Connect with us

Asia

ဂျပန်ဝန်ကြီးချုပ် တောင်ကိုရီးယားသို့ အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံ “ကူးလူးသွားလာသည့် သံတမန်ရေး” ကို မြှင့်တင်မည်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တောင်ကိုရီးယား သမ္မတ လီဂျေမြောင် (ဝဲ) နှင့် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာတို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် လက်ဆွဲနှုတ်ဆက်နေသည်ကို ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Kyodo)

ဆိုးလ်/တိုကျို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာသည် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ တောင်ကိုရီးယားသို့ အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ရှိဂဲရုအီရှီဘာနှင့် တွေ့ဆုံဆွေးနွေးမည်ဟု တောင်ကိုရီးယားသမ္မတရုံးက စက်တင်ဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းသည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် အီရှီဘာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် တောင်ကိုရီးယားသို့ ခရီးစဉ်သွားရောက်ခြင်းဖြစ်သည်။
တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Kang Yu-jung က ထိုနေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဤသတင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား-ဂျပန် နိုင်ငံခေါင်းဆောင်နှစ်ဦးသည် ဘူဆန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း Kang Yu-jung က ပြောကြားခဲ့သည်။
ယခုနှစ် အောက်တိုဘာလတွင် “ကူးလူးသွားလာသည့် သံတမန်ရေး” ပြန်လည်စတင်ရန် တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံ ဆုံးဖြတ်ခဲ့ကြသလို နှစ်နိုင်ငံခေါင်းဆောင်များသည် လတ်တလောတွင် တောင်ကိုရီးယားတွင် တွေ့ဆုံဆွေးနွေးရန် ဆွေးနွေးသဘောတူခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် တောင်ကိုရီးယား-ဂျပန် ခေါင်းဆောင်များသည် နှစ်နိုင်ငံ ဘုံစိုးရိမ်ပူပန်သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ကြမည်ဖြစ်ကြောင်း Kang Yu-jung က ပြောကြားခဲ့သည်။
ယခုအကြိမ် ခရီးစဉ်ကို နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ “ကူးလူးသွားလာသည့် သံတမန်ရေး” လက်တွေ့ဖော်ဆောင်မှုအဖြစ် သတ်မှတ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်တွင် ပြောပြခဲ့သည်။
ဂျပန်-တောင်ကိုရီးယား နှစ်ဖက်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် လူဦးရေကျဆင်းမှု၊ အရင်းအမြစ်များ မြို့တော်သို့ အလွန်အမင်းစုဝေးမှုစသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ရန်၊ Gyeongju မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်မှု (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို အောင်မြင်စွာ ကျင်းပရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ဩဂုတ် ၂၃ ရက်မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်သွားခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ လီဂျေမြောင်၏ ဤခရီးစဉ်သည် ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အပြန်အလှန် ခရီးစဉ်သွားရောက်သည့် “ကူးလူးသွားလာသည့် သံတမန်ရေး” ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် Kyodo News သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ လီဂျေမြောင်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် “ကူးလူးသွားလာသည့် သံတမန်ရေး” သည် တောင်ကိုရီးယား-ဂျပန် သံတမန်ရေး ပုံစံသစ်တစ်ခုဖြစ်လာရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု တောင်ကိုရီးယား Yonhap News Agency က သတင်းဖော်ပြခဲ့သည်။ (Xinhua)
………………….
(Chinese Version)
日本首相将访韩国 推动两国“穿梭外交”
新华社首尔/东京9月26日电(记者张粲 李子越)韩国总统府26日宣布,日本首相石破茂将于9月30日至10月1日访问韩国,韩国总统李在明将与石破茂举行会谈。这将是去年10月石破茂就任日本首相以来首次访问韩国。
韩国总统府发言人姜由桢当天在新闻发布会上宣布这一消息。姜由桢说,韩日两国领导人将在釜山举行会谈。
姜由桢表示,今年8月韩日两国决定重启穿梭外交,同时两国领导人商定近期在韩国会面。通过会谈,韩日领导人将就两国共同关心的问题交换意见。
日本外务省26日宣布,此次访问被定位为两国领导人“穿梭外交”的实践。
据日本媒体报道,日韩双方将就两国合作及人口减少、资源向首都过度集中等议题交换意见,并以成功举办庆州亚太经合组织领导人非正式会议为目标开展合作。
韩国总统李在明8月23日至24日访问日本,与日本首相石破茂举行会谈。日本共同社报道说,李在明此访开启日韩领导人互访的“穿梭外交”。韩联社报道说,李在明在联合记者会上强调,希望“穿梭外交”成为韩日外交新模式。(完)
图说:2025年8月23日,在日本东京,韩国总统李在明(左)与日本首相石破茂在共同记者会后握手。新华社/共同社