Connect with us

China

ဖလူမင်နိစ်အသင်းက လူးဝစ်စ်ဇူဘယ်လ်ဒီယာကို နည်းပြအဖြစ်ခန့်အပ် ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ၂၀၂၅ ဖီဖာကမ္ဘာ့ကလပ်အသင်းများပြိုင်ပွဲ အုပ်စု F ပွဲစဥ် ဖလူမင်နိစ် FC နှင့် ဂျာမနီ ဘိုရုရှားဒေါ့မွန်အသင်းတို့ ယှဥ်ပြိုင်မှုတွင် ဂိုးကာကွယ်နေသည့် ဖလူမင်နိစ်အသင်း ဂိုးသမား ဖာဘီယို (အလယ်) ကို ၂၀၂၅ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဖလူမင်နိစ် ဘောလုံးအသင်းသည် ရီနာတိုဂေါချိုနှင့်လမ်းခွဲပြီး နှစ်ရက်မပြည့်မီမှာပင် အာဂျင်တီးနားနိုင်ငံသား လူးဝစ်စ်ဇူဘယ်လ်ဒီယာကို နည်းပြသစ်အဖြစ် စက်တင်ဘာ ၂၅ ရက်က ခန့်အပ်ခဲ့သည်။
အသက် ၄၄ နှစ်အရွယ် ဇူဘယ်လ်ဒီယာနှင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာအထိ သက်တမ်းရှိသည့်စာချုပ်ကို သဘောတူခဲ့ကြောင်း ဘရာဇီး စီးရီးအေကလပ်အသင်းက ၎င်း၏တရားဝင် ဝက်ဘ်ဆိုက်ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
Lanus အသင်းကို အိမ်ကွင်းတွင် စက်တင်ဘာ ၂၃ ရက်က တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီးနောက် နည်းပြ ရီနာတိုက နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲရလဒ်ကြောင့် ဖလူမင်နိစ်အသင်းသည် Copa Sudamericana ပြိုင်ပွဲများမှ ထွက်ခွာခဲ့ရသည်။
ဇွန်လတွင် ရလဒ်များဆိုးရွားခဲ့သောကြောင့် ဆော်ပေါ်လိုအသင်းမှ ထွက်ခွာခဲ့ချိန်မှစ၍ ဇူဘယ်လ်ဒီယာမှာ အလုပ်မရှိဖြစ်နေခဲ့သည်။
၎င်း၏ ရီယိုဒီဂျနေးရိုးအသင်းအတွက် ပထမဆုံးပွဲမှာ ဘရာဇီး စီးရီးအေပြိုင်ပွဲ ဘိုတာဖိုဂိုအသင်းနှင့် အိမ်ကွင်းတွင် စက်တင်ဘာ ၂၈ ရက်၌ယှဥ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)
…………………..
(English Version)
Fluminense names Zubeldia as manager
RIO DE JANEIRO, Sept. 25 (Xinhua) — Fluminense appointed Argentine Luis Zubeldia as its new manager on Thursday, less than two days after parting ways with Renato Gaucho.
Zubeldia, 44, agreed to a deal that runs until December 2026, the Brazilian Serie A club said in a statement on its official website.
Renato tendered his resignation after a 1-1 home draw with Lanus on Tuesday, a result that eliminated Fluminense from the Copa Sudamericana.
Zubeldia has been out of work since leaving Sao Paulo due to a poor run of results in June.
His first match in charge of the Rio de Janeiro side will be a home clash against Botafogo in Brazil’s Serie A on Sunday.
Photo : Fabio (C), goalkeeper of Fluminense FC, makes a save during the Group F match between Fluminense FC of Brazil and Borussia Dortmund of Germany at the FIFA Club World Cup 2025 in New Jersey, the United States, June 17, 2025. (Xinhua/Li Rui)