မြန်မာ-ENG
မလေးရှားနိုင်ငံ သံမဏိလုပ်ငန်းလမ်းပြမြေပုံ၂၀၃၅ စတင်

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ၏သံမဏိလုပ်ငန်းကို ပြုပြင်ပြောင်းလဲရန်၊ ပြန်လည်ဖွဲ့စည်းရန်နှင့်တည်ငြိမ်စေရန် အဆင့်ဆင့်လုပ်ဆောင်ရမည့်လမ်းကြောင်း ပံ့ပိုးပေးနိုင်ရေးအတွက် မလေးရှားနိုင်ငံ၌ သံမဏိလုပ်ငန်းလမ်းပြမြေပုံ ၂၀၃၅ (SIR2035) ကို ရေးဆွဲဖော်ထုတ်ခဲ့ကြောင်း နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Tengku Zafrul Abdul Aziz က စက်တင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
ဝန်ကြီးက SEAISI ဖိုရမ်တစ်ခုတွင် အဆိုပါ လမ်းပြမြေပုံကို ထုတ်ဖော်ခဲ့ပြီး ယခုအရွှေ့အပြောင်းသည် နိုင်ငံ၏ ၂၀၃၀ စက်မှုလုပ်ငန်းဆိုင်ရာအဓိကစီမံကိန်းအစီအစဥ်သစ်၊ အမျိုးသားစွမ်းအင်ကူးပြောင်းမှုလမ်းပြမြေပုံနှင့်၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှုသုညဖြစ်စေရန်လှုံ့ဆော်အားပေးမှုတို့နှင့်ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
၎င်း၏အဆိုအရ SIR2035 ဖော်ပြချက်မူကြမ်းတွင် အဆင့်သုံးဆင့်ပါရှိပြီး အဓိက မဟာဗျူဟာ ၁၅ ခု ပါဝင်သည်။ ချက်ချင်းလုပ်ဆောင်ရမည့်ကာလ (လာမည့်နှစ်နှစ်အတွင်း) တွင် ထုတ်လုပ်မှုစွမ်းရည်ကျော်လွန်နေမှုအပေါ် စီမံခန့်ခွဲရေး၊ ခွင့်ပြုချက်မူဘောင်များပြန်လည်ဖွဲ့စည်းရေး၊ တရားမဝင်လုပ်ဆောင်နေမှုများအား စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေး၊ ပြည်တွင်းကုန်ကြမ်းရရှိမှုသေချာစေရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အခြေခံမှုများချမှတ်ရေးတို့တွင် တည်ငြိမ်စေရေးအတွက် အာရုံစိုက်လုပ်ဆောင်ရမည်ဖြစ်သည်။
၂၀၂၇ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ၊ ကာဗွန်လုပ်ထုံးလုပ်နည်းများအရှိန်မြှင့်တင်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအခြေခံအဆောက်အအုံများနှင့် စံနှုန်းသတ်မှတ်ချက်များ ဖွံဖြိုးတိုးတက်ရေးနှင့် လုပ်နိုင်စွမ်းတည်ဆောက်ရန်နည်းပညာအသစ်များတွင် ပြောင်းလဲရင်းနှီးမြှုပ်နှံခြင်းတို့ဖြင့် လမ်းပြမြေပုံသည် အသွင်ကူးပြောင်းသွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
၂၀၃၅ အလွန်တွင် အဆိုပါရည်မှန်းချက်ပန်းတိုင်သည် ၂၀၅၀ ပြည့်နှစ် အပြည့်အဝ စိမ်းလန်းသော သံမဏိကဏ္ဍဖြစ်လာရန်ဖြစ်သည်။ မလေးရှားနိုင်ငံ၏ သံမဏိလုပ်ငန်း၏ ယှဥ်ပြိုင်နိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် ကာဗွန်ထုတ်လွှတ်မှုသုညနှင့် လိုက်ဖက်ညီမှုစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းကာ အရည်အချင်းရှိသူများနှင့် ငွေအရင်းအနှီးစုစည်းအသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Malaysia launches Steel Industry Roadmap 2035
KUALA LUMPUR, Sept. 29 (Xinhua) — Malaysia has formulated the Steel Industry Roadmap 2035 (SIR2035) to provide a sequential pathway to stabilize, restructure, and transform Malaysia’s steel industry, its Minister of Investment, Trade and Industry Tengku Zafrul Abdul Aziz said here on Monday.
The minister unveiled the roadmap in a SEAISI forum, saying the move is in line with the nation’s New Industrial Master Plan 2030, the National Energy Transition Roadmap, and its net zero aspirations by 2050.
According to him, SIR2035 outlines 15 main strategies across three phases. In the immediate term (the next two years), the focus is on stabilization: managing overcapacity, restructuring licensing frameworks, enforcing discipline against illegal operators, securing domestic raw materials, and laying foundations for decarbonization.
From 2027 to 2035, the roadmap shifts to transformation: accelerating carbon mechanisms, developing low-carbon production infrastructure and standards, and reinvesting in new technologies to build capabilities, he noted.
“Beyond 2035, the aim is a fully green steel sector by 2050, mobilizing talent and capital to keep Malaysia’s steel industry competitive, resilient, and aligned with Net Zero commitments,” he added.
Photo : An aerial photo taken on April 15, 2019, shows Alliance Steel at the Malaysia-China Kuantan Industrial Park in Pahang, Malaysia. (Xinhua/Zhu Wei)