Connect with us

International Organizations

လီဗာပူးလ်အသင်းမှ လီယိုနီ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် တစ်နှစ်အနားယူရမည်ဟု စလော့ အတည်ပြု

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့၌ အဲဗာတန်အသင်းနှင့် လီဗာပူးလ်အသင်းတို့၏ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ လီဗာပူးလ်အသင်း၏ နည်းပြချုပ် အာနီစလော့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
လီဗာပူးလ်အသင်းနောက်ခံလူ ဂျီယိုဗန်နီ လီယိုနီသည် ၎င်း၏ဒူးအရွတ်စုတ်ပြဲသွားပြီးနောက် လာမည့်နှစ်ကို လွဲချော်မည်ဖြစ်ကြောင်း အသင်း၏မန်နေဂျာ အာနီစလော့က အတည်ပြုပြောကြားခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ကစားသမား လီယိုနီသည် စက်တင်ဘာ ၂၃ ရက်က ကာရာဘောင်းဖလား တတိယအဆင့်၌ ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၎င်း၏ ပွဲဦးထွက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လီယွန်နီသည် ပါမားအသင်းမှ ဩဂုတ်လအတွင်းကမှ လီဗာပူးအသင်းသို့ ပေါင် ၂၆ သန်းနှင့် နောက်ထပ်အစီအစဉ်များ ပေါင်းထည့်ထားသည့် စာချုပ်ဖြင့် ရောက်ရှိလာခဲ့သည်။
“သူအဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဒူးအရွတ်စုတ်သွားတာမို့ တစ်နှစ်လောက် သူ ကစားလို့ရတော့မှာ မဟုတ်ဘူး” ဟု စလော့က ဆိုသည်။ “ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံသစ်ကိုရောက်လာပြီး မင်းရဲ့ပထမဆုံးဂိမ်းမှာ ကောင်းကောင်းကစားခဲ့တာမို့ ဒီလိုကြုံလိုက်ရတော့ အကောင်းဘက်ကနေ တွေးဖို့ အရမ်းခက်ပါတယ်။ ဒီအခြေအနေမှာ ဘယ်လိုမှ အကောင်းမြင်လို့ ရမှာမဟုတ်ပါဘူး၊ ဒါပေမဲ့လည်း တွေးကြည့်လိုက်ပါ၊ သူက အသက်အရမ်းငယ်သေးသလို ဒဏ်ရာကနေပြန်ကောင်းလာပြီး နှစ်တွေအများကြီး ကစားလို့ရပါသေးတယ်” ဟုလည်း စလော့က ဆက်လက်ပြောကြားခဲ့သည်။
ထိုဆုတ်ယုတ်မှုသည် စလော့အတွက် Virgil van Dijk ၊ Ibrahima Konate နှင့် Joe Gomez ဟူသည့် အသိအမှတ်ပြုထားသည့် ဗဟိုနောက်ခံလူ သုံးဦးသာ ကျန်ရှိစေသည်။
လီဗာပူးလ်အသင်းသည် ၎င်း၏ ချန်ပီယံလိဂ်အသင်းသို့ လီယိုနီအစား တိုက်စစ်မှူး ဖယ်ဒရီကို ချီဆာကို ခေါ်ယူလိုက်သည်။
စလော့၏ အသင်းသည် ၎င်း၏ချန်ပီယံဆုကိုကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ၎င်း၏ပရီးမီးယားလိဂ် ငါးပွဲစလုံးကို အနိုင်ရရှိကာ ရာသီကို ပြီးပြည့်စုံစွာစတင်ခဲ့သည်။ လီဗာပူးလ်အသင်းသည် စက်တင်ဘာ ၂၇ ရက်၌ ခရစ္စတယ်ပဲလေ့စ်နှင့် ယှဉ်ပြိုင်ကစားရန် ဆဲလ်ဟာ့စ်ပါ့ခ်ကွင်းသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Liverpool’s Leoni out for a year with ACL injury, confirms Slot
LONDON, Sept. 26 (Xinhua) — Liverpool defender Giovanni Leoni will miss the next year after tearing his anterior cruciate ligament, manager Arne Slot has confirmed.
The 18-year-old suffered the injury on his debut against Southampton in the Carabao Cup third round on Tuesday.
Leoni only joined the Reds in August from Parma in a deal worth 26 million pounds plus add-ons.
“He is not in a good place because he tore his ACL which means he will be out for a year,” said Slot. “Being so young and coming to a new country and playing so well in your first game, it’s very hard to take the positives. There is never a positive side, but you try to look at that, and that he is still so young, and he has so many years still go to after he recovers from a terrible injury.”
The setback leaves Slot with just three recognized centre-backs: Virgil van Dijk, Ibrahima Konate and Joe Gomez.
Liverpool has added forward Federico Chiesa to its Champions League squad in place of Leoni.
Slot’s side has started the season perfectly, winning all five of its Premier League matches with the aim to defend its title. The team will travel to Selhurst Park to face Crystal Palace on Saturday. ■
English Caption
Liverpool’s head coach Arne Slot is seen before the English Premier League match between Liverpool FC and Everton FC in Liverpool, Britain, on Sept. 20, 2025.