Connect with us

International Organizations

အီတလီအသင်း ကမ္ဘာ့အမျိုးသားဘော်လီဘောချန်ပီယံဆုကိုကာကွယ်ကာ ချန်ပီယံ ဆက်ဖြစ်လာ

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့တွင်ကျင်းပသည့် ၂၀၂၅ FIVE အမျိုးသားဘော်လီဘောချန်ပီယံရှစ်ပြိုင်ပွဲ ၁၆ သင်း ပတ်လည်ပွဲစဥ် အီတလီအသင်းနှင့် အာဂျင်တီးနားအသင်းတို့ပွဲစဉ်၌ အီတလီအသင်းမှ Mattia Bottolo (ယာ) အာဂျင်တီးနားအသင်းမှ Alfredo Gomez တို့ ယှဥ်ပြိုင်နေကြသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

မနီလာ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အီတလီအသင်းသည် စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဗိုလ်လုပွဲတွင် ဘူလ်ဂေးရီးယားအသင်းကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ FIVE အမျိုးသားဘော်လီဘောချန်ပီယံဆုကို အောင်မြင်စွာကာကွယ်နိုင်ခဲ့ပြီဖြစ်သည်။
၁၉၉၀ ၊ ၁၉၉၄ ၊ ၁၉၉၈ နှင့် ၂၀၂၂ ခုနှစ်များတွင် ချန်ပီယံဆုရရှိခဲ့သည့် အီတလီအသင်းအတွက် ငါးကြိမ်မြောက်ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သလို နှစ်ကြိမ်ဆက်တိုက်ချန်ပီယံဆု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ဘူလ်ဂေးရီးယားအသင်းသည် Serving လိုင်းမှအမှား များပြားခဲ့သော်လည်း ပထမပွဲစဥ်အလယ်တွင် နှစ်မှတ်အသာဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း အီတလီအသင်းသည် အပြင်တိုက်စစ်မှူး Mattia Bottolo ၏ ထူးချွန်သောလုပ်ဆောင်ချက်ကြောင့် ငါးမှတ်ဆက်တိုက်ရရှိကာ ဘူလ်ဂေးရီးယားအသင်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ၂၅-၂၁ ဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယပွဲစဥ်တွင် အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ရပြီး ဘူလ်ဂေးရီးယားအသင်းက အမှတ်မပြတ်ဘဲ ကပ်လိုက်နိုင်ရန် အပြင်းအထန်ကြိုးစားခဲ့သည်။ သို့သော်လည်း အီတလီ အသင်းက ပထမပွဲစဥ်တွင် အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့သည့် uri Romano က ငါးမှတ်ဆက်တိုက်ရရှိကာ ပွဲအဆုံးအဖြတ်ပေးနိုင်ခဲ့သည်။ သုံးကြိမ်မြောက်အလှည့်တွင် Bottolo က တစ်မှတ်ထပ်မံရရှိကာ အီတလီအသင်းက ဒုတိယပိုင်းတွင် ၂၅-၁၇ ဖြင့် အနိုင်ရရှိခဲ့သည်။
ဘူလ်ဂေးရီးယားအသင်းသည် တတိယပွဲစဥ်ကစားရာတွင် အရှိန်အဟုန်ဖြင့် ကွင်းကိုထိန်းချုပ်နိုင်ခဲ့ပြီး ၂၅-၁၇ ဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည်။
စတုတ္ထပွဲစဥ်တွင် အီတလီအသင်းကို ၎င်း၏ပြိုင်ဘက်က လုံးဝယှဥ်ပြိုင်နိုင်ခြင်းမရှိတော့ဘဲ ၂၅-၁၀ ဖြင့် အီတလီအသင်းက အပြီးသတ်အနိုင်ရရှိခဲ့သည်။
Romano က ၂၂ မှတ် အီတလီအသင်းကို ဦးဆောင်ခဲ့ပြီး Bottolo က ၁၉ မှတ်၊ အပြင်တိုက်စစ်မှူး Alessandro Michieletto က ၁၁ မှတ် အသီးသီး ရရှိခဲ့သည်။
အဆိုပါနေ့အစောပိုင်းတွင် ပိုလန်အသင်းက ဒုတိယပွဲစဥ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ချက်ရီပတ်ဘလစ်အသင်းကို ၃-၁ (၂၅-၁၈၊ ၂၃-၂၅ ၊ ၂၅-၂၂၊ ၂၅-၂၁ )ဖြင့်အနိုင်ရကာ ကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။ အပြင်တိုက်စစ်မှူး Wilfredo Leon က ပိုလန်အသင်းကို ၂၆ မှတ်ဖြင့်ဦးဆောင်ကာ Kewin Sasak က ၁၁ မှတ်ရရှိခဲ့သည်။ (Xinhua)
……………………..
(English Version)
Italy defends title at men’s volleyball worlds
MANILA, Sept. 28 (Xinhua) — Italy successfully defended its FIVB Volleyball Men’s World Championship title as it defeated Bulgaria 3-1 in the final on Sunday.
It is Italy’s second consecutive and fifth overall world title, after its triumphs in 1990, 1994, 1998 and 2022.
Despite usual excessive errors from the serving line, Bulgaria managed to step two points ahead in the middle of the first set, but then Italy took control with five points in a row on back of stellar performance from outside hitter Mattia Bottolo before claiming the set at 25-21.
The second set was contested hotly, with Bulgaria trying hard to stay close, but Italian opposite Yuri Romano, who was continuing his excellent performance from the first set, decided the set with an amazing five aces in a row. Three rallies later, another ace, this time from Bottolo, helped Italy take the second set at 25-17.
Bulgaria finally started to have its momentum in the third set, taking control on the court and took the set 25-17.
In the fourth set, Italy was never really tested by its rival, winning at 25-10 to take the eventual victory.
Romano led Italy with 22 points, while Bottolo and outside hitter Alessandro Michieletto added 19 and 11 points apiece.
Earlier in the day, Poland overcame the second set slump to beat the Czech Republic 3-1 (25-18, 23-25, 25-22, 25-21) for the bronze. Star outside hitter Wilfredo Leon led Poland with 26 points, while Kewin Sasak added 11 points.
Photo : Mattia Bottolo (R) of Italy competes against German Alfredo Gomez of Argentina during the round of 16 match between Italy and Argentina at the FIVB Men’s World Championship 2025 in Pasay City, the Philippines, on Sept. 21, 2025. (Xinhua/Rouelle Umali)