Connect with us

North America

ဟားမက်စ်အဖွဲ့က ဓားစာခံများလွှတ်ပေးရန် သဘောတူညီပြီးနောက် ဂါဇာကိုဗုံးကြဲမှု ရပ်တန့်ရန် အစ္စရေးအား ဒေါ်နယ်ထရမ့် တိုက်တွန်း

ဂါဇာစီးတီးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားသည့် လူနေအဆောက် အအုံတစ်ခုမှ ထွက်ပေါ်လာသော မီးခိုးများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ဖမ်းဆီးထားသော ဓားစာခံများကို လွှတ် ပေးရန် မူအားဖြင့်သဘောတူညီခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဂါဇာစီးတီးကို ဗုံးကြဲတိုက်ခိုက် နေမှုများအား ချက်ချင်းရပ်တန့်ရန် အစ္စရေးအား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ ၃ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဂါဇာပဋိပက္ခအဆုံးသတ်စေရန် ဟားမက်စ်အတွက် ထရမ့်က ၎င်း၏ အချက် ၂၀ ခုပါ အစီအစဉ်ကို အောက်တိုဘာ ၃ ရက် အစောပိုင်းကထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၅ ရက် ဂရင်းနစ်စံတော်ချိန် ည ၂၂း၀၀ နာရီ (အရှေ့ဖျားစံတော်ချိန် ည ၆း၀၀ နာရီ) နောက်ဆုံးထား လက်သင့်ခံရန်နှင့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရန် ရက်သတ်မှတ်ပေးခဲ့ပြီး အကယ်၍ လက်သင့်ခံခြင်းမရှိပါက ငရဲတမျှပြင်းထန်သော တိုက်ခိုက်ဖြိုခွင်းမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဟားမက်စ်အဖွဲ့အား သတိပေးခဲ့သည်။
ဟားမက်စ်အဖွဲ့ကလည်း ထရမ့်၏အစီအစဉ်တွင် အနှစ်ချုပ်ဖော်ပြထားသည့် ဓားစာခံများ အပြန် အလှန်လဲလှယ်ရေးမူဘောင်အရ အသက်ရှင်နေသူများသာမက သေဆုံးသွားသူများ အပါအဝင် ဓားစာခံအားလုံးကို လွှတ်ပေးရန် မူအားဖြင့်သဘောတူညီသည်ဆိုသော ၎င်းတို့၏တုံ့ပြန်မှုကို ဒေသတွင်းနှင့် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းသူများထံ ပေးပို့ထားပြီးဖြစ်ကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့သည်။
ဟားမက်စ်အဖွဲ့၏ကြေညာချက်ထဲတွင် အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံများ၏ ကျောထောက်နောက်ခံပေး မှုဖြင့် ဂါဇာအုပ်ချုပ်ရေးကို လွတ်လပ်ပြီး အမှီအခိုကင်းသည့် ကျွမ်းကျင်ပညာရှင်များပါဝင်သော ပါလက်စတိုင်းအဖွဲ့ထံသို့ လွှဲပြောင်းပေးမည့်အချက်လည်း ပါဝင်ခဲ့သည်။
ဟားမက်စ်အဖွဲ့က ၎င်းတို့အနေဖြင့် အာရပ်နိုင်ငံများ၊ အစ္စလာမ်မစ်နိုင်ငံများ၊ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အမေရိကန်တို့၏ ပဋိပက္ခအဆုံးသတ်စေရန် အားထုတ်ကြိုးပမ်းမှုများအပေါ် တန်ဖိုးထား လေးစား ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဝင်ခွင့်ပြုရန်နှင့် ပါလက်စတိုင်းပြည်သူများ ကို ဖယ်ရှားနှင်ထုတ်ခြင်းအား တားဆီးရန်လိုအပ်သလို ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်သိမ်းပိုက် ရယူမည့် မည်သည့်အစီအစဉ်ကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
အမေရိကန်၏ အဆိုပြုချက်များကြောင့် ဂါဇာကမ်းမြောင်ဒေသ၏ အနာဂတ်နှင့် သက်ဆိုင်ရာ နိုင်ငံတကာဥပဒေ၊ ဆုံးဖြတ်ချက်များနှင့်အညီ စုပေါင်းထားသော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး မူဘောင်အတွင်း ပို၍ကျယ်ပြန့်သော ပါလက်စတိုင်းအခွင့်အရေးများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာ အခြားအကြောင်းကိစ္စများ မြင့်တက်စေခဲ့ကြောင်းလည်း ဟားမက်စ်အဖွဲ့က ထောက်ပြခဲ့သည်။
