Connect with us

Africa & Middle East

ဂါဇာ၌ ထိုးစစ်အရှိန်မြှင့်နေစဉ် အစ္စရေးက အနောက်ဘက်ကမ်းနှင့် ဂျော်ဒန်တို့ကြား ဖြတ်သန်းသွားလာသည့် အဓိကနယ်စပ်တံတားကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်

ဂျော်ဒန်နိုင်ငံနှင့် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသကြား ကူးလူးသွားလာသည့် အယ်လန်ဘီ နယ်စပ်တံတား၌ စောင့်ကြပ်နေသည့် အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဂါဇာ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသနှင့် ဂျော်ဒန်နိုင်ငံကြား တစ်ခုတည်းသော ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ရာ နေရာဖြစ်သည့် အယ်လန်ဘီတံတားအား (ပါလက်စတိုင်းသားများအကြား ကာရာမာတံတားဟု လူသိများ) ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု အစ္စရေးလေဆိပ်အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဂျော်ဒန်တို့က ပူးတွဲဖွင့်လှစ်ထားသည့် အဆိုပါ နယ်စပ်တံတားအား အစ္စရေး နိုင်ငံရေးဦးဆောင်ပုဂ္ဂိုလ်များ၏ ညွှန်ကြားချက်အရ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍ ဖြတ်သန်းသွားလာသူများနှင့် ကုန်ပစ္စည်းများကို ဖြတ်သန်းခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း ယင်းအာဏာပိုင်အဖွဲ့က ဆိုသည်။
ပါလက်စတိုင်း နယ်စပ်ဖြတ်သန်းသွားလာခြင်းနှင့် နယ်စပ်ရေးရာ အာဏာပိုင်အဖွဲ့ အကြီးအကဲဖြစ်သူ နက်ဇ်မီ မိုဟန်နာကလည်း အဆိုပါနယ်စပ်တံတားအား ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ အတည်ပြုခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှစ၍ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း နှစ်ဖက်အပြန်အလှန် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း အစ္စရေးဘက်က အကြောင်းကြားမှုကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
အစ္စရေးနိုင်ငံသားနှစ်ဦး သေဆုံးခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လေးရက်ကြာပိတ်ထားခဲ့သည့် ယင်းနယ်စပ်တံတားအား အစ္စရေးအာဏာပိုင်များက ပြန်ဖွင့်ပေးခဲ့ပြီး တစ်ရက်အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျော်ဒန်ဘက်မှလာသော လူသားချင်းစာနာမှု အကူအညီပေးရေး ထရပ်ကားကို မောင်းနှင်လာသည့် တိုက်ခိုက်မှုကျူးလွန်သူအား အခင်းဖြစ်ပွားသည့် နေရာ၌ပင် အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။
အစ္စရေးဘက်က လတ်တလော နယ်စပ်တံတား ပိတ်ထားမှုနှင့် စပ်လျဉ်း၍ တရားဝင် မှတ်ချက်ပြုပြောဆိုခြင်း မရှိသော်လည်း အစ္စရေးစစ်တပ် အသံလွှင့်ဌာနကမူ ယင်းသည် အနောက်နိုင်ငံများက ပါလက်စတိုင်းနိုင်ငံအား မကြာသေးမီက အသိအမှတ်ပြုခဲ့သည့်အပေါ် ကနဦးအဆင့် တုံ့ပြန်မှုဖြစ်နိုင်သည်ဟု ဆိုသည်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ အဆင့်မြင့်တာဝန်ရှိသူများက အနောက်ဘက်ကမ်းဒေသနှင့် ဂျော်ဒန်နိုင်ငံကြား ကူးလူးသွားလာရာတွင် အဆိုပါ နယ်စပ်တံတားအား အသုံးပြုနေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ထိုအတောအတွင်း အစ္စရေးက ဂါဇာမြို့အား လက်နက်ကြီးဖြင့် အပြင်းအထန်ပစ်ခတ်ခြင်း၊ မြေပြင်မှတိုက်ခိုက်ခြင်းတို့ဖြင့် ထိုးစစ်အရှိန်ကို ဆက်တိုက်မြှင့်တင်လျက်ရှိရာ အရပ်သားများ ထိခိုက်သေဆုံးခြင်းနှင့် လူနေအဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းမှစ၍ အစ္စရေးက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသရှိ ဆေးရုံများသည် ဂါဇာမြို့မှ ၁၈ ဦး အပါအဝင် ရုပ်အလောင်း ၂၆ လောင်း လက်ခံရရှိခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးသတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အစ္စရေးတင့်ကားများမှာ ဂါဇာမြို့လယ်ရှိ အယ်လ်-ရှီဖာ ဆေးရုံနှင့် တစ်ကီလိုမီတာအကွာသို့ ရောက်ရှိနေသည်ဟု သတင်းရင်းမြစ်များက ပြောကြားထားသလို မျက်မြင်တွေ့ရှိသူများကလည်း အစ္စရေး၏ စစ်ဘက်သုံးယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် ဂါဇာမြို့ အနောက်ဘက်ရှိ အယ်လ်-နာဆာလမ်းပေါ်တွင် လှုပ်ရှားမှုမှန်သမျှကို လိုက်လံပစ်ခတ်နေသည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် ဂါဇာမြို့မှ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် ဂါဇာဒေသတွင် စုစုပေါင်းသေဆုံးသူ ၆၅,၃၈၂ ဦး၊ ဒဏ်ရာရရှိသူ ၁၆၆,၉၈၅ ဦး ရှိလာပြီဟု ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များ၏ စက်တင်ဘာ ၂၃ ရက် ပြောကြားချက်အရ သိရသည်။ (Xinhua)

