Africa & Middle East
တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု ယုံကြည်ချက်က အာဖရိအား ကိုလိုနီချုပ်နှောင်မှုများမှ လွတ်မြောက်ရန် လမ်းညွှန်မှုပေးကြောင်း မာလီနိုင်ငံ မီဒီယာ ဆို

ဒါကာ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ကိုလိုနီအုပ်ချုပ်ရေးမှ ကြွင်းကျန်ခဲ့သော စိတ်ပိုင်းဆိုင်ရာ ဝိရောဓိဖြစ်မှုများနှင့် အတွေးအခေါ်ဆိုင်ရာ ချုပ်နှောင်မှုများသည် အာဖရိက၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ခြင်းကို ပြင်းထန်စွာ ဟန့်တားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ယဉ်ကျေးမှု ယုံကြည်ချက်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ကာ အာဖရိကအား ကိုလိုနီချုပ်နှောင်မှုများမှ လွတ်မြောက်ရန် လမ်းညွှန်မှု ပေးအပ်ခဲ့ကြောင်း မာလီနိုင်ငံ “Le Matin သတင်းစာ” က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ဝေခဲ့သော သတင်းထောက် Moussa Bolly ၏ ဆောင်းပါး၌ ထောက်ပြခဲ့သည်။ ဆောင်းပါး၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ယဉ်ကျေးမှုသည် လူမျိုးတစ်ခု၏ အခက်ခဲဆုံးအချိန်များတွင်ပင် ခိုင်မာစွာရပ်တည်နိုင်စေမည့် အခြေခံအုတ်မြစ်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံမှာ သိသာထင်ရှားသော ဥပမာ သက်သေတစ်ခုဖြစ်သည်။ ကာလရှည်ကြာစွာ ဖွံ့ဖြိုးတိုးတက်လာမှုတစ်လျှောက်တွင် တရုတ်နိုင်ငံသည် ပင်ကို ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခဲ့သည်သာမက ယင်းတို့ကို သိပ္ပံပညာဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ တိုးတက်မှု၊ စီးပွားရေး မြင့်တက်မှု စသည့် ကဏ္ဍများအား တွန်းအားပေးသော အားသာချက်များအဖြစ် ပြောင်းလဲခဲ့သည်။
အာဖရိကနိုင်ငံများသည်လည်း အလားတူပင် ကြွယ်ဝလှသည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ပိုင်ဆိုင်ထားသည်။ မာလီနိုင်ငံ၏ Kora နှင့် Balafon (အာဖရိက ပတ္တလားဟုလည်း ခေါ်သည်) စသည့် ရိုးရာတူရိယာများသည် ယခုအခါ ယဉ်ကျေးမှုသံတမန်များအဖြစ် ထူးချွန်ပြောင်မြောက်သော အနုပညာရှင်များက ကမ္ဘာ့စင်မြင့်သို့ တွန်းပို့ပေးခဲ့သည်။ သို့သော်လည်း ကိုလိုနီခေတ်မှ ကြွင်းကျန်ခဲ့သော စိတ်ဓာတ်ပိုင်းဆိုင်ရာ ဝိရောဓိဖြစ်မှုများသည် အာဖရိကအား ယနေ့ထိတိုင် ပြင်ပအင်အားစုများ၏ ကန့်သတ်မှုများမှ ရုန်းထွက်ရန် ခက်ခဲစေလျက်ရှိသည်။ ယဉ်ကျေးမှု ယုံကြည်ချက်ကို အခြေခံအုတ်မြစ်အဖြစ် ထားရှိမှသာလျှင် အာဖရိကနိုင်ငံများသည် လွတ်လပ်သောဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ဖော်ဆောင်နိုင်မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ အုပ်စုလိုက် ဦးမော့လာမှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံသည် တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးကာ ပိုမိုတရားမျှတသော၊ ကျိုးကြောင်းဆီလျော်သော နိုင်ငံတကာ စည်းစနစ်တည်ဆောက်ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးအား တွန်းအားပေးရန်အတွက် ခိုင်မာအားကောင်းသော အင်အားများ ဖြည့်တင်းပေးခဲ့သည်။ တရုတ်နိုင်ငံသည် သမိုင်းအမွေအနှစ်နှင့် ရိုးရာဓလေ့တန်ဖိုးကို အခိုင်အမာ ထိန်းသိမ်းထားပြီး အာဖရိကနိုင်ငံများအတွက် အကျိုးရှိသော လမ်းညွှန်မှုများ ပေးစွမ်းခဲ့သည်။
ယခုအခါသည် မာလီနိုင်ငံမှ အာဖရိကတိုက်တစ်ခုလုံးအထိ တရုတ်နိုင်ငံ အတွေ့အကြုံများအား လေ့လာသင်ယူ၊ ပင်ကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အလားအလာများကို လှုံ့ဆော်ရန် အရေးကြီးသော အချိန်အခါ ဖြစ်သည်။ (Xinhua)
………………………………………
(Chinese Version)
全球瞭望丨马里媒体:中国文化自信为非洲摆脱殖民枷锁提供启示
新华社达喀尔9月24日电(记者司源)巴马科消息:马里《晨报》24日刊发记者穆萨·博利的文章指出,殖民统治遗留下来的精神异化和思想桎梏,严重阻碍非洲实现自主发展。中国以文化自信推动发展,为非洲摆脱殖民枷锁提供了重要启示。文章摘要如下:
文化是一个民族在最艰难时刻仍能屹立不倒的根基。中国的发展经验就是一个鲜明例证。在长期发展中,中国不仅保存了自身文化遗产,还将其转化为推动科学发展、技术进步、经济增长等方面的优势。
非洲国家同样拥有丰富的物质和非物质遗产。马里的科拉琴和巴拉风(又称非洲木琴)等传统乐器,如今已由才华横溢的艺术家作为文化大使推向世界舞台。然而,殖民时期遗留下来的精神异化,至今仍使非洲难以摆脱外部势力的制约。唯有以文化自信为根基,非洲国家才能真正实现独立发展。
中国在全球南方国家的集体崛起中发挥了关键作用。中国推动南方国家团结合作、共同发展,为建设更加公正合理的国际秩序、推动构建人类命运共同体注入了强劲动力。中国对历史遗产和传统价值的坚守,为非洲国家提供了有益启示。
如今正是马里乃至整个非洲,借鉴中国经验、激活自身历史与文化潜能的重要时机。(完)