Connect with us

China

တရုတ်နိုင်ငံ၏ ကျောက်မီးသွေး ပေါကြွယ်ဝသော ပြည်နယ်၌ ကျောက်မီးသွေးဓာတ်ငွေ့ ထွက်ရှိမှု စံချိန်တင်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ချင့်ရွှေခရိုင်ရှိ ကျောက်မီးသွေးဓာတ်ငွေ့တူးဖော်ရေးစခန်းတစ်ခု၌ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် စက်ယန္တရားများကို ၂၀၂၃ ခုနှစ် မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေး ကြွယ်ဝသော ဆန်းရှီးပြည်နယ်သည် ယခုနှစ် ပထမရှစ်လတာအတွင်း ကျောက်မီးသွေးဓာတ်ငွေ့ ကုဗမီတာ ၉.၈၁ ဘီလီယံ စံချိန်တင် ထွက်ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ့စုစုပေါင်း၏ ၈၁.၃ ရာခိုင်နှုန်းရှိကြောင်း ဆန်းရှီးပြည်နယ်၏ စာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သည်။
ယခုနှစ်ပမာဏသည် ၂၀၂၂ ခုနှစ်၏ စုစုပေါင်းထွက်ရှိမှုထက် ကျော်လွန်နေပြီဖြစ်ကြောင်း ဗျူရိုက မှတ်ချက်ပြုခဲ့သည်။
သမားရိုးကျမဟုတ်သော သဘာဝဓာတ်ငွေ့တစ်မျိုးအနေဖြင့် ကျောက်မီးသွေးဓာတ်ငွေ့ကို သန့်ရှင်း၍ မဟာဗျူဟာမြောက်သော စွမ်းအင်အရင်းအမြစ် တစ်ခုအဖြစ် သတ်မှတ်ထားသည်။ ၎င်းကို ထိရောက်စွာ အသုံးပြုခြင်းက သတ္တုတူးဖော်ရေးလုပ်ငန်းအန္တရာယ်၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ဓာတ်ငွေ့ပြတ်လပ်မှုတို့ လျော့ကျစေရန် ကူညီပေးနိုင်သည်။
ဆန်းရှီးပြည်နယ်၌ ကျောက်မီးသွေးဓာတ်ငွေ့တွင်းများ ပေါများပြီး မြေ‌အောက်အနက် မီတာ ၂,၀၀၀ အောက်၌ရှိကာ ခန့်မှန်းခြေအားဖြင့် ကျောက်မီးသွးဓာတ်ငွေ့ထုတ်လုပ်မှု ၈.၃၁ ထရီလီယံ ကုဗမီတာခန့် ထွက်ရှိမည့် ထိုအရင်းအမြစ်များမှာ တစ်နိုင်ငံလုံးရှိ ကျောက်မီးသွေးဓာတ်ငွေ့တွင်းစုစုပေါင်း၏ သုံးပုံတစ်ပုံနီးပါးရှိသည်။
မကြာသေးမီနှစ်များအတွင်း ဆန်းရှီးပြည်နယ်သည် ကျောက်မီးသွေးဓာတ်ငွေ့ထုတ်လုပ်ရေး အဓိကအခြေစိုက်စခန်းများ တည်ထောင်ရာတွင် နိုင်ငံကို ဦးဆောင်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်၌ ဆန်းရှီးပြည်နယ်၏ ကျောက်မီးသွေးဓာတ်ငွေ့ထုတ်လုပ်မှုသည် ကုဗမီတာ ၁.၉ ဘီလီယံအောက်သာ ရှိခဲ့သည်။ ယင်းပမာဏမှာ ၂၀၂၄ ခုနှစ်တွင် ကုဗမီတာ ၁၃.၄၃ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး အလားတူကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းထွက်ရှိမှု၏ ၈၀.၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
China’s coal-rich province reports record coalbed methane output
TAIYUAN, Sept. 22 (Xinhua) — North China’s coal-rich Shanxi Province achieved a record coalbed methane output of 9.81 billion cubic meters in the first eight months of this year, accounting for 81.3 percent of the country’s total, according to the provincial statistics bureau.
This year’s figure has already exceeded the total output of 2022, the bureau noted.
As an unconventional natural gas, coalbed methane is considered a clean and strategic energy resource. Its effective utilization can reduce risks in mining, cut greenhouse gas emissions and ease gas shortages.
Shanxi holds abundant coalbed methane reserves, with an estimated 8.31 trillion cubic meters of resources buried at depths of less than 2,000 meters — nearly one-third of the national total.
In recent years, Shanxi has led the nation in establishing major coalbed methane production bases. In 2007, Shanxi’s coalbed methane production was less than 1.9 billion cubic meters. By 2024, the figure had soared to 13.43 billion cubic meters, accounting for about 80.6 percent of China’s total output during same period. ■
English Caption
This photo taken on May 27, 2023 shows machinery in operation at a coalbed methane mining base in Qinshui County, north China’s Shanxi Province. (Xinhua/Wang Feihang)