Connect with us

Africa & Middle East

အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုက အီရန် အမျိုးသားအကျိုးစီးပွားအတွက် အကျိုးမရှိဟု ခါမေနီ ဆို

အီရန်-အစ္စရေး အပစ်ရပ်ပြီးနောက် အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီ ဗီဒီယိုမိန့်ခွန်း ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AP)

တီဟီရန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီက စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ “အီရန်မှာ နျူကလီးယားလက်နက် မရှိပါဘူး” ၊ လက်ရှိအခြေအနေတွင် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုသည် အီရန် အမျိုးသားအကျိုးစီးပွားအတွက် အကျိုးမရှိကြောင်း ပြောကြားခဲ့သည်။
ခါမေနီက အီရန်၏ ယူရေနီယံသန့်စင်ခြင်း လှုပ်ရှားမှုသည် ပြည်သူလူနေမှုဘဝ တိုးတက် ကောင်းမွန်လာစေမှုအတွက် ထိရောက်မှုရှိသည့်အပြင် အကျိုးရှိကြောင်း၊ ယူရေနီယံသန့်စင်မှုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အပါအဝင် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဆေးကုသရေး၊ ပတ်ဝန်းကျင် စသည့်ကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ နျူကလီးယားလက်နက် မရှိပါဘူး။ ဒါ့အပြင် နျူကလီးယားလက်နက်ကို မထုတ်လုပ်ဖို့ ဒါမှမဟုတ် အသုံးမပြုဖို့ ဆုံးဖြတ်ထားပါတယ်” ၊ အီရန်၏ ယူရေနီယံသန့်စင်မှုအဆင့်သည် ၆၀ ရာခိုင်နှုန်းအထိ ရရှိနိုင်‌ပြီး အနောက်တိုင်းက ဆိုထားသော နျူကလီယားလက်နက် ထုတ်လုပ်ရာတွင် လိုအပ်သည့် ၉၀ ရာခိုင်နှုန်းအထိ သန့်စင်မှုမြင့်မားသော ယူရေနီယံအား သန့်စင်မှု လုပ်ဆောင်ခြင်းမရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အစ္စရေးနှင့် အမေရိကန်တို့သည် ယခုနှစ် ဇွန်လတွင် အီရန် နျူကလီးယား အဆောက်အဦများအပေါ် ဗုံးကြဲတိုက်ခိုက်မှုသည် အီရန်၏ ယူရေနီယံသန့်စင်ရေး လှုပ်ရှားမှုအပေါ် အတားအဆီးဖြစ်စေမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အီရန်သည် အဆိုပါနည်းပညာအား ကျွမ်းကျင်ပိုင်နိုင်ထားပြီးဖြစ်ကာ ယူရေနီယံသန့်စင်ရေး ကျွမ်းကျင်ပညာရှင်ပေါင်း ဒါဇင်နှင့်ချီရှိရုံသာမက ရာနှင့်ချီပင် ပိုင်ဆိုင်ထားကြောင်း၊ “အီရန်က ဖိအားကြောင့် အလျှော့မပေးပါဘူး။ အနာဂတ်မှာလည်း အလျှော့ပေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုသည် “ကြီးမားပြီး တစ်ခါတရံမှာ ပြန်လည် အဖတ်ဆယ်လို့မရတဲ့ နစ်နာဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်” ၊ အမေရိကန်က ယခင်ဆွေးနွေးညှိနှိုင်းမှုများတွင် တရားလွန်သည့် တောင်းဆိုချက်များ တောင်းဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုကြောင့် အီရန်က နျူကလီးယား လှုပ်ရှားမှုနှင့် ယူရေနီယံသန့်စင်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် မျှော်လင့်ကြောင်း တစ်ဖက်သတ် ထုတ်ပြန်ကြေညာခဲ့ရာ ယင်းသည် အမှန်တကယ်မှာ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကို ကြိုတင်သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ယင်းသည် ဆွေးနွေးညှိနှိုင်းမှုမဟုတ်ဘဲ “သူတစ်ပါးအား အတင်းအဓမ္မ အမိန့်ပေးခြင်း” ပင်ဖြစ်ကြောင်း ခါမေနီက ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ အရာရှိက လတ်တလောရက်ပိုင်းတွင် အီရန်အား တာတို၊ တာလတ်၊ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များ စွန့်လွှတ်ရန်လည်း တောင်းဆို၍ အီရန်က တိုက်ခိုက်မှုခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်တပ်အခြေစိုက်စခန်းအား တိုက်ခိုက်သည့်စွမ်းရည်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြောင်းလည်း ခါမေနီက ပြောကြားခဲ့သည်။ အမေရိကန်က ၂၀၁၈ ခုနှစ်တွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအား ပယ်ဖျက်သည့် ကတိချိုးဖောက်မှု၊ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် အီရန် နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့မူတို့ကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့သည် ယခုနှစ် ဧပြီလမှစ၍ အိုမန်မှ ကြားဝင်တစ်ဆင့်ခံပြောကြားပေးသည့် တစ်ဆင့်ခံဆွေးနွေးညှိနှိုင်းမှု ၅ ကြိမ် ကျင်းပခဲ့ရာ နှစ်ဖက်က ယူရေနီယံသန့်စင်ခြင်း စသည့် အဓိကအကြောင်းအရာများနှင့် စပ်လျဉ်း၍ ကြီးမားသော ကွဲလွဲမှုများ ရှိခဲ့သည်။ ၆ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းမှုကို မူလက ဇွန် ၁၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေးက အီရန်အား ရုတ်တရက် တိုက်ခိုက်မှုကြောင့် ပယ်ဖျက်ခဲ့ရသည်။ အစ္စရေး-အီရန်၏ ၁၂ ရက်ကြာ ပဋိပက္ခအတွင်း အမေရိကန်က အီရန် နျူကလီးယား အဆောက်အဦများအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လက်တုံ့ပြန် တိုက်ခိုက်မှုအနေဖြင့် အီရန်က ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့သည် ဩဂုတ် ၂၈ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အသိပေး၍ အီရန်သည် အီရန် နျူကလီးယား သဘောတူညီချက်အား ချိုးဖောက်သည်ဟူသော အကြောင်းပြချက်ဖြင့် “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားအား စတင်၍ အီရန်နှင့် အမေရိကန်တို့ ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ရန် ဖိအားပေးခဲ့သည်။ စက်တင်ဘာ ၁၉ ရက်တွင် လုံခြုံရေးကောင်စီက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအား ဆက်လက်ပယ်ဖျက်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်မူကြမ်းအား အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ (Xinhua)

