Connect with us

China

ဖင်လန်အမှတ်တံဆိပ် Marimekko က ဟောင်ကောင်၌ အထင်ကရစတိုးဆိုင် ဖွင့်လှစ်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့မြင်ကွင်းတစ်ခုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟယ်ဆင်ကီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အထင်ကရစတိုးဆိုင်သစ်တစ်ဆိုင်ကို ဖင်လန်လူနေမှုပုံစံဒီဇိုင်းအမှတ်တံဆိပ် Marimekko က အောက်တိုဘာလ၌ ဖွင့်လှစ်မည်ဖြစ်ပြီး အာရှအား ၎င်း၏ နိုင်ငံတကာတိုးတက်ရေး အဓိကစျေးကွက်အဖြစ် အထင်အရှား ဖော်ပြလိုက်ခြင်းဖြစ်သည်။
အောက်တိုဘာ ၁၆ ရက်၌ ဖွင့်လှစ်မည့် စတိုးဆိုင်သည် ဖက်ရှင်နှင့် လူနေမှုပုံစံ ကုန်အမှတ်တံဆိပ်များအတွက် အချက်အချာဖြစ်သော Causeway Bay ၌ တည်ရှိပြီး ၂၀၁၂ ခုနှစ်၌ ဖွင့်လှစ်ခဲ့သည့် Marimekko ၏ ပထမဆုံးဟောင်ကောင်ဆိုင်ခွဲကို နေရာပြောင်းရွှေ့ချဲ့ထွင်မည်ဖြစ်သည်။ ယင်းနေရာပြောင်းရွှေ့ချဲ့ထွင်မှုကို Marimekko ကုမ္ပဏီနှင့် နှစ်ရှည်လများလက်တွဲလာသည့် တရုတ်နိုင်ငံရှိ မိတ်ဖက်လုပ်ငန်းဖြစ်သော Sidefame Ltd. မှ စီမံဆောင်ရွက်မည်ဖြစ်သည်။
Marimekko ကုမ္ပဏီကို ၁၉၅၁ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ စတိုးဆိုင် ၂၀ နီးပါးနှင့် ကမ္ဘာတစ်ဝန်း ၁၇၀ ခန့်အထိ တိုးချဲ့ခဲ့ပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံရှိ ဝယ်သူများအား အွန်လိုင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၌ ကုမ္ပဏီက အသားတင်ရောင်းအား ယူရို ၁၈၃ သန်း (အမေရိကန်ဒေါ်လာ ၂၁၅.၄၈ သန်း) ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ Marimekko ကုမ္ပဏီသည် ၎င်း၏ ၂၀၂၃-၂၀၂၇ တိုးတက်ရေးမဟာဗျူဟာအရ လုပ်ငန်းတိုးချဲ့ရန်အတွက် အဓိကစျေးကွက်များအဖြစ် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအား သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Finnish brand Marimekko to open Hong Kong flagship store
HELSINKI, Sept. 22 (Xinhua) — Finnish lifestyle design brand Marimekko will open a new flagship store in China’s Hong Kong in October, underscoring Asia as its key international growth market.
The store, set to open on Oct. 16, will be located in Causeway Bay, a hub for fashion and lifestyle brands, and will relocate and expand Marimekko’s first Hong Kong outlet, which opened in 2012. It will be operated by Sidefame Ltd., the company’s long-standing franchise partner in China.
Founded in 1951, Marimekko has expanded to nearly 20 stores in China and about 170 worldwide, serving customers in 39 countries online. In 2024, the company reported net sales of 183 million euros (215.48 million U.S. dollars). It has identified Hong Kong and the Chinese mainland as key markets for expansion under its 2023-2027 growth strategy. ■
English Caption
Photo taken on Feb. 1, 2025 shows a city view of Hong Kong, south China. (Xinhua/Chen Duo)