Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ရာဂါဆာ စူပါတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ Ilocos Sur ပြည်နယ်ရှိ ရေစီးသန်သောမြစ်အထက်မှ ကြိုးဖြင့်လျှော၍ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသော ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်ဆယ်ရေးသမားတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Philippine Coast Guard/Handout via Xinhua)

မနီလာ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် မကြာသေးမီရက်များက နိုင်ငံတစ်ဝန်း ရာဂါဆာ စူပါတိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းများနှင့် သစ်ပင်ကျိုးကျသည့် လေပြင်းတိုက်ခတ်များကြောင့် ကြောက်မက်ဖွယ် ရေကြီးရေလျှံမှုများ၊ လူသေဆုံးမှုများပြားသော မြေပြိုမှုများနှင့် အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကာဂါယန်ပြည်နယ် ကမ်းရိုးတန်းတွင် ငါးဖမ်းလှေတိမ်းမှောက်မှုကြောင့် သေဆုံးသူလေးဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ ရာဂါဆာမုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
အသက်ရှင်သူ ခြောက်ဦးအား ကယ်တင်နိုင်ခဲ့ပြီးဖြစ်သလို အခြား‌ပျောက်ဆုံးသူ သုံးဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း PCG က ဆိုသည်။
လာယူနီယံပြည်နယ်၊ အာဂူးမြို့ကမ်းရိုးတန်းတွင် စက်တင်ဘာ ၂၃ ရက်က အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးအား သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း PCG က အစောပိုင်း၌ ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားမှာ စက်တင်ဘာ ၂၂ ရက်က မုန်တိုင်းတိုက်ခတ်စဉ် မြစ်အတွင်း ပြုတ်ကျပြီးနောက် ပျောက်ဆုံးကြောင်း သတင်းပို့ထားသူဖြစ်သည်။
ကုန်းတွင်းပိတ် Benguet ပြည်နယ်တွင်လည်း တူဘားမြို့ရှိ အဝေးပြေးလမ်းပေါ်တွင် ၎င်း၏ မော်တော်ယာဉ်မှာ မြေပြိုမှုအတွင်း ပိတ်မိနေခဲ့ပြီးနောက် အသက် ၇၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အခြားကားများအတွင်းမှ ခရီးသည်များစွာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မုန်တိုင်းဘုရင်” ဟု အမည်ပေးထားသော ရာဂါဆာမုန်တိုင်းသည် လွန်စွာပြင်းထန်သော လေတိုက်ခတ်မှုများနှင့် အဆက်မပြတ်မိုးရွာသွန်းခြင်းနှင့်အတူ နိုင်ငံမြောက်ပိုင်း လူဇုံကျွန်း၏ နေရာအမြောက်အမြားတွင်လည်း ရေလွှမ်းမှုဖြစ်ပွားခဲ့သည်။ အချို့ရပ်ကွက်များမှာ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကာ ရေကြီးရေလျှံမှုများနှင့် အပျက်အစီးများကြောင့် အဓိကလမ်းမများမှာ ဖြတ်သန်းသွား၍မရဘဲ ဖြစ်ခဲ့ရသည်။
ရာဂါဆာမုန်တိုင်းနှင့် အနောက်တောင်မုတ်သုံကြောင့် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း ကျေးရွာ ၉၅၀ ရွာ၊ အိမ်ထောင်စု ၅၄,၀၀၀ ခန့်၊ လူဦးရေ ၁၉၂,၀၀၀ ခန့် ထိခိုက်မှုရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက စက်တင်ဘာ၂၃ ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံမှ စက်တင်ဘာ ၂၃ ရက်တွင် ရာဂါဆာတိုင်ဖွန်းမုန်တိုင်း ဆုတ်ခွာသွားသော်လည်းပဲ တာဝန်ရှိသူများက နောက်ထပ် အပူပိုင်းမုန်တိုင်းသစ်တစ်ခုဖြစ်သော Bualoi ကိုလည်း အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
Bualoi မုန်တိုင်းသည် တစ်နာရီလျှင် အမြင့်ဆုံး လေတိုက်နှုန်း ၆၅ ကီလိုမီတာဖြင့် အနောက်-အနောက်တောင်ဘက်သို့ တစ်နာရီလျှင် ကီလိုမီတာ ၂၀ နှုန်း ရွေ့လျားလျက်ရှိကာ လေပြင်းတိုက်ခတ်မှုများအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ ရှိကြောင်း ဖိလစ်ပိုင် မိုးလေဝသဗျူရို PAGASA က ဖော်ပြထားသည်။
Bualoi မုန်တိုင်းသည် အားကောင်းလာကာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင်မူ အားအလွန်ကောင်းသော အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ မြေနိမ့်ပိုင်းနေရာများတွင် မုန်တိုင်းသက်မှုများကြောင့် ကမ်းရိုးတန်းရေကြီးရေလျှံမှု အလားအလာကို မိုးလေဝသဗျူရိုက သတိပေးထားပြီး ဒေသခံပြည်သူများအနေဖြင့် နိုးနိုးကြားကြားရှိကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ Ilocos Sur ပြည်နယ်ရှိ ရေစီးသန်သောမြစ်တစ်လျှောက် သောင်တင်နေသူများအား ရှာဖွေနေသော ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်ဆယ်ရေးသမားများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Philippine Coast Guard/Handout via Xinhua)