——————–
(Chinese Version)
哈梅内伊:与美国谈判无益于伊朗国家利益
新华社德黑兰9月23日电(记者陈霄 沙达提)伊朗最高领袖哈梅内伊23日晚发表电视讲话说,“伊朗没有核武器”,在当前形势下,与美国谈判无益于伊朗国家利益。
哈梅内伊表示,伊朗的铀浓缩活动在改善民生上有效且有益,浓缩铀已广泛应用于农业、工业、医疗、环境等领域,包括发电。“我们没有核武器,而且决定不制造或使用核武器”,伊朗的浓缩铀纯度可以达到60%,并不追求西方所谓制造核武器所需的90%高纯度浓缩铀。
他说,以色列和美国今年6月对伊朗核设施的轰炸不会阻碍伊朗铀浓缩活动,缘由是伊朗已经掌握这一技术,有数十名甚至数百名铀浓缩专家。“伊朗没有屈服于压力,将来也不会。”
哈梅内伊说,当前形势下,与美国谈判“反而可能造成重大、有时是不可挽回的损失”。美方先前在谈判中提出过分的要求,并自行宣布希望谈判能够导致伊朗停止核活动和铀浓缩活动,实际上是预设谈判结果。这不是谈判,而是“强加于人的命令”。
哈梅内伊提到,美方官员近日还要求伊朗放弃短、中、远程导弹,意图剥夺伊朗在遭到袭击后打击中东地区美军基地的能力。他还提到,美国2018年违背解除对伊朗制裁的承诺,单方面退出2015年达成的伊朗核问题全面协议。
美国和伊朗自今年4月以来举行五轮由斡旋方阿曼居中传话的间接谈判,双方在铀浓缩等核心议题上分歧巨大。第六轮谈判原定于6月15日举行,因以色列突袭伊朗而取消。以伊12天冲突期间,美国轰炸伊朗核设施,作为回击,伊朗用导弹打击美军驻卡塔尔乌代德空军基地。为施压伊朗与美国恢复谈判,英国、法国、德国8月28日通知联合国安理会,以伊朗违反伊核协议为由,启动“快速恢复制裁”机制。9月19日,安理会未能通过旨在继续解除对伊朗制裁的决议草案。(完)
图说:这张6月26日的视频截图显示的是伊朗最高领袖哈梅内伊在伊以停火后首次发表电视讲话。新华社/美联