International Organizations
အရေးပါသောပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်လွဲချော်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်ကို မန်ချက်စတာယူနိုက်တက် ရှုံးနိမ့်

လန်ဒန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ဘရုနိုဖာနန်ဒက်စ်၏ ဒုတိယပိုင်း ပယ်နယ်တီ ဂိုးမဝင်ခဲ့ခြင်းနှင့်အတူ ဘရန့်ဖို့ဒ်ကို မန်ချက်စတာယူနိုက်တက်က ၃-၁ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ရူဘင် အာမိုရင်လက်ထက်၌ မန်ချက်စတာယူနိုက်တက် ဆက်လက်ရုန်းကန်နေရ သည်။မန်ချက်စတာယူနိုက်တက်၏ နောက်တန်းတွင် ချည့်နဲ့ယိုယွင်းမှုများ စောစီးစွာဖြစ်ပေါ် ခဲ့ပြီးနောက် အီဂေါသီယာဂိုက အခွင့်ကောင်းယူကာ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုးကို ပွဲစပြီး မိနစ် ၂၀ အတွင်း သွင်းယူခဲ့ခြင်းဖြစ်သည်။
လိုက်ဇစ်မှ ပြောင်းရွေ့ကြေးပေါင် ၇၄ သန်းဖြင့်ခေါ်ယူထားသည့် ဘင်ဂျမင် ရှက်စ်ကိုက ပွဲချိန် ၂၆ မိနစ်၌ ၎င်း၏ ပထမဆုံးသွင်းဂိုးဖြင့် လိုအပ်နေသောချေပဂိုးကို သွင်းယူနိုင်ခဲ့ခြင်းကြောင့် မန်ချက်စတာယူနိုက်အတွက် မျှော်လင့်ချက်ပြန်လည်ရှင်သန်လာခဲ့သည်။ ဘရန့်ဖို့ဒ်၏ ၁၈ ကိုက်စည်းအတွင်း ဘရိုင်ယန် အမ်ဘူမိုကို ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင် နသန်ကောလင်းက နောက်မှ ဆွဲတွန်းချလိုက်ခြင်းကြောင့် သရေကျနိုင်သည့် အခွင့်အရေး ရောက်ရှိလာခဲ့သည်။ အနီကတ်ပြစ်ဒဏ်အတွက် VAR စစ်ဆေးမှုကို အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့ရသလို ဘရန့်ဖို့ဒ်ကလည်း လူစားလဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ပွဲချိန် ၇၆ မိနစ်တွင် ဖာနန်ဒက်စ်က ပယ်နယ်တီကန်သွင်းခဲ့သော်လည်း ဘရန့်ဖို့ဒ်ဂိုးသမား ကွိုင်မန်ကယ်လာဟာက ကာကွယ်သွားနိုင်ခဲ့သည်။
ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် မာသီးယပ်စ်ဂျန်ဆင်က အယ်လ်တေ ဘာရင်ဒီယာကို အားပါပြင်းထန်သည့် ကန်ချက်ဖြင့် ဖြတ်ကျော်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်က နိုင်ပွဲရသွားခဲ့သည်။
အဆိုပါရလဒ်ကြောင့် ယူနိုက်တက်မှာ အာမိုရင်၏ လက်အောက်တွင် ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲဆက်တိုက် နိုင်ပွဲရမှု မရှိသေးသလို အာမိုရင်တာဝန်ယူခဲ့သော တစ်နှစ်တာနီးပါးအတွင်း လိဂ် ၃၃ ပွဲမှ ၃၄ မှတ်သာရယူနိုင် ခဲ့ကြောင်း သိရသည်။ (Reposted from Xinhua)
————————–
(English Version)
Brentford sinks Manchester United as Fernandes misses crucial penalty
LONDON, Sept. 27 (Xinhua)
Bruno Fernandes saw a second-half penalty saved as Manchester United lost 3-1 to Brentford, extending Ruben Amorim’s troubled reign.
Manchester United’s defensive frailties were exposed early when Igor Thiago pounced on chaos at the back to hand the host a two-goal advantage within 20 minutes.
Benjamin Sesko halved the deficit with his first strike in the 26th minute since his 74-million-pound switch from RB Leipzig, offering a lifeline. That chance to level came when Brentford skipper Nathan Collins dragged back Bryan Mbeumo in the box. After a lengthy delay for a VAR red card review and two home substitutions, Fernandes stepped up, only to see his effort pushed away by Caoimhin Kelleher in the 76th minute.
Brentford sealed the win in stoppage time as Mathias Jensen lashed a powerful effort past Altay Bayindir.
The result means United is still without back-to-back league victories under Amorim, who nears a year in charge with just 34 points from 33 Premier League matches. ■
Photo:
Manchester United’s coach Ruben Amorim looks on before the UEFA Europa League football match between Manchester United and FCSB in Bucharest, Romania, Jan. 30, 2025. (Photo by Cristian Cristel/Xinhua)