အမေရိကန်၏ အဆိုပြုချက်မှာ ဓားစာခံနှင့် အကျဉ်းသားများလွှတ်ပေးရေး သဘောတူညီမှုအတွက် အပစ်အခတ်ရပ်စဲထားရန်၊ အစ္စရေးတပ်ဖွဲ့များ ဂါဇာမှ ရုပ်သိမ်းပေးရန်၊ ပဋိပက္ခအလွန် ဂါဇာ ပြန်လည် တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးကို နိုင်ငံတကာမှ ကြီးကြပ်ရန် ပေါင်းစပ်အဆိုပြုထားခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအောက်တွင် အစ္စရေးအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကိုရပ်တန့်ပြီး တပ်ဖွဲ့ဝင်များကိုလည်း သဘောတူညီထားသည့် နယ်နိမိတ်မျဉ်းသို့ ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်သည်။ ဟား မက်စ်အဖွဲ့ဘက်မှလည်း အစ္စရေးဘက်မှ လူသိရှင်ကြား သဘောတူလက်ခံပြီး ၇၂ နာရီအတွင်း အသက်ရှင်နေသူများသာမက သေဆုံးသွားသူများလည်းအပါအဝင် ကျန်ရှိနေသည့် ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရမည်ဖြစ်သည်။ အစ္စရေးဘက်မှလည်း အပြန်အလှန်အနေဖြင့် ရွေးချယ်ထားသည့် အကျဉ်းသားများနှင့် ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးမည်ဟု အာမခံရမည်ဖြစ်ကာ လက်နက်စွန့်ထားသည့် ဟားမက်စ်အဖွဲ့ဝင်များအား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည်ဆိုပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည် သို့မဟုတ် ဘေးကင်းစွာထွက်ခွာခွင့်ပေးမည်ဟု အာမခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
Trump urges Israel to stop bombing Gaza after Hamas agrees to release hostages
WASHINGTON, Oct. 3 (Xinhua) — U.S. President Donald Trump on Friday demanded that Israel immediately stop bombing Gaza, hours after Hamas said it had agreed in principle to release hostages.
Earlier in the day, Trump set a deadline for Hamas to accept his “20-point plan” to end the Gaza conflict by 6 p.m. EDT (2200 GMT) on Sunday and rebuild the enclave, warning that otherwise “all hell” would break out against the group.
Hamas later announced it had submitted its response to regional and international mediators, saying it agreed in principle to release all Israeli hostages, both living and dead, under the exchange framework outlined in the plan. The group said it was ready to begin immediate negotiations through mediators on implementation details.
In a statement, Hamas also said it would transfer Gaza’s administration to a Palestinian body of independent technocrats and backed by Arab and Islamic countries.
The group said it valued Arab, Islamic, international and U.S. efforts to end the conflict, allow humanitarian aid, prevent Palestinian displacement and reject any reoccupation of Gaza. Other issues raised in the U.S. proposal concerning Gaza’s future and broader Palestinian rights would be addressed within a collective Palestinian framework, in line with relevant international laws and resolutions, it said.
The U.S.-proposed plan combines a ceasefire-for-hostages deal, phased Israeli withdrawal, and international oversight on Gaza’s reconstruction and governance after the end of the conflict.
Under the ceasefire terms, Israel would halt military actions and pull back to the agreed lines. Hamas, within 72 hours of Israel’s public acceptance, must release all remaining hostages, living or deceased. In return, Israel pledges to free select prisoners and detainees, while disarmed Hamas members pledging peaceful coexistence could receive amnesty or a safe exit. ■
Photo:
Smoke rises from a collapsed residential building following an Israeli airstrike in Gaza City, Sept. 5, 2025. (Photo by Rizek Abdeljawad/Xinhua)