Europe
ရုရှားရေနံမဝယ်ယူရန် အိန္ဒိယကို အမေရိကန် ဖိအားပေးခြင်းမှာ မိမိစွမ်းအင်အရောင်းမြှင့်တင်ရန်အတွက် ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဆိုချီ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
ရုရှားရေနံမဝယ်ယူရန် အိန္ဒိယကို အမေရိကန် ဖိအားပေးခြင်း၏ အကြောင်းရင်းတစ်ခုမှာ မိမိစွမ်းအင်အရောင်းမြှင့်တင်ရန်အတွက် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဆိုချီမြို့၌ စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ Think Tank အဖွဲ့ဖြစ်သည့် Valdai Discussion Club ၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဆိုချီမြို့၌ ကျင်းပလျက်ရှိသည်။
အမေရိကန်က အိန္ဒိယကို ဖိအားပေးပြီး ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်စေရန် ကြိုးပမ်းခြင်း၏ အကြောင်းရင်းအမှန်မှာ အမေရိကန် သမ္မတ ထရမ့် ကြေညာထားသည့် “မိမိနိုင်ငံအကျိုးစီးပွားကို တက်ကြွစွာ ကာကွယ်ရမည်” ကြောင့် ဖြစ်ကြောင်း၊ ထို “မိမိနိုင်ငံအကျိုးစီးပွား” တွင် နိုင်ငံတကာဈေးကွက်၌ မိတ်ဖက်များကို အမေရိကန်၏စွမ်းအင်ထုတ်ကုန် အတင်းအဓမ္မမြှင့်တင်ခြင်း ပါဝင်ကြောင်း Sergey Lavrov က ယင်းနေ့ ကျင်းပသည့် အဆိုပါနှစ်ပတ်လည်အစည်းအဝေးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အမေရိကန်အနေဖြင့် NATO ဥရောပအဖွဲ့ဝင်နိုင်ငံများမှတစ်ဆင့် ယူကရိန်းထံသို့ တိုမာဟော့ခ် ခရုဇ်ဒုံးကျည် ပံ့ပိုးရန် စဉ်းစားနေကြောင်း မကြာသေးမီက ပြောကြားခဲ့သည့်အပေါ် ဆာဂေး လက်ဗ်ရော့ဗ်က တိုမာဟော့ခ် ခရုဇ်ဒုံးကျည် ယူကရိန်းတွင် ထွက်ပေါ်လာသော်ငြားလည်း စစ်ရေးအခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ဟု ရုရှားအနေဖြင့် အတိအလင်းဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ဆာဂေး လက်ဗ်ရော့ဗ်က ကိစ္စရပ်အား အေးဆေးတည်ငြိမ်စွာ ဖြေရှင်းသည့် အချက်အချာမှာ ပဋိပက္ခဖြစ်ပွားသည့် အကြောင်းရင်းကို ဖယ်ရှားခြင်း၊ အနောက်နိုင်ငံများက ယူကရိန်းကို အသုံးချ၍ ရုရှားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုကို ဖယ်ရှားခြင်းနှင့် ယူကရိန်းနယ်နိမိတ်အတွင်းရှိ ရုရှားတိုင်းရင်းသားနှင့် ရုရှားဘာသာစကားသုံး နေထိုင်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
俄外长:美国施压印度停购俄石油是为了推销自家能源
新华社俄罗斯索契10月1日电(记者栾海 郝建伟)俄罗斯外交部长拉夫罗夫9月30日在俄西南部城市索契表示,美国施压印度停购俄石油的原因之一是推销自家能源。
俄智库瓦尔代国际辩论俱乐部第22届年会正在索契举行。拉夫罗夫当天在该年会会场回答记者提问时说,美国向印度施压、企图迫使印度停止购买俄石油的真正原因,是美国总统特朗普宣称的要“积极捍卫本国利益”,这个“本国利益”包括在国际市场向伙伴方强推美国的能源产品。
谈及美国副总统万斯日前表示美国正考虑通过北约欧洲成员国向乌克兰提供“战斧”巡航导弹,拉夫罗夫说,俄方已明确表示,即使“战斧”导弹在乌克兰出现,也不会改变军事局面。
关于政治解决俄乌局势问题,拉夫罗夫表示,平稳解决问题的关键是消除冲突起因,去除西方利用乌克兰给俄安全制造的威胁,以及恢复乌克兰境内俄罗斯族和讲俄语居民的权利。(完)
1. 9月30日,俄罗斯外交部长拉夫罗夫在索契举办的俄智库瓦尔代国际辩论俱乐部第22届年会会场回答记者提问。新华社记者 郝建伟 摄