China
ကမ္ဘာ့စတုတ္ထအကြီးဆုံး နိုင်ငံခြားငွေလဲလှယ်ရေးစင်တာအဖြစ် ဟောင်ကောင် ရပ်တည်ဆဲဖြစ်ကြောင်း စစ်တမ်းတွေ့ရှိ

ဟောင်ကောင်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
Bank for International Settlement (BIS) မှ စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်သည့် စစ်တမ်းတစ်ခုက ဟောင်ကောင်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး နိုင်ငံခြားငွေလဲလှယ်ရေးစင်တာနှင့် နိုင်ငံခြား၌ မှတ်ပုံတင်ထားသည့် Renminbi (တရုတ်ယွမ်ငွေ) ကမ္ဘာ့ထိပ်တန်းစီးပွားရေးအချက်အချာ ဖြစ်ကြောင်း ပြသခဲ့သည်။
BIS က နိုင်ငံခြားငွေလဲလှယ်ရေးနှင့် Over-the-counter (OTC) Derivatives Markets Turnover ၏ ၂၀၂၅ ခုနှစ် သုံးနှစ်တစ်ကြိမ် ဗဟိုဘဏ်စစ်တမ်း ရလဒ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်တမ်းရလဒ်များအရ ဟောင်ကောင်၌ နိုင်ငံခြားငွေလဲလှယ်နှုန်းများ၏ ပျမ်းမျှနေ့စဉ်အနုတ်အသိမ်းမှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၆၉၄.၄ ဘီလီယံမှ ၂၀၂၅ ခုနှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၈၈၃.၁ ဘီလီယံသို့ ၂၇.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ဟောင်ကောင်သည် အကြီးဆုံးသော နိုင်ငံခြား၌ မှတ်ပုံတင်ထားသည့် Renminbi (တရုတ်ယွမ်ငွေ) နိုင်ငံခြားငွေလဲလှယ်ရေးနှင့် OTC အတိုးနှုန်း derivatives စင်တာအဖြစ် ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားသည်။ Renminbi (တရုတ်ယွမ်ငွေ) နိုင်ငံခြားငွေလဲလှယ်မှု၏ ပျမ်းမျှနေ့စဉ်အနုတ်အသိမ်းမှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၉၁.၂ ဘီလီယံမှ ၂၀၂၅ ခုနှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃၁၅.၁ ဘီလီယံသို့ ၆၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
OTC အတိုးနှုန်း derivative များနှင့် စပ်လျဉ်း၍ ဟောင်ကောင်၌ ပျမ်းမျှနေ့စဉ်အနုတ်အသိမ်းသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် အမေရိကန် ဒေါ်လာ ၈၄.၁ ဘီလီယံ ရှိပြီး အမေရိကန်ဒေါ်လာ၊ Renminbi (တရုတ်ယွမ်ငွေ) နှင့် ဩစတြေးလျဒေါ်လာ OTC အတိုးနှုန်း derivative များက ဟောင်ကောင်ဈေးကွက်တွင် အတက်ကြွဆုံး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Hong Kong remains 4th largest global foreign exchange center: survey
HONG KONG, Sept. 30 (Xinhua) — A survey released Tuesday by the Bank for International Settlements (BIS) showed that Hong Kong remained the fourth largest global foreign exchange center and the top global offshore Renminbi business hub.
The BIS published the results of the 2025 Triennial Central Bank Survey of Foreign Exchange and Over-the-counter (OTC) Derivatives Markets Turnover.
According to the survey results, the average daily turnover of foreign exchange transactions in Hong Kong increased by 27.2 percent to 883.1 billion U.S. dollars in April 2025 from 694.4 billion U.S. dollars in April 2022.
Hong Kong retained the top spot as the largest offshore Renminbi foreign exchange and OTC interest rate derivatives center. The average daily turnover of Renminbi foreign exchange transactions grew by 64.8 percent to 315.1 billion U.S. dollars in April 2025 from 191.2 billion U.S. dollars in April 2022.
As regards OTC interest rate derivatives, the average daily turnover in Hong Kong was 84.1 billion U.S. dollars in April 2025, with U.S. dollar, Renminbi and Australian dollar OTC interest rate derivatives being the most actively traded in the Hong Kong market. ■
English Caption
Photo taken on May 12, 2025 shows the scenery on both sides of Victoria Harbour in Hong Kong, south China. (Xinhua/Chen Duo)