ဂါဇာမြို့တွင် အစ္စရေးက အကြီးစားစစ်ဆင်ရေး ဆင်နွှဲနေစဉ် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှ တောင်ပိုင်းသို့ နေရပ်စွန့်ခွာထွက်ပြေးလာသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦးအား ဂါဇာမြို့ အနောက်ဘက်ရှိ ပင်လယ်ကမ်းခြေလမ်းဖြစ်သည့် ရာရှစ်လမ်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(English Version)
Israel to indefinitely close main West Bank-Jordan crossing as Gaza offensive pushes on
JERUSALEM/GAZA, Sept. 23 (Xinhua) — The Israel Airports Authority said Tuesday that Israel will indefinitely close the Allenby Bridge, known to Palestinians as the Karama Bridge, the only land crossing between the Israeli-occupied West Bank and Jordan.
The crossing, jointly operated by Israel and Jordan, will be closed to passengers and goods starting Wednesday morning, in line with the directive of the “Israeli political echelon,” the authority said.
Nazmi Mohanna, head of the Palestinian Crossings and Borders Authority, also confirmed the closure in a statement, saying the authority received Israel’s notification, which will take effect “as of Wednesday, Sept. 24, 2025, until further notice, in both directions.”
The announcement came just one day after Israeli authorities reopened the crossing following a four-day closure triggered by an armed attack that killed two Israelis. The Israeli army said the assailant, driving a humanitarian aid truck from Jordan, was killed at the scene.
Israel has not officially commented on the latest closure, but Israeli Army Radio reported it could be an initial response to the recent recognition of the State of Palestine by several Western countries.
The crossing has reportedly been used by senior Palestinian Authority officials to travel between the West Bank and Jordan.
Meanwhile, Israel has continued intensifying its assault on Gaza City through heavy shelling and ground attacks, causing civilian casualties and damaging residential buildings and commercial facilities.
Palestinian medical sources told Xinhua that hospitals in Gaza have received 26 bodies from Israeli gunfire and shelling since dawn on Tuesday, including 18 in Gaza City.
The sources said Israeli tanks are only 1 km away from al-Shifa Medical Complex in the heart of the city, while eyewitnesses reported that military vehicles and helicopter gunships are firing at everything moving on al-Nasr Street, west of the city.
The assault has also increased forced displacement from Gaza City toward the center and south of the coastal enclave.
The total death toll in Gaza since the conflict began in October 2023 has reached 65,382, with 166,985 injuries, Gaza-based health authorities said Tuesday.
English Caption 1
A member of Israeli security forces stands guard at the Allenby Bridge, a border point between Jordan and the occupied West Bank on Sept. 8, 2024. (Photo by Gil Cohen Magen/Xinhua)
English Caption 2
Photo taken on the Rashid road, the coastal road west of Gaza City, shows a Palestinian kid from the northern Gaza Strip fleeing to the south amid the large-scale Israeli military operation in the Gaza City, Sept. 18, 2025. (Photo by Rizek Abdeljawad/Xinhua)