International Organizations
ဘယ်လင်ဂမ်၊ ဖိုဒန်နှင့် ဂရီယာလစ်ရှ်တို့ကို အင်္ဂလန်လူစာရင်းမှ ချန်လှပ်ထားခဲ့မှုအတွက် ပြဿနာမရှိကြောင်း တူချယ်အခိုင်အမာပြောကြား

လန်ဒန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ဝေးလ်၊ လတ်ဗီးယားတို့နှင့်ကစားရမည့်ပွဲစဉ်များအတွက် အင်္ဂလန်လက်ရွေးစင်အသင်း၏ နောက်ဆုံး လူစာရင်းတွင် ဂျုဒ်ဘယ်လင်ဂမ်၊ ဖီးလ်ဖိုဒန်နှင့် ဂျက်ဂရီယာလစ်ရှ်တို့ကို ချန်လှပ်ထားခဲ့ပြီးနောက် တင်းမာမှုများရှိနေသည်ဟူသော သုံးသပ်မှုများကို အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က ပယ်ချလိုက်သည်။
အသက် ၂၂ နှစ်အရွယ်သာရှိသေးသော ဘယ်လင်ဂမ်မှာ မကြာသေးခင်ကမှ ပခုံးဒဏ်ရာမှ သက်သာပြီး ပြန်လည်ကစားနိုင်ခဲ့သူဖြစ်သည်။ ၎င်းမှာ ကြံ့ခိုင်မှုပြန်လည်ရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် ပွဲထွက်လူစာရင်းမှ တစ်ပွဲသာ ကစားပေးနိုင်ခဲ့သည်။ အင်္ဂလန်လူစာရင်းတွင် ပါဝင်ခွင့်ရရန် ကွင်းလယ် ကစားသမားဘယ်လင်ဂမ်က ဆန္ဒရှိခဲ့သော်လည်း သောမတ်စ်တူချယ်ကမူ စက်တင်ဘာလအတွင်းက ရွေးချယ်ခဲ့သော ကစားသမားများကိုသာ ဆက်လက်ရွေးချယ်ခဲ့ပြီး ဘယ်လင်ဂမ်ကို ချန်လှပ်ထားခဲ့သည်။
“ဘယ်လင်ဂမ်ဟာ တကယ့်ကို ကောင်းတဲ့ ကစားသမားပါ။ တကယ်ကောင်းတဲ့ကစားသမားတွေ အတွက် အထူးစည်းမျဉ်းတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ တူညီတဲ့လူစာရင်းနဲ့ပဲ ဆက်ပြီးခရီးဆက်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်” ဟု တူချယ်က ပြောကြားခဲ့သည်။
” ဂျုဒ်(ဘယ်လင်ဂမ်)က အမြဲလက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ထိုက်တန်သူပါ။ ဒါပေမဲ့ ရီးရဲလ်မှာခုထိ သူ့ရစ်သမ်ကို အပြည့်အ၀ ပြန်မရနိုင်သေးပါဘူး။ ဒဏ်ရာကပြန်ကောင်းလာပြီးနောက် တစ်ပွဲအပြည့်တောင် ဘယ်လင်ဂမ် မကစားနိုင်သေးဘူး။ သူက လက်ရွေးစင်အသင်းမှာ ပါဝင်ချင်ပါတယ်။ ကျွန်တော်တို့ ဖုန်းလည်းပြောခဲ့ပါတယ်” ဟု တူချယ်က ဆက်လက်ပြောသွားခဲ့သည်။
ယခုနှစ်စပိုင်းက ကွင်းအတွင်းဘယ်လင်ဂမ်၏ အပြုအမူများနှင့်ပတ်သက်၍ တိုက်ရိုက်ထုတ်လွှင့်နေသော အင်တာဗျူးတွင် တူချယ်က ဝေဖန်ခဲ့ပြီးနောက် နှစ်ဦးကြားတင်းမာမှု အခြေအတင်ဖြစ်ခဲ့သည်။ သို့သော် တူချယ်က ၎င်း၏ မှတ်ချက်မှာ မရည်ရွယ်ဘဲပြောဆိုမိ ခဲ့ခြင်းသာဖြစ်ကာ စကားလုံးအသုံးအနှုန်းရွေးချယ်မှုကို ပိုမိုဂရုစိုက်တော့မည်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။
ဘယ်လင်ဂမ်နှင့် အမှန်တကယ်ပြဿနာဖြစ်နေသေးလားဟူသောမေးမြန်းမှုကိုလည်း တူချယ်က “ဘယ်လင်ဂမ်၊ ဖီးလ်ဖိုဒန် ဒါမှမဟုတ် ဂျက်ဂရီယာလစ်ရှ်တို့နဲ့လည်း ပြဿနာမရှိပါဘူး”ဟု ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။ (Xinhua)
…………………………………
(English Version)
Tuchel insists no rift with Bellingham, Foden or Grealish after England snub
LONDON, Oct. 3 (Xinhua)
Coach Thomas Tuchel has downplayed suggestions of tension after leaving Jude Bellingham, Phil Foden and Jack Grealish out of his latest England squad for matches against Wales and Latvia.
Bellingham, 22, has returned from a shoulder injury but has made just one start for Real Madrid since regaining fitness. Despite the midfielder’s desire to be included, Tuchel opted to stick with the same group of players from last month’s camp.
“He is a special player, and for special players there can always be special rules,” Tuchel said. “But we decided to keep with the straightforward decision of inviting the same group.”
“Jude always deserves to be here. There is also the situation that he has not quite gathered his full rhythm again at Real Madrid – he has not finished a full match.
“He wanted to be called up. We had a phone call,” he added.
Tuchel also moved to clarify his relationship with Bellingham, having apologized earlier this year for describing his on-pitch behavior as “repulsive” during a live interview. The England manager stressed the comment was unintentional and pledged to choose his words more carefully.
Asked directly if he had a problem with Bellingham, Tuchel replied: “No. And there is also no problem with Phil Foden or Jack Grealish either.
Photo:
Jude Bellingham of England gestures during the UEFA Euro 2024 quarter-final match between England and Switzerland in Dusseldorf, Germany on July 6, 2024. (Xinhua/Xiao Yijiu)