Europe
သုတေသနပညာရှင် ၂၅ ဦး အမေရိကန်မှ သြစတြီးယားသို့ ပြောင်းရွေ့မည်

ဗီယင်နာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဦးဆောင်သုတေသနပညာရှင် ၂၅ ဦးသည် ပညာသင်ဆုအစီအစဥ်အသစ်တွင် ၎င်းတို့၏လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် အမေရိကန်နိုင်ငံမှ သြစတြီးယားနိုင်ငံသို့ နေရာရွှေ့ပြောင်းမည်ဖြစ်ကြောင်း သြစတြီးယားသိပ္ပံအကယ်ဒမီ (OeAW) က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
လေးနှစ်တာကာလအတွက် တစ်ဦးလျှင် ယူရို ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၈၃,၀၄၇) ထောက်ပံ့သည့် သြစတြီးယားသိပ္ပံအကယ်ဒမီ၏ APART-USA ပညာတော်သင်ဆုအစီအစဥ်အရ သိပ္ပံပညာရှင်များသည် အမေရိကန်နိုင်ငံအစား သြစတြီးယားနိုင်ငံတွင် သုတေသနလုပ်ငန်းများပြန်လည် စတင်နိုင်မည် ဖြစ်သည်။ ပထမဆုံးရောက်ရှိလာမည်သူများသည် သြစတြီးယားအဖွဲ့အစည်းများတွင် ယခုနှစ်အတွင်း စတင်အလုပ်လုပ်ကိုင်ကြမည် ဖြစ်ကြောင်းသိရသည်။
ဟားဗတ်၊ ပရင်စတန်နှင့် MIT ကဲ့သို့ ဂုဏ်သတင်းကြီးမားသည့် တက္ကသိုလ်များမှ ကျောင်းဆင်းခဲ့သည့် အဆိုပါ ပညာရှင်များတွင် ပါရဂူဘွဲ့ရရှိပြီးသူများမှ ပါမောက္ခများအထိ ပါဝင်ပြီး ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များမှ ကွန်ပျူတာသိပ္ပံ၊ ဇီဝသိပ္ပံ၊ ယဥ်ကျေးမှုသိပ္ပံနှင့်လူမှုဘာသာရပ်များအထိ နယ်ပယ်အများအပြားကို လွှမ်းခြုံထားကြောင်းသိရသည်။
အမေရိကန်နိုင်ငံတွင် တင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် သိသိသာသာရန်ပုံငွေ ဖြတ်တောက်မှု ရင်ဆိုင်နေရသည့် သုတေသနပညာရှင်များအတွက် “ဘေးကင်းသောခိုလှုံရာတစ်ခု” ထောက်ပံ့ရန် သြစတြီးယားနိုင်ငံသည် ဧပြီလတွင် အဆိုပါအစီအစဥ်ကို မိတ်ဆက်ခဲ့ကြောင်းသိရသည်။ (တစ်ယူရိုသည် ၁.၁၇ အမေရိကန်ဒေါ်လာနှင့်ညီမျှသည်) (Xinhua)
……………………….
(English Version)
25 researchers move from U.S. to Austria
VIENNA, Sept. 25 (Xinhua) — Twenty-five leading researchers are relocating from the United States to Austria to continue their work under a new scholarship program, the Austrian Academy of Sciences (OeAW) said Thursday.
Funded by OeAW’s APART-USA scholarship, each four-year grant provides 500,000 euros (583,047 U.S. dollars), enabling scientists to resume research in Austria instead of the U.S. The first arrivals will begin at Austrian institutions this year.
Drawn from prestigious universities such as Harvard, Princeton, and MIT, the scholars range from postdoctoral fellows to professors and cover fields from physics and chemistry to computer science, life sciences, cultural studies, and the humanities.
Austria introduced the program in April to provide “a safe haven” for researchers facing restrictive immigration policies and dramatic funding cuts in the U.S. (1 euro = 1.17 U.S. dollar)