Connect with us

Asia

တောင်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံ အဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စတင်ကျင့်သုံး

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်ရှိ ဂွမ်ဟွာမန်ရင်ပြင်၌ လာရောက်လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ချွန်း၊ တောင်ကိုရီးယား၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ အစိုးရက တရုတ်နိုင်ငံ အဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ယာယီဗီဇာကင်းလွတ်ခွင့်ပေးသည့် မူဝါဒသည် စက်တင်ဘာ ၂၉ ရက်တွင် တရားဝင် စတင်အသက်ဝင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်း စသည့် ပြည်ဝင်ဂိတ်များတွင် ဒေသန္တရအစိုးရက ထိုနေ့၌ ခရီးစဉ်လာရောက်သည့် တရုတ်ခရီးသွားဧည့်သည်များအတွက် ကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။
ယခုနှစ် စက်တင်ဘာ ၂၉ ရက်မှ လာမည့်နှစ် ဇွန် ၃၀ ရက်အထိ တောင်ကိုရီးယားအစိုးရသည် တရုတ်နိုင်ငံ အဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ယာယီဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အစိုးရက ဩဂုတ်လဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ၃ ဦးနှင့်အထက် အဖွဲ့လိုက်ခရီးသွားဧည့်သည်များသည် တောင်ကိုရီးယားနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်ပြီး ၁၅ ရက်ကြာနေထိုင်နိုင်ကြောင်း၊ ဂျယ်ဂျူးဒေသကမူ ယခင်အတိုင်းဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့လိုက် ခရီးသွားဧည့်သည်များက ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်၍ ရက် ၃၀ ကြာ နေထိုင်နိုင်ကြောင်း Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
စက်တင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ ထျန်းကျင်းအရှေ့တိုင်း နိုင်ငံတကာ အပျော်စီးသင်္ဘော ကုမ္ပဏီလီမိတက် လက်အောက်ရှိ “Dream” အပျော်စီးသင်္ဘောသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့သည်။ အင်ချွန်းမြို့အစိုးရက အင်ချွန်းမြို့ “၁၈၈၃ ခိုင်းကန်ရင်ပြင်” ၌ ခရီးစဉ်လာရောက်သော တရုတ်ခရီးသွားဧည့်သည်များအတွက် ကြိုဆိုမှုအခမ်းအနား ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် ကိုရီးယားစတိုင်ကြက်ကြော်နှင့် ဘီယာမြည်းစမ်းမှု၊ ကိုရီးယားဝတ်စုံ ဝတ်ဆင်မှုတို့ကို စီစဉ်ထားသည့်အပြင် တိုက်ကွမ်ဒို၊ တီးခတ်နိုင်သော ဂီတတူရိယာ ၄ မျိုးတင်ဆက်မှု စသည့် တောင်ကိုရီးယား အစဉ်အလာ ယဉ်ကျေးမှုအား ပေါ်လွင်စေသော ဖျော်ဖြေတင်ဆက်မှုများလည်း ပြင်ဆင်ထားကြောင်း သိရသည်။
အင်ချွန်းမြို့ ယဉ်ကျေးမှုအကျိုးစီးပွားရေးရာ ဒုတိယမြို့တော်ဝန် Hwang Hyo-jin က ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ “ဗီဇာကင်းလွတ်ခွင့် မူဝါဒကြောင့် နှစ်နိုင်ငံပြည်သူတွေက (ပိုမိုအဆင်ပြေချောမွေ့စွာ) ခရီးသွားလည်ပတ်လာနိုင်စေသလို တောင်ကိုရီးယား-တရုတ်အကြား ရင်းနှီးတဲ့ဆက်ဆံရေးကိုလည်း ပေါ်လွင်စေပါတယ်။ ဒါက တောင်ကိုရီးယား-တရုတ် အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်တဲ့ အခွင့်အလမ်းအသစ် ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ အနာဂတ်တွင် ပိုမိုများပြားသည့် တရုတ်ခရီးသွားဧည့်သည်များ အင်ချွန်းသို့ လာရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း Hwang Hyo-jin က ဆိုခဲ့သည်။ (Xinhua)

—————–
(Chinese Version)
韩国实施对中国团体游客免签政策
新华社韩国仁川9月29日电(记者陆睿 孙一然)韩国政府对中国团体游客临时性入境免签政策29日正式生效。在韩国仁川等入境港口,当地政府当天为到访的中国游客举办了欢迎活动。
韩国政府8月初发布消息说,从今年9月29日至明年6月30日,韩国政府将对中国团体游客实施临时性入境免签政策。据韩联社报道,中国三人以上团体游客可免签入境韩国并停留15天。济州地区与此前相同,个人和团体游客均可免签入境并停留30天。
29日,中国天津东方国际邮轮有限公司旗下“梦想”号邮轮停靠仁川港。仁川市政府在仁川“1883开港广场”为到访的中国游客举办欢迎活动,安排了韩式炸鸡和啤酒品尝、韩服试穿体验,并准备了跆拳道、四物打击乐等体现韩国传统文化的表演。
仁川市文化福祉政务副市长黄孝镇接受新华社记者采访时说:“免签政策让两国民众能够(更便利地)观光旅行,凸显了韩中之间的密切关系,相信这也将成为韩中增进互信的新契机。”黄孝镇表示,希望今后有更多中国游客访问仁川。(完)
图说1:8月6日,游客在韩国首尔光化门广场参观。新华社记者 姚琪琳 摄