Connect with us

Media

ယူနန်က “၂ မီတာကျော် မြင့်မားသည့် ဧရာမစပါးနှံကြီးများ” အား မကြာမီ ရိတ်သိမ်းတော့မည်

ယူနန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
လူ့အရပ်ထက်မြင့်သည့် စပါးနှံကြီးများ သင်မြင်ဖူးပါသလော။ ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့ ကျဲဖောင့်မြို့နယ် ယွင်ဝူကျေးရွာ တောင်ခါးပန်းတွင် ကြီးမားသည့် စပါးနှံကြီးများက လူအများ၏ အမြင်အာရုံကို အလွန်ပင် ဖမ်းစားလျက်ရှိသည်။ ဤတစ်မူထူးခြားသည့် စပါးနှံမျိုးမှာ တရုတ်နိုင်ငံ မင်မင်းဆက် ဘုရင်မင်းမြတ်ထံသို့ ဆက်သရသည့်ဆန် ဖြစ်ခဲ့ဖူးပေသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် စိုက်ပျိုးထားသော ယင်းစပါးနှံများကို နောက်တစ်လကြာလျှင် ရိတ်သိမ်း၍ ရပြီ ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
云南“2米多高巨型稻”即将丰收
你见过比人还高的水稻吗?近日,在云南省德宏州芒市遮放镇允午村的半山腰上,一大片植株高大的水稻格外引人注目,这些独特的品种曾是中国明朝皇帝的贡米,种植于中国西南的云南省,再过一个月就可以收割了。