ဖိလစ်ပိုင်နိုင်ငံ ကာဂါယန်ပြည်နယ်တွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်ဆယ်ရေးသမားများက ဒေသခံများကို ရွှေ့ပြောင်းနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Philippine Coast Guard/Handout via Xinhua)

……………………………………..
(English Version)
Super typhoon Ragasa lashes Philippines, claiming 6 lives
MANILA, Sept. 24 (Xinhua) — Torrential rains and tree-snapping winds from super typhoon Ragasa have battered the northern Philippines over recent days, triggering floods, deadly landslides, and widespread destruction across the archipelago.
The Philippine Coast Guard (PCG) on Wednesday reported that four bodies were recovered from a fishing boat that capsized off the coast of Cagayan province, bringing the total death toll from Ragasa to six.
Six survivors have been rescued, while the search continues for three others still missing, the PCG said.
Earlier, the PCG said a 67-year-old man was found dead along the shoreline of Agoo town in La Union province on Tuesday. The victim had been reported missing after falling into a river during the storm on Monday.
In landlocked Benguet province, a 74-year-old man died after a landslide struck his vehicle along a highway in Tuba town. Several passengers from other cars were injured.
Dubbed the “King of Storms,” Ragasa made landfall with howling winds and relentless rain, inundating many parts of northern Luzon. Some communities were submerged, homes were destroyed, and key roads were rendered impassable due to flooding and debris.
The National Disaster Risk Reduction and Management Council said late Tuesday that Ragasa and the southwest monsoon have affected around 54,000 families, or 192,000 people, across 950 villages around the country.
Although Ragasa exited the Philippine area of responsibility on Tuesday, authorities are closely monitoring a new weather disturbance, tropical storm Bualoi.
The country’s state weather bureau, PAGASA, said Bualoi was moving west-southwestward at 20 km per hour with maximum winds of 65 km per hour and gusts of up to 80 km per hour. Bualoi is expected to intensify and could reach the severe tropical storm category by Thursday evening.
The bureau also warned of potential coastal flooding due to storm surges in low-lying areas of the central Philippines, urging residents to remain vigilant.
Photo 1: A rescuer from the Philippine Coast Guard conducts a rappel rescue on a resident over a turbulent river in Ilocos Sur Province, the Philippines, Sept. 22, 2025. (Philippine Coast Guard/Handout via Xinhua)
Photo 2:P Rescuers from the Philippine Coast Guard cross a turbulent river to search for stranded residents in Ilocos Sur Province, the Philippines, Sept. 22, 2025. (Philippine Coast Guard/Handout via Xinhua)
Photo 3: Rescuers from the Philippine Coast Guard transfer residents in Cagayan Province, the Philippines, Sept. 22, 2025. (Philippine Coast Guard/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.