ဆု၊ တစ်နှစ်တာအကောင်းဆုံး ဘာသာပြန် စိတ်ကူးယဉ်၀တ္ထုရှည်ဆုနှင့် တစ်နှစ်တာအကောင်းဆုံး မျက်နှာသစ်စာရေးဆရာဆုတို့လည်း ပါဝင်ခဲ့သည်။ တစ်နှစ်တာအကောင်းဆုံး ပြန်လည် ဆန်းစစ် သုံးသပ်ခြင်းဆိုင်ရာဆုအတွက်မူ ဆုပေးအပ်ချီးမြှင့်နိုင်ခဲ့ခြင်း မရှိပေ။
ရှင်းယွင် ဆုများရွေးချယ်ချီးမြှင့်ခြင်းဖြင့် ထူးချွန်သောစာရေးဆရာများနှင့် ၎င်းတို့၏ အားထုတ် ကြိုးစားမှုများကို အသိအမှတ်ပြုခြင်းဖြစ်ရုံသာမက ပို၍ကွဲပြားခြားနားပြီး တက်ကြွမှုနှင့် အားမာန် အပြည့်ရှိသောအနာဂတ်ကို ထွေးပွေ့ကြိုဆိုနိုင်စေမည့် တရုတ် သိပ္ပံစိတ်ကူးယဉ်စာပေအမျိုးအစား၏ အောင်မြင်တိုးတက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သက်သေပြနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
လူသိများထင်ရှားသော သိပ္ပံစိတ်ကူးယဉ်စာရေးဆရာ လျိုချီရှင်း က ဆုရသည့်အတွက် ကျေးဇူးတင် စကားပြောကြားရာတွင် “အခုလို ဆုတွေပေးအပ်ပြီး အသိအမှတ်ပြုတာဟာ တရုတ်ပြည်နဲ့ ကမ္ဘာကြီးကို သိပ္ပံစိတ်ကူးယဉ်စာပေနဲ့ပတ်သက်ပြီး ပိုပြီးတော့ ထိတွေ့မှုရှိလာစေနိုင်ပါတယ်။ ဒါ့အပြင် တရုတ် သိပ္ပံ စိတ်ကူးယဉ်စာပေဟာ ရွှေရောင်လွှမ်းတဲ့ခေတ်သစ်တစ်ခုကို အစပြုနေပြီဆိုတဲ့အကြောင်ကိုလည်း လူတွေကို အသိပေးစေနိုင်မှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
Chinese Nebula Awards ဟုလည်း လူသိများသော ရှင်းယွင်ဆုများကို ၂၀၁၀ ပြည့်နှစ် ကတည်းက စတင်ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တရုတ် သိပ္ပံ စိတ်ကူးယဉ် စာပေအတွက် အဆင့်အတန်းမြင့် ကြိုးစားအားထုတ်မှုဆိုင်ရာဆုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံလာရပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Winners of Chinese sci-fi awards announced
CHENGDU, Sept. 20 (Xinhua)
The winners of the 16th Xingyun Awards for Chinese Science Fiction were announced on Saturday in Chengdu, capital of southwest China’s Sichuan Province.
The golden trophy of the 2024 annual novel was presented to Jintao (Golden Peaches) by Yang Wanqing. Set against the backdrop of the Tang Dynasty (618-907), it tells a story about a super algorithm, inspired by ancient Chinese mathematical classics, that drives the functioning of ancient civilizations. The fable intertwines humanity, machines and history.
Other awards include annual novella, annual short story, annual non-fiction, annual translated fiction and annual new writer. The golden trophy for the annual review was left vacant.
The award event is not only a recognition of outstanding works and authors, but also a comprehensive showcase of the development achievements of Chinese science fiction literature, which is embracing a more diverse and vibrant future.
As renowned science fiction writer Liu Cixin said in his award speech, these works touch upon more possibilities of China and the world with science fiction. He said these works give people reason to believe that Chinese science fiction is embarking on a golden age.
The Xingyun Awards, also known as the Chinese Nebula Awards, were established in 2010 and have now become widely recognized high-level industry awards for global Chinese science fiction. ■
Photo:
This photo taken on May 13, 2023 shows the awarding ceremony of the 14th Xingyun (Nebula) Awards for Chinese Science Fiction in Guanghan, southwest China’s Sichuan Province. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.