Asia
အမေရိကန်က မြောက်ကိုရီးယားအား နျူကလီးယားကင်းစင်ရန် ထပ်မံမတောင်းဆိုပါက မြောက်ကိုရီးယား-အမေရိကန် တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ခြေရှိဟု ကင်ဂျုံအန်း ဆို

ပြုံယမ်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်က မြောက်ကိုရီးယား နျူကလီးယားကင်းစင်မှုအတွက် ခေါင်းမာနေမှုကို လက်လျှော့၍ လက်တွေ့ကို သေချာစွာ သိမြင်ပြီး မြောက်ကိုရီးယားနှင့် အစစ်အမှန် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် မျှော်လင့်ပါက မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းမှု မလုပ်ဆောင်နိုင်ဖွယ်အကြောင်း မရှိကြောင်း မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က စက်တင်ဘာ ၂၂ ရက်၌ သတင်းဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ ၁၄ ကြိမ်မြောက် အဆင့်မြင့်ပြည်သူ့အစည်းအဝေး၊ ၁၃ ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကျင်းပခဲ့ရာ ကင်ဂျုံအန်းက စက်တင်ဘာ ၂၁ ရက် အစည်းအဝေးတွင် အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။ ၎င်းက မိန့်ခွန်းပြောကြားရာ၌ ၎င်းကိုယ်တိုင်သည် ယနေ့တိုင် အမေရိကန် သမ္မတ ထရမ့်နှင့် “ကောင်းမွန်သော အတိတ်အမှတ်တရ” ကို ပိုင်ဆိုင်ထားသည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
သို့သော်လည်း ကင်ဂျုံအန်းက မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်အား စွန့်လွှတ်ရန် လုံးဝမဖြစ်နိုင်ကြောင်း အတိအလင်းပြောကြားခဲ့သည်။ အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ အစိုးရသစ်များက မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် တံခါးဖွင့်လှစ်သည့် သဘောထား ထားရှိပြီး ဆက်ဆံရေး တိုးတက်ကောင်းမွန်လာရန် မျှော်မှန်းသော်လည်း ၎င်းတို့က မြောက်ကိုရီးယား၏ အင်အားကို လျှော့ချခြင်း၊ မြောက်ကိုရီးယားစနစ်အား တွန်းလှန်ခြင်း ဟူသည့် မူလသဘောထားသည် လုံးဝပြောင်းလဲသွားမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကြီးမားသောအင်အားဖြင့် လုံခြုံရေးကို အာမခံခြင်း၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းသည် မြောက်ကိုရီးယား၏ မပြောင်းလဲသော ရွေးချယ်မှုဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် ဆက်ဆံရေးနှင့်စပ်လျဉ်း၍ ကင်ဂျုံအန်းက မြောက်ကိုရီးယားအနေဖြင့် “တောင်ကိုရီးယားနဲ့ မျက်နှာချင်းဆိုင် ထိုင်မှာ မဟုတ်သလို ဘယ်ကိစ္စကိုမှလည်း အတူတကွ လုပ်ဆောင်သွားမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
金正恩:若美国不再要求朝鲜无核化,则朝美存在对话可能
新华社平壤9月22日电(记者冯亚松 王超)据朝中社22日报道,朝鲜劳动党总书记、国务委员长金正恩21日说,如果美国放弃对朝鲜无核化的执着并认清现实,希望与朝鲜真正和平共存,则朝方没有理由不与美方面对面沟通。
据报道,朝鲜第十四届最高人民会议第十三次会议于20日和21日在平壤举行,金正恩在21日的会议上发表上述讲话。他在讲话中还提到,他本人至今都拥有与美国总统特朗普的“美好回忆”。
但金正恩明确表示,朝鲜绝不可能放弃核武器。他说,虽然美韩两国新任政府对与朝鲜对话持开放态度,并追求改善关系,但他们削弱朝鲜力量、推翻朝鲜制度的本色绝不会改变。金正恩说,依靠强大力量保障安全、守护和平是朝鲜不变的选择。
在对韩关系方面,金正恩表示,朝鲜“不会与韩国坐下来面对面,也不会一起做任何事”。(完)
图说:9月2日,来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的朝鲜劳动党总书记、国务委员长金正恩抵达北京。 新华社记者 庞兴雷 摄