International Organizations
လီဗာပူးလ်ပွဲဦးထွက်တွင် လီယိုနီ ဒူးအရွတ်ကြောဒဏ်ရာ ရရှိဟု ယူဆရ

လန်ဒန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
လီဗာပူးလ်အတွက် ပွဲဦးထွက်ကစားခဲ့သောပွဲတွင် နောက်ခံလူ ဂျီယိုဗန်နီ လီယိုနီသည် ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့သည်ဟု ယူဆရကာ ကာလရှည်ကြာ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ်သာရှိသေးသော လီယိုနီမှာ စက်တင်ဘာ ၂၃ ရက်က ဆောက်သမ်တန်ကို ၂-၁ ဖြင့်အနိုင်ရခဲ့သော ကာရာဘောင်းလိဂ်ဖလားတတိယအဆင့်ပွဲတွင် ပွဲထွက်လူစာရင်းမှ ကစားခဲ့ ပြီးနောက် ပွဲချိန် ၈၁ မိနစ်တွင် လူစားလဲခံခဲ့ရသည်။
လီယိုနီမှာ သြဂုတ်လအတွင်းက ပါးမားမှ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း၊ ပွဲထွက်ခွင့်နှင့် ဆုကြေးရမည့် သဘောတူညီချက်ဖြင့် လီဗာပူးလ်သို့ ရောက်ရှိလာခဲ့သူဖြစ်သည်။ ဗဟိုခံစစ်မှူး လီယိုနီ၏ဒဏ်ရာကို ဆေးစစ်စမ်းသပ်မှုများပြုလုပ်ပြီးနောက် ဒူးအရွတ်ကြော ဒဏ်ရာရသွားဖွယ်ရှိသည်ဟူသော သုံးသပ်မှုများထွက်ပေါ်လာခဲ့ကာ အဆိုပါဒဏ်ရာမျိုးမှာ ရာသီကုန်အထိ အနားယူရခြင်းမဟုတ်လျှင်သော်မှ လပေါင်းများစွာကြာအောင် အနားယူရမည့်ဒဏ်ရာမျိုးဖြစ်ကြောင်း သိရသည်။
“အခုလို ခက်ခဲတဲ့ အခိုက်အတန့်မှာ ကျွန်တော့်ကို အားပေးကူညီခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ ရိုးရိုးသားသားပြောပါရစေခင်ဗျ။ ဒါကတော့ ကျွန်တော် အမြဲအိပ်မက်မက်ခဲ့ရတဲ့ ပွဲဦးထွက်မျိုး မဖြစ်ခဲ့ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီမှော်ဆန်တဲ့ကွင်းကြီးမှာ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ အရာရာတိုင်းကို ကျွန်တော်ကြိုးစားလုပ်ဆောင်သွားမှာပါ။ ကျေးဇူးအများကြီး တင်ပါတယ်” ဟု လီယိုနီက ၎င်း၏ အင်စတာဂရမ်တွင် ရေးသားခဲ့သည်။
လီဗာပူးလ်နည်းပြ အာနီစလော့ကလည်း ကစားသမားကိုယ်တိုင် ၎င်း၏ ဒဏ်ရာပြင်းထန်သည်ကို ချက်ချင်းသိရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
“လီယိုနီက လဲကျသွားပြီးနောက် ချက်ချင်းဆိုသလို သူ့ဒဏ်ရာအခြေအနေမကောင်းဘူးဆိုတာကို သူလည်း ခံစားလိုက်ရတယ်။ ယေဘုယျအားဖြင့် ကစားသမားတစ်ဦးရဲ့ ခံစားချက်တွေက ခင်ဗျားကို စကားအများကြီး ပြောပါတယ်” ဟု စလော့က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
လီယိုနီဒဏ်ရာရသွားခဲ့ပြီးနောက် လီဗာပူးလ်တွင် စီနီယာဗဟိုခံစစ်မှူးများအဖြစ် ဗာဂျီးလ်ဗန်ဒိုက်ရှ်၊ အီဘရာဟီမာကိုနာတီ၊ ဂျိုးဂိုးမက်ဇ်တို့ ၃ ဦးသာရှိတော့ကြောင်း သိရသည်။
ယူအီးအက်ဖ်အေ၏စည်းမျဥ်းများအရ လီဗာပူးလ်မှာ ၎င်းတို့၏ချန်ပီယံလိဂ်လူစာရင်း၌ လီယိုနီ၏ နေရာကို အစားထိုးခွင့်ရှိနေပြီး တိုက်စစ်မှူး ဖက်ဒီရီကိုချီယေဆာကို အစားထိုးရန် စဥ်းစားဖွယ်ရှိနေကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Liverpool’s Leoni suffers suspected ACL injury on debut
LONDON, Sept. 24 (Xinhua) — Liverpool defender Giovanni Leoni is set for a lengthy spell on the sidelines after picking up a suspected anterior cruciate ligament injury during his debut.
The 18-year-old started Tuesday’s 2-1 Carabao Cup third-round victory over Southampton and lasted 81 minutes before being forced off.
Leoni, who arrived from Parma in August for 26 million pounds plus add-ons, has since undergone medical tests on his left knee. Early indications suggest the center-back may have sustained ACL damage, an injury likely to rule him out for most, if not all, of the season.
“I want to sincerely thank every single person who has shown me support in this difficult moment,” Leoni posted on Instagram. “It wasn’t the debut I had always dreamed of, but I will give everything to be back playing in this magical stadium as soon as possible. Thank you so much!”
Manager Arne Slot admitted the player immediately knew the injury was serious. “He is down because, for him, it didn’t feel good immediately. Normally the emotions of a player tell you a lot,” Slot said after the match.
Leoni’s absence leaves Liverpool with just three senior central defenders: Virgil van Dijk, Ibrahima Konate, and Joe Gomez. UEFA rules allow the Reds to replace Leoni in their Champions League squad, with forward Federico Chiesa among the options being considered. ■
Photo:
Lazio’s Luca Pellegrini (R) vies with Parma’s Giovanni Leoni during a Serie A soccer match between Lazio and Parma in Rome, Italy, April 28, 2025. (Photo by Alberto Lingria/Xinhua)