Asia
မြစ်ကျဉ်းသုံးသွယ် အချက်အချာနေရာ၌ ယခင် သုံးလပတ်ကာလ သုံးခုတွင် ကုန်စည်ဖြတ်သန်းမှုအလေးချိန်ပမာဏ တန်ချိန် ၁၂၈ သန်းအထိ ရှိ

ရီချန်း(ဟူပေ)၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ယခင် သုံးလပတ်ကာလ သုံးခု၌ မြစ်ကျဉ်းသုံးသွယ်အချက်အချာနေရာ၏ စုစုပေါင်း ဖြတ်သန်းသွားလာသည့် ရေယာဉ်ခရီးစဉ်အကြိမ်ရေ ၃၂,၀၁၈ ကြိမ်ရှိရာ ယမန်နှစ် အလားတူကာလထက် ၄.၀၃ ရာခိုင်နှုန်းတိုးတက်လာသလို စုစုပေါင်း ကုန်စည်ဖြတ်သန်းမှုအလေးချိန်ပမာဏ တန်ချိန် ၁၂၈ သန်းရှိရာ ယမန်နှစ် အလားတူကာလထက် ၁၁.၁၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ကယ်ကျိုးရေကာတာ အချက်အချာနေရာ၏ စုစုပေါင်း ဖြတ်သန်းသွားလာသည့် ရေယာဉ်ခရီးစဉ်အကြိမ်ရေ ၃၃,၉၉၈ ကြိမ်ရှိရာ ယမန်နှစ်အလားတူကာလထက် ၅.၂ ရာခိုင်နှုန်း တိုးတက်လာသလို စုစုပေါင်း ကုန်စည်ဖြတ်သန်းမှုအလေးချိန်ပမာဏ တန်ချိန် ၁၃၂ သန်း ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၁.၄၉ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ နေ့စဉ်လူသုံးကုန်စည် တန်ချိန် စုစုပေါင်း ၃၃.၃၀၄၅ သန်း ရေကာတာမှ ဖြတ်သန်းသွားလာရေးကို အာမခံနိုင်ခဲ့ရာ ယန်ဇီမြစ် ရွှေရောင်ရေလမ်း၏ အကျိုးဆောင်မှုအခန်းကဏ္ဍနှင့် မြစ်ကြောင်းတစ်လျှောက် စီးပွားရေးတိုးတက်ရန်အတွက် အားကောင်းသော စွမ်းအားကို စဉ်ဆက်မပြတ် ဖြည့်တင်းခဲ့ကြောင်း ယန်ဇီမြစ်ကျဉ်းသုံးသွယ် ရေကြောင်းသွားလာရေး စီမံခန့်ခွဲမှုဌာန၏ နောက်ဆုံးပြုစုသည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ (Xinhua)
—————————————-
(Chinese Version)
三峡枢纽前三季度通过量达1.28亿吨
新华社照片,宜昌(湖北),2025年10月1日
长江三峡通航管理局最新统计数据显示,2025年前三季度,三峡枢纽累计通过船舶32018艘次,同比增长4.03%,累计通过量达1.28亿吨,同比增长11.15%;葛洲坝枢纽累计通过船舶33998艘次,同比增长5.2%,累计通过量达1.32亿吨,同比增长11.49%;共保障3330.45万吨民生物资过坝,持续为长江黄金水道效益发挥和沿江地方经济发展注入强劲动力。 新华社发(王辉富摄)
1. 10月1日,在湖北省宜昌市,船舶有序通过三峡双线五级船闸(无人机照片)。新华社发(王辉富摄)