Connect with us

China

ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာပညာရပ်ညီလာခံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်မည်

တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ နာနိုသိပ္ပံနှင့်နည်းပညာ (ChinaNANO 2025) ဆိုင်ရာ ၁၀ ကြိမ်မြောက် ညီလာခံဖွင့်ပွဲကျင်းပနေပုံကို ၂၀၂၅ ခုနှစ်၊ သြဂုတ် ၃၀ ရက်က တွေ့ရစဥ် ( ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် (WFEO) ၏ ၂၀၂၅ ခုနှစ်အထွေထွေညီလာခံနှင့် ကမ္ဘာလုံးဆိုင်ရာ အင်ဂျင် နီယာ ပညာရပ်ညီလာခံကို အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ ပြုလုပ်သွားမည်ကြောင်း ပွဲစီစဉ်ကျင်းပသူများ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
“အင်ဂျင်နီယာပညာရပ်ဖြင့် အစိမ်းရောင်အနာဂတ်တစ်ခုအား ပုံဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ၆ ရက် ကြာ ကျင်းပမည့်ညီလာခံ၌ နိုင်ငံတကာ အင်ဂျင်နီယာအသိုက်အဝန်းအတွင်း နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှုများ လွယ်ကူချောမွေ့နေချိန်တွင် တရုတ်နိုင်ငံ၏ အင်ဂျင်နီယာ ပညာရပ် တိုးတက်အောင်မြင်မှုနှင့် အတွေ့အကြုံများကို မျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ နိုင်ငံနှင့် ဒေသပေါင်း ၅၆ ခုမှ ပြည်ပဧည့်သည်ပေါင်း ၃၀၀ ခန့်က ယခုနှစ် ညီလာခံသို့ တက်ရောက်မည်ဆိုခြင်းကို အတည်ပြုစာရင်းပေးထားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ အဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရသိရသည်။
ယခုနှစ်ညီလာခံတွင် ၂၀၂၅ ခုနှစ်ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း အင်ဂျင်နီယာပညာရပ် အောင်မြင်မှု ၁၀ ခုကို တရားဝင် ထုတ်ပြန်ကြေညာပေးမည့်အစီအစဉ် ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Global engineering congress to be held in Shanghai
BEIJING, Oct. 2 (Xinhua) — The World Federation of Engineering Organizations 2025 General Assembly and Global Engineering Congress will be held from Oct. 12 to 17 in Shanghai, according to the organizers.
Themed “Engineering shapes a Green Future,” the six-day event aims to share China’s engineering achievements and experiences while facilitating in-depth cooperation and communication within the international engineering community.
To date, about 300 overseas guests from 56 countries and regions have confirmed their participation in this year’s event, according to the China Association for Science and Technology.
The conference will also include a declaration and the announcement of the 2025 global top 10 engineering achievements. ■
Photo:
This photo taken on Aug. 30, 2025 shows the opening ceremony of the 10th International Conference on Nanoscience and Technology (ChinaNANO 2025), in Beijing, capital of China. (Xinhua/Jin Liwang)