Connect with us

Media

တရုတ်နိုင်ငံရှိ သဘာဝတောရိုင်းတိရစ္ဆာန်ဥယျာဉ်၌ ’တောရိုင်းလူသား’ အဖြစ် အလုပ်လုပ်လိုသူများကို ခေါ်ယူနေ၊ အလုပ်လျှောက်လိုသူမှာ တောရိုင်းသဘာဝကို နှစ်သက်သူ၊ စိတ်ဖိစီးမှုများပြီး သဘာဝအတိုင်း လွတ်လပ်ပေ့ါပါးစွာ နေထိုင်လိုသူ ဖြစ်ရမည်ဟု ဆို

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန် သဘာဝတောရိုင်းတိရစ္ဆာန်ဥယျာဉ်က ‘ဟန်ဆောင်နေခြင်းကို ရပ်လိုက်ပါ။ အလုပ်မသွားချင်သူများ၊ သဘာဝအတိုင်း လွတ်လပ်ပေါ့ပါးစွာ နေချင်သူများ၊ စိတ်ဖိစီးမှုများ ကြုံနေရသူများ လာရောက်စုံစမ်းနိုင်သည်။ တောရိုင်းလူသားများကို အလုပ်ခန့်မည်’ ဟု ရေးသားထားသည့် အလုပ်ခေါ်စာတစ်စောင်အား ထုတ်ပြန်ခဲ့သည်။
’တောရိုင်းလူသား’ အဖြစ် အလုပ်လုပ်လိုသူများအနေဖြင့် တောရိုင်းလူသားကဲ့သို့ ဝတ်ဆင်ခြင်း၊ ရှုခင်းကြည့်နေရာတွင် လှည့်လည်သွားလာကာ အများသူငါနှင့် ပြောဆိုဆက်ဆံခြင်း၊ တစ်ခါတစ်ရံတွင် သတ်မှတ်ထားသည့်အချိန်၌ ကပြဖျော်ဖြေပေးခြင်း၊ ခရီးသွားဧည့်သည်များနှင့် မရှက်မရွံ့ ပြောဆိုဆက်ဆံခြင်း‘ စသည့် အလုပ်တာဝန်များကို ထမ်းဆောင်ရမည်ဟုလည်း ထိုအလုပ်ခေါ်စာ၌ ဖော်ပြထားသည်။ “တောရိုင်းလူသား” များ၏ တစ်နေ့တာအလုပ်ချိန်မှာ စက်တင်ဘာ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိဖြစ်သည်။ (Xinhua)
………………..
(English Version)
Wildlife Park Recruits ‘Wild Men’, Job Requirements: Wild, Stressed, and Looking for a Place to Release One’s Nature.
Recently, Yunnan Wildlife Park in southwest China released a job advertisement, ‘Stop pretending. Those who don’t want to go to work, are wild, or are under a lot of pressure, come and take a look. We are recruiting wild men!’
The job information shows that the job responsibilities of the ‘Wild Men’ position include wearing wild man costumes, cruising and interacting in the scenic area, occasionally performing a dance at a fixed time, and boldly interacting with tourists. The working hours of “Wild Men” are from 09:30 to 17:00 every day on September 27th, 28th and 29th.