International Organizations
မက်ဆီ၏နှစ်ဂိုးနှင့် အင်တာမိုင်ယာမီအသင်း playoff ဝင်ခွင့်သေချာ

နယူးယောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
လီယွန်နယ်မက်ဆီက နှစ်ဂိုးသွင်းခဲ့ပြီး တစ်ဂိုးရအောင်ဖန်တီးပေးခဲ့သောကြောင့် အင်တာမိုင်ယာမီအသင်းသည် နယူးယောက်စီးတီးအသင်းကို စက်တင်ဘာ ၂၄ ရက်က အဝေးကွင်းတွင် ၄-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ Playoff ဝင်ခွင့်သေချာခဲ့ပြီဖြစ်သည်။
ဧည့်သည်မိုင်ယာမီ အသင်းသည် ပထမပိုင်းပွဲမပြီးခင် အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။ မက်ဆီ၏ အတိုင်းအဆ မှန်မှန်ဖြင့်ကွက်တိ ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို Baltasar Rodriguez က ဂိုးတိုင်ညာဘက်ထောင့် အောက်ခြေသို့ အလိုက်သင့်တည်တည်ငြိမ်ငြိမ်ကန်သွင်းခဲ့ပြီး ဂိုးရရှိခဲ့ခြင်းဖြစ်သည်။
ခံစစ်ကြောင်းကိုကျော်ကာဖြတ်ပို့လိုက်သော Sergio Busquets ၏ ဘောလုံးကို မက်ဆီက ဂိုးသမား Matt Freese ကိုကျော်ကာ လှလှပပသွင်းယူခဲ့ပြီး ဒုတိယမြောက်ဂိုးရရှိကာ နှစ်ဂိုးအသာဖြင့်ဦးဆောင်ကစားနိုင်ခဲ့သည်။
Justin Haak ကြောင့် Rodrigo de Paul လဲကျရာတွင် ပြစ်ဒဏ်ဘော ရရှိခဲ့ရာတွင် လူးဝစ်ဆန်းချက်ဇ် က အင်တာမိုင်ယာမီအတွက် တစ်ဂိုးထပ်မံသွင်းယူခဲ့သည်။
ပွဲပြီးဆုံးချိန် လေးမိနစ်အလိုတွင် မက်ဆီသည် ဂိုးဧရိယာအတွင်းဝင်ရောက်ကာ ထောင့်ကျဥ်းအတွင်းမှ အဝေးထောင့်ဆီသို့ ညာခြေဖြင့်ကန်သွင်းခဲ့ပြီး ထပ်မံဂိုးရရှိခဲ့သောကြောင့် အပြတ်အသတ်အနိုင်ရရှိပြီး ပွဲကိုအဆုံးသတ်စေခဲ့သည်။
ဘလွန်းဒီအောဆု ရှစ်ကြိမ်ရရှိထားသည့် အသက် ၃၈ နှစ်အရွယ် မက်ဆီသည် ယခုဘောလုံးရာသီပြိုင်ပွဲများတွင် မိုင်ယာမီအသင်းအတွက် ၃၈ ပွဲကစားထားပြီး ၃၂ ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။
ဖလော်ရီဒါအခြေစိုက် အင်တာမိုင်ယာမီအသင်းသည် Eastern Conference တွင် ၅၅ မှတ်ဖြင့် တတိယနေရာ ရောက်ရှိနေပြီး ဦးဆောင် ဖီလာဒယ်ဖီးယားအသင်းနောက် ငါးမှတ်လျော့နည်းလျက်ရှိသည်။ (Xinhua)
…………………….
(English Version)
Messi double seals Inter Miami playoff berth
NEW YORK, Sept. 24 (Xinhua) — Lionel Messi scored two goals and set up another as Inter Miami clinched an MLS playoff spot with a 4-0 away rout of New York City on Wednesday.
The visitors opened the scoring just before halftime when Baltasar Rodriguez ran onto Messi’s perfectly weighted through ball and calmly slotted his shot into the bottom-right corner.
Messi doubled the lead with a deft chip over goalkeeper Matt Freese following Sergio Busquets’ defense-splitting pass.
Luis Suarez then converted a penalty after Rodrigo de Paul was brought down by Justin Haak.
Messi completed the rout four minutes from time by driving into the box and threading a right-footed effort from a tight angle into the far corner.
The 38-year-old eight-time Ballon d’Or winner has scored 32 goals and provided 14 assists in 38 games across all competitions for Miami this season.
The Florida outfit is third in the Eastern Conference with 55 points, five behind leaders Philadelphia.
Photo : Lionel Messi (Front L) of Inter Miami CF competes during the round of 16 match between Paris Saint-Germain (FRA) and Inter Miami CF (USA) at the FIFA Club World Cup 2025 at the Mercedes-Benz Stadium, Atlanta, Georgia, the United States, June 29, 2025. (Xinhua/Huang Zongzhi)