Connect with us

China

နျူလက်နက် ပိုင်ဆိုင်သောနိုင်ငံများအနေဖြင့် နျူကလီးယားစစ်ပွဲ အန္တရာယ်ကို ထိရောက်စွာ လျှော့ချသင့်ဟု တရုတ်နိုင်ငံ ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ဟေတီနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်အား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Cia Pak/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

နျူလက်နက် ပိုင်ဆိုင်သောနိုင်ငံများအနေဖြင့် နျူကလီးယားစစ်ပွဲ အန္တရာယ်ကို ထိရောက်စွာ လျှော့ချသင့်ကြောင်း တရုတ်သံတမန်က မတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။

“နိုင်ငံကြီးတွေကြားမှ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမြောက် တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် အခြေခံကျတဲ့ အာမခံပဲ” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ခြိမ်းခြောက်မှုဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။

ယမန်နှစ် ဇန်နဝါရီလတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သော ၅ နိုင်ငံက နျူကလီးယားစစ်ပွဲမှာ အနိုင်ရသူမရှိသလို နျူကလီးယားစစ်ဖြစ်ပွါး၍လည်း မရကြောင်း၊ နျူကလီးယားလက်နက်သည် အချင်းချင်း သို့မဟုတ် အခြားမည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမပြုဟု ထပ်လောင်းအတည်ပြုထားသော ပူးတွဲကြေညာချက်အား ထုတ်ပြန်ခဲ့ကြောင်း ကိန်းက ဆိုသည်။

“နျူလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေကြား လက်ရှိ တင်းမာမှုက နောက်ခံဖြစ်ရပ်ကို ဆန့်ကျင်နေပြီး သမိုင်းဝင်ကြေညာချက်ရဲ့ အထူးအရေးပါမှုကို ပိုမိုထင်ရှားလာစေပါတယ်”

“တရုတ်နိုင်ငံအနေနဲ့ ဒီကြေညာချက်ရဲ့ သဘောထားကို လိုက်နာဖို့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအားလုံးကို ပြောကြားလိုတာကတော့ နျူကလီးယားစစ်ပွဲအန္တရာယ်ကို ထိထိရောက်ရောက်လျှော့ချဖို့နဲ့ နျူလက်နက်ပိုင်နိုင်ငံတွေကြား မည်သည့် လက်နက်ကိုင်ပဋိပက္ခမျိုးကိုမဆို ရှောင်ရှားဖို့ ပြောကြားလိုက်ပါတယ်” ဟု ကိန်းစွမ်က ပြောခဲ့သည်။ (Xinhua)

…………………………………….
(English Version)
China calls on all nuclear weapon states to effectively reduce risk of nuclear war
UNITED NATIONS, March 31 (Xinhua) — A Chinese envoy said on Friday that China calls on all nuclear weapon states to effectively reduce the risk of a nuclear war.
“Mutual trust and cooperation among major countries are the fundamental guarantee for maintaining global strategic stability,” Geng Shuang, China’s deputy permanent representative to the United Nations, told the Security Council briefing on threats to international peace and security.
Geng said that in January last year, the leaders of the five nuclear weapon states issued a joint statement emphasizing that nuclear war cannot be won and must never be fought, and reaffirming that none of the nuclear weapons are targeted at each other or at any other state. “Against the backdrop of the current tense relations among the nuclear weapon states, the special significance of this historic statement is all the more prominent.”
“China calls on all nuclear weapon states to abide by the vision of the statement, effectively reduce the risk of a nuclear war, and avoid any armed conflict between nuclear weapons states,” said the ambassador.

Photo: Geng Shuang (Front), China’s deputy permanent representative to the United Nations, addresses a UN Security Council meeting on the question concerning Haiti at the UN headquarters in New York, on Oct. 4, 2021. (Cia Pak/UN Photo/Handout via Xinhua)