Connect with us

မြန်မာ-中文

ကမ္ဘာလုံးဆိုင်ရာ မြစ်ချောင်းရာ စီမံခန့်ခွဲမှုအတွက် ပိုမိုများပြားသော “ယန်ဇီမြစ် အတွေ့အကြုံ” များ ပံ့ပိုးပေး

“မြစ်ကြီး၏ ယဉ်ကျေးမှု - ကမ္ဘာ့ရေလုံခြုံရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသော ၂၀၂၅ “မြစ်ကြီးများကဏ္ဍ တွေ့ဆုံဆွေးနွေးမှု” အစည်းအဝေးကို တရုတ်နိုင်ငံ ဝူဟန့်မြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ဝူဟန့်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
“စိမ်းစိုသောရေနှင့် မိုင်ထောင်ချီစီးဆင်းနေသော သံယောဇဉ် – ခေတ်သစ် ယန်ဇီမြစ် စီမံခန့်ခွဲမှု၏ အောင်မြင်မှု ဉာဏ်စနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်” Think Tank အစီရင်ခံစာကို ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank အဖွဲ့သည် စက်တင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ဝူဟန့်မြို့၌ ထုတ်ပြန်ခဲ့သည်။
အစီရင်ခံစာတွင် ခေတ်သစ်ကာလတစ်လျှောက် ယန်ဇီမြစ် စီမံခန့်ခွဲမှုတွင် ရရှိထားသော သမိုင်းဝင်အောင်မြင်မှုများကို ဘက်စုံအနှစ်ချုပ်ထားပြီး ခေတ်သစ်တွင် ယန်ဇီမြစ် စီမံခန့်ခွဲမှု၏ သိပ္ပံနည်းကျနည်းဗျူဟာနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်အား စနစ်တကျ ထုတ်နုတ်၍ အတူမျှဝေမှုနှင့် လေးစားမှုကို အခြေခံသော အရှေ့တိုင်း ရေစီမံခန့်ခွဲမှု ဉာဏ်ပညာကို ရှင်းလင်းဖော်ပြခဲ့သောကြောင့် တရုတ်နိုင်ငံက မြစ်ချောင်းစီမံခန့်ခွဲမှုကဏ္ဍ၏ အဖိုးတန်အတွေ့အကြုံနှင့် တစ်မူထူးခြားသော အကျိုးထမ်းဆောင်မှုကို ပြသလိုက်ပေသည်။
ယန်ဇီမြစ်သည် တရုတ်နိုင်ငံ၏ မိခင်မြစ်ဖြစ်ကာ သမိုင်းကြောင်းကြာရှည်သော တရုတ်ယဉ်ကျေးမှုကို အားဖြည့်ပေးခဲ့သည်။ ခေတ်သစ်ကာလတွင် ကမ်းရိုးတန်းဒေသ၌ ယန်ဇီမြစ် ဂေဟပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းမှုအား စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ခဲ့ရာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံအစိမ်းရောင်အသွင်ကူးပြောင်းမှုကို မြှင့်တင်ခဲ့ပြီး ယန်ဇီမြစ်ယဉ်ကျေးမှု၏ ကာကွယ်မှုနှင့် လက်ဆင့်ကမ်းမှုကို နက်ရှိုင်းစွာ ဖော်ဆောင်ခဲ့သည်။
ယနေ့တွင် ယန်ဇီမြစ်ကမ်းနှစ်ဖက်၌ ဂေဟစနစ် ကောင်းမွန်လာခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ဆန်းသစ်လာခြင်း၊ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်လာခြင်း၊ ယဉ်ကျေးမှု စည်ပင်ဝပြောလာခြင်း ရှိပေသည်။ အသွင်အမျိုးမျိုးဖြင့် ခမ်းနားလှသော ယန်ဇီမြစ်ကြီးသည် တရုတ်နိုင်ငံ ရေစီမံခန့်ခွဲမှုအယူအဆနှင့် နည်းလမ်းအား ဖော်ပြခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မြစ်ချောင်းစီမံခန့်ခွဲမှုအတွက် အဖိုးတန်အတွေ့အကြုံ ပံ့ပိုးပေးလိုက်ပေသည်။
ယန်ဇီမြစ်ဆောင်ကြဉ်းသည်မှာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုအား သက်ဝင်လှုပ်ရှားစွာ လက်တွေ့ဖော်ဆောင်မှုသာမက လူသားနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်သည့် တရုတ်အဖြေလွှာလည်းဖြစ်ပေသည်။ ယန်ဇီမြစ်၏ အကြောင်းအရာများသည် ကမ္ဘာကြီးက အရှေ့တိုင်းအကြောင်း နားဆင်၍ တရုတ်နိုင်ငံအား နားလည်သိရှိနိုင်သည့် အစိမ်းရောင် အကြောင်းအရာများ ဖြစ်လာလျက်ရှိသည်။ ဂေဟစနစ် ဦးစားပေးမှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအား တရုတ်နိုင်ငံ လက်တွေ့ကျင့်သုံးမှုသည် ယန်ဇီမြစ်မှ ကမ္ဘာကြီးထံသို့ လျှောက်လှမ်းနေပြီး အနာဂတ်အတွက် ဉာဏ်ပညာအလင်းရောင်များ ဖွင့်လှစ်ပေးလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရီချန်းမြို့ ကျီကွေးခရိုင် ပင်းစူးကျန့်လျှိုမြောင်ရှိ ယန်ဇီမြစ်ရေပြင်၌ ဖြတ်သန်းသွားလာနေသော သင်္ဘောကို ၂၀၂၅ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
新华时评丨为全球江河治理提供更多“长江经验”
新华社武汉9月26日电 题:为全球江河治理提供更多“长江经验”   新华社记者李鹏翔、魏弘毅
新华社国家高端智库26日在湖北武汉发布《碧水奔腾万里情——新时代长江治理的成就启示与世界意义》智库报告。报告全面总结了新时代以来长江治理取得的历史性成就,系统提炼了新时代长江治理的科学方略与世界意义,阐释了基于共享和尊重的东方治水智慧,展现了中国在江河治理领域的宝贵经验与独特贡献。
长江,中华民族的母亲河,滋养了源远流长的中华文明。新时代以来,沿江地区持续推进长江生态环境保护修复,促进经济社会发展全面绿色转型,深入开展长江文化的保护与传承。今日长江两岸,生态向好,发展向新,民生改善,文化繁荣。气象万千的长江,是中国治水理念与方式的体现,为全球江河治理提供了宝贵经验。
长江所承载的,不仅是中国式现代化的生动实践,也是一份人与自然和谐共处的中国答卷。长江的故事,正在成为世界聆听东方、理解中国的绿色注脚。生态优先、绿色发展的中国实践,正在从长江走向世界、启迪未来。(完)
1、9月26日,以“大河文明——全球水安全与高质量发展”为主题的2025“大河对话”在武汉开幕。新华社记者 伍志尊 摄
2、2025年3月25日,船舶行驶在长江三峡湖北省宜昌市秭归县兵书宝剑峡水域。 新华社发(郑家裕摄)