International Organizations
အက်စတိုးနီးယား လေပိုင်နက် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တရုတ်သံတမန် တိုက်တွန်း

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ရုရှားဂျက်တိုက်လေယာဉ်များက အက်စတိုးနီးယား လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်ဟုဆိုသော ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တည်တည်ငြိမ်ငြိမ်နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ သံတမန်တစ်ဦးက စက်တင်ဘာ ၂၂ ရက်၌ တိုက်တွန်းခဲ့သည်။
“သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆက်လက်လုပ်ဆောင်ဖို့၊ အပြန်အလှန်ဆွေးနွေးမှုနဲ့ ထိတွေ့ဆက်ဆံမှုတွေကနေ အဖြစ်မှန်ကို ရှင်းလင်းကာ သံသယတွေကို ဖြေဖျောက်ဖို့၊ အထင်အမြင်လွဲမှားမှုနဲ့ အတွက်အချက်လွဲမှားမှုတွေကို ရှောင်ကြဉ်ဖို့၊ အခြေအနေတွေ ပိုမိုကျယ်ပြန့်ကာ တင်းမာမှုမြင့်တက်မလာအောင် တားဆီးဖို့ တရုတ်နိုင်ငံက တိုက်တွန်းပါတယ်” ဟု စက်တင်ဘာ ၂၂ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒများနှင့် ဦးတည်ချက်များကို လိုက်နာသင့်ကြောင်း တရုတ်နိုင်ငံက အစဉ်အမြဲ ခံယူထားသည်ဟု ၎င်းက ဆိုသည်။
အက်စတိုးနီးယား လေပိုင်နက်ဖြစ်စဉ်နှင့် ပိုလန်တွင်ဖြစ်ပွားခဲ့သည့် ဒရုန်းဖြစ်စဉ် နှစ်ခုစလုံးမှာ ယူကရိန်း အကျပ်အတည်း၏ ဆင့်ပွားသက်ရောက်မှုများပင်ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်များက သက်ဆိုင်ရာနိုင်ငံများကြား အပြန်အလှန်ယုံကြည်မှု လျော့နည်းကာ သံသယများ ကြီးထွားလာသည်ကို ထင်ဟပ်စေသလို ဥရောပ၏ လက်ရှိလုံခြုံရေးအခြေအနေမှာ ရှုပ်ထွေး၍ အကဲဆတ်သော သဘောသဘာဝကိုလည်း ညွှန်ပြနေသည်ဟု ကိန်းက ပြောသည်။
ယူကရိန်း အကျပ်အတည်းအား ဖြေရှင်းနိုင်ခြင်းမရှိဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသမျှ ကာလပတ်လုံး အလားတူဖြစ်စဉ်များမှာ ထပ်တလဲလဲ ဖြစ်ပွားနိုင်ဖွယ်ရှိသဖြင့် အရေးတကြီး မဖြစ်မနေလုပ်ဆောင်ရမည့် အခြေခံကျသော ဖြေရှင်းနည်းမှာ ယူကရိန်း အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ပြေလည်အောင်ဖြေရှင်းမှုကို အမြန်ဆုံး အကောင်အထည်ဖော်ကာ ဟန်ချက်ညီ၍ ထိရောက်သော၊ ရေရှည်တည်တံ့သော ဥရောပလုံခြုံရေး အခင်းအကျင်းကို တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၂ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ အက်စတိုးနီးယားက ရုရှားအနေဖြင့် စက်တင်ဘာ ၁၉ ရက်က ၎င်း၏လေပိုင်နက်ထဲသို့ ချိုးဖောက်ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခဲ့ရာ ရုရှားကိုယ်စားလှယ်က ထိုစွပ်စွဲချက်အား ငြင်းဆန်ခဲ့ကြောင်း သိရသည်။ (Xinhua)

အက်စတိုးနီးယား လေပိုင်နက်ထဲသို့ ရုရှားဂျက်တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်ခဲ့သည်ဟုဆိုသော ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပနေပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Manuel Elias/UN Photo/Handout via Xinhua)
………………..
(English Version)
Chinese envoy calls for restraint over alleged Estonia airspace incident
UNITED NATIONS, Sept. 22 (Xinhua) — A Chinese envoy on Monday called for calm and restraint over the alleged intrusion of Estonia’s airspace by Russian fighter jets.
“China urges the parties concerned to remain calm and exercise restraint, clarify facts and dispel doubts through dialogue and communication, avoid misunderstanding and misjudgment, and prevent the situation from expanding or escalating,” said Geng Shuang, China’s deputy permanent representative to the United Nations, at an emergency meeting of the Security Council.
China always maintains that countries should follow the purposes and principles of the UN Charter in handling international relations, he said.
The Estonia airspace incident and the drone incident in Poland are both spillover effects of the Ukraine crisis. They reflect the lack of mutual trust and growing suspicions among the parties, and illustrate the complex and sensitive nature of the current European security situation, said Geng.
As long as the Ukraine crisis remains unresolved and the fighting continues, similar incidents are likely to recur. Therefore, the urgent imperative and fundamental solution is to realize the political settlement of the Ukraine crisis as soon as possible, and to build a balanced, effective and sustainable European security architecture, he said.
During Monday’s meeting, Estonia accused Russia of violating its airspace on Friday. The Russian representative denied the charge.
English Caption 1
UN Assistant Secretary-General for Europe, Central Asia and the Americas Miroslav Jenca speaks at an emergency meeting of the Security Council to discuss the alleged intrusion of Estonian airspace by Russian fighter jets, at the UN headquarters in New York, Sept. 22, 2025. (Manuel Elias/UN Photo/Handout via Xinhua)
English Caption 2
The UN Security Council holds an emergency meeting to discuss the alleged intrusion of Estonian airspace by Russian fighter jets, at the UN headquarters in New York, Sept. 22, 2025. (Manuel Elias/UN Photo/Handout via Xinhua)