International Organizations
ရှန်ဟိုင်းမာစတာစ် တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ကွာတားဖိုင်နယ်တက်ရောက်

ရှန်ဟိုင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ရှန်ဟိုင်းမာစတာစ် တင်းနစ်ပြိုင်ပွဲတွင် နိုဗက် ဂျိုကိုဗစ်က ဘယ်ဘက်ခြေချင်းဝတ်ဒဏ်ရာ၊ ရှန်ဟိုင်းမြို့၏ စိုထိုင်းမှုနှင့် ပြိုင်ဘက်ဖြစ်သူ ဂျာအူမေ မူနာ၏ ကျားကုတ်ကျားခဲ တုံ့ပြန်ကစားမှုတို့ကို ရင်ဆိုင်ကျော်လွှားကာ ယင်းပြိုင်ပွဲ၌ ၁၁ ကြိမ်မြောက်အဖြစ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
အဆိုပါ ဆားဘီးယား တင်းနစ်ကစားသမားအနေဖြင့် ၂ နာရီနှင့် မိနစ် ၄၀ ကြာမြင့်သည့် ထိုပွဲစဉ်၌ ခြေထောက်ဒဏ်ရာကြောင့် ပွဲကို အကြိမ်ကြိမ် ခေတ္တရပ်နားခဲ့ရပြီး ကစားသမားနှစ်ဦး ဘက်ပြောင်းရန် ခေတ္တ ပွဲရပ်နားချိန်တွင်လည်း ၎င်း၏ဦးခေါင်းအား မကြာခဏ ရေခဲကပ်ပေးခဲ့ရသလို ပွဲကစားချိန်အတွင်း စိုထိုင်းဆမှာလည်း ၈၂ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရသည်။ ဂျိုကိုဗစ်မှာ ကွင်းဘေး၌ အော့အန်ခြင်း၊ ဒုတိယပွဲလတ်တွင် ရှုံးနိမ့်ပြီးနောက် ဆေးကုသမှုမခံယူမီ ကွင်းထဲတွင် လဲကျခြင်းတို့လည်း ဖြစ်ပွားခဲ့သည်။
ထိုသို့ ခက်ခဲကြမ်းတမ်းသည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အသက် ၃၈ နှစ်အရွယ် ဂျိုကိုဗစ်မှာ ယခုရာသီ၌ ရုပ်ပိုင်းဆိုင်ရာအရ စိန်ခေါ်မှုအပြင်းထန်ဆုံး ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည့် အဆိုပါပွဲစဉ်၌ မူနာအား ၆-၃၊ ၅-၇၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။
ဂျိုကိုဗစ်အနေဖြင့် ၎င်းပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရှန်ဟိုင်းမာစတာစ်ပြိုင်ပွဲ ၁၁ ကြိမ်လုံးတွင် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ကာ ယင်းပြိုင်ပွဲ၌ ချန်ပီယံဆုဖလားကို လေးကြိမ်တိုင်တိုင် စံချိန်တင်ကိုင်မြှောက်နိုင်ခဲ့သည်။ ကမ္ဘာ့အဆင့်-၅ ဖြစ်သည့် ဂျိုကိုဗစ်မှာ ရှန်ဟိုင်းမာစတာစ်ပြိုင်ပွဲတွင် ဆက်လက်ကျန်ရှိနေသည့် ကစားသမားများအနက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အမြင့်ဆုံးဖြစ်ကာ ကွာတားဖိုင်နယ်တွင် ဘယ်လ်ဂျီယမ် ကစားသမား ဇီဇူဘာ့ဂ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောက်တိုဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်တစ်ပွဲတွင် ဟော်လ်ဂါရူးန်က ပြင်သစ်ကစားသမား ဂျီယိုဗန်နီ အမ်ပက်ရှီ ပယ်ရီကာ့ဒ်အား ၆-၄၊ ၆-၇ (၇)၊ ၆-၃ ဖြင့် အနိုင်ယူကာ သုံးနှစ်နီးပါးအတွင်း ၎င်းအတွက် ပထမဆုံး ATP Masters 1000 ဆုဖလားကို ဆွတ်ခူးနိုင်ရန် ခြေတစ်လှမ်း ပိုမိုနီးစပ်လာပြီဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က ကျင်းပသည့် ATP World Tour ရှန်ဟိုင်းမာစတာစ် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ၁၆ ဦးအဆင့် ပွဲစဉ်၌ ဆားဘီးယားနိုင်ငံမှ နိုဗက် ဂျိုကိုဗစ်နှင့် စပိန်နိုင်ငံမှ ဂျာအူမေ မူနာတို့ ယှဉ်ပြိုင်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က ကျင်းပသည့် ATP World Tour ရှန်ဟိုင်းမာစတာစ် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ၁၆ ဦးအဆင့် ပွဲစဉ်၌ ဆားဘီးယားနိုင်ငံမှ နိုဗက် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ကစားနေသည့် စပိန်နိုင်ငံမှ ဂျာအူမေ မူနာအား တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Djokovic enters quarters at Shanghai Masters
SHANGHAI, Oct. 7 (Xinhua) — Novak Djokovic overcame pain in his left ankle, the Shanghai humidity and the challenge of Jaume Munar to reach the quarter-finals at the Shanghai Masters for the 11th time on Tuesday.
The Serbian received multiple medical timeouts for a leg issue during the two hours and 40 minutes clash and frequently placed an ice towel over his head during changeovers, with humidity levels exceeding 82 percent. Djokovic threw up courtside on several occasions and collapsed to the floor after losing the second set before he received medical support.
However, despite the challenging conditions, the 38-year-old dug deep to grind down Munar 6-3, 5-7, 6-2 in one of the most physical matches of the season.
Djokovic has reached the quarter-finals in all 11 of his Shanghai appearances, lifting the trophy a record four times. The world No. 5 is the highest-ranked left player in the draw and he will next meet Belgian Zizou Bergs.
Also on Tuesday, Holger Rune moved a step closer to his first ATP Masters 1000 title in almost three years, after he overcame Frenchman Giovanni Mpetshi Perricard 6-4, 6-7(7), 6-3.
English Caption 1
Novak Djokovic celebrates after the men’s singles round of 16 match between Novak Djokovic of Serbia and Jaume Munar of Spain at the ATP World Tour Shanghai Masters tennis tournament in Shanghai, east China, Oct. 7, 2025. (Xinhua/Chen Haoming)
English Caption 2
Photo taken on Oct. 7, 2025 shows the men’s singles round of 16 match between Novak Djokovic of Serbia and Jaume Munar of Spain at the ATP World Tour Shanghai Masters tennis tournament in Shanghai, east China. (Xinhua/Chen Haoming)
English Caption 3
Jaume Munar competes during the men’s singles round of 16 match between Novak Djokovic of Serbia and Jaume Munar of Spain at the ATP World Tour Shanghai Masters tennis tournament in Shanghai, east China, Oct. 7, 2025. (Xinhua/Chen Haoming)