Connect with us

International Organizations

မေဂျာလိဂ်ဘောလုံးရာသီအကုန်တွင် အင်တာမိုင်ယာမီနောက်ခံလူ ဂျော်ဒီအယ်လ်ဘာ အနားယူမည်

စပိန်နိုင်ငံ ဇာရာဂိုဇာမြို့ ၂၀၂၂ UEFA အမျိုးသားလိဂ်ပွဲစဉ်၊ လိဂ်အေ အုပ်စု ၂ ပွဲစဥ် ဆွစ်ဇာလန်အသင်းနှင့် ပွဲတွင် ဂိုးသွင်းအပြီး စပိန်အသင်းမှဂျော်ဒီအယ်လ်ဘာ အောင်ပွဲခံနေသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မိုင်ယာမီ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
အင်တာမိုင်ယာမီနောက်တန်းကစားသမား ဂျော်ဒီအယ်လ်ဘာက ဆယ်စုနှစ်နှစ်ခုနီးပါး ၎င်း၏ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် အနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အသက် ၃၆ နှစ်အရွယ် ဘာစီလိုနာအသင်းကစားသမားဟောင်းနှင့် စပိန်အသင်းဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာသည် အင်တာမိုင်ယာမီအသင်းနှင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုထားသော်လည်း လက်ရှိ မေဂျာလိဂ်ဘောလုံးရာသီအကုန်တွင် အနားယူတော့မည်ဖြစ်ကြောင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော့်ဘဝရဲ့ စစ်မှန်ပြီးအဓိပ္ပာယ်ပြည့်ဝတဲ့အခန်းကဏ္ဍကို ရပ်တန့်ဖို့အချိန်ရောက်လာပါပြီ ” ဟု အယ်လ်ဘာက အင်စတာဂရမ်ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။
“အခုဘောလုံးရာသီကုန်ဆုံးချိန်မှာ ကျွန်တော့်ရဲ့ဘောလုံးသမားဘဝအသက်မွေးဝမ်းကျောင်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ပြီးပါပြီ၊ ငြိမ်းချမ်းပျော်ရွင်စွာနဲ့ ခိုင်ခိုင်မာမာ ကျွန်တော်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အယ်လ်ဘာသည် ဆယ်ကျော်သက်အရွယ်တွင် ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ကာ ဗယ်လန်စီယာအသင်းတွင် အောင်မြင်သောကာလတစ်ခုဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင်‌ ဘာစီလိုနာအသင်းကို ပြန်လည် ရောက်ရှိ ခဲ့သည်။
၎င်းပါဝင်သည့်ဘာစီလိုနာအသင်းသည် လာလီဂါ ဆုဖလားခြောက်ကြိမ်ရရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ် ချန်ပီယံ လိဂ်ဆုဖလားရရှိခဲ့သည်။ စပိန်လက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် ၉၃ ပွဲကစားခဲ့ပြီး စပိန်အသင်းသည် ၂၀၁၂ ဥရောပချန်ပီယံဆုဖလားကို ဆွတ်ခူးရရှိခဲ့သည်။
“ဂျော်ဒီဟာ အင်တာမိုင်ယာမီအသင်းအတွက် ထူးခြားသည့်ဖြည့်စွက်ချက်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့မေဂျာလိဂ် ဘောလုံးရာသီနှစ်ခုအတွင်း ထင်ရှားတဲ့ ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်”
“သူ့ရဲ့အတွေ့အကြုံ၊ အပေးအယူမျှတမှုနဲ့ တိုက်စစ်အထောက်အကူပေးမှုတွေက အသင်းရဲ့အောင်မြင်မှုအတွက် အလွန်အရေးပါပါတယ်၊ ဂိုးရရှိမှုတွေ ဂိုးဖန်တီးပေးမှုတွေအပြင် အသင်းအတွင်း ထူးချွန်တဲ့ အရည်အချင်း တစ်ခုဖြစ်ပြီး စံပြအတုယူစရာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ပါတယ်” ဟု အင်တာမိုင်ယာမီအသင်း‌ ပိုင်ရှင် ဂျော့စ်မက်က ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းတွင် အယ်လ်ဘာနှင့်အတူကစားခဲ့ဖူးသည့် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကလည်း ဆိုရှယ်မီဒီယာတွင် ဂုဏ်ပြုစကားပြောဆိုခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဂျော်ဒီရေ၊ မင်းကိုလွမ်းနေရတော့မှာပါ၊ အခု ဘယ်သူက ငါ့ကို ဂိုးသွင်းနိုင်အောင်ဖန်တီးပေးတော့မလဲ” ဟု ရှစ်ကြိမ်မြောက် ဘလွန်းဒီအောဆုရှင် မက်ဆီက ပြောကြားခဲ့သည်။
ဘရာဇီးရှေ့တန်းတိုက်စစ်မှူး နေမာကလည်း ဘာစီလိုနာအသင်းကစားဖော်ဖြစ်ခဲ့သည့် အယ်လ်ဘာအတွက် “မင်းရဲ့ကစားသမားဘဝတစ်ကွေ့မှာ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့လို့ ဂုဏ်ယူပါတယ်” ၎င်း၏ဆုမွန်ကောင်း တောင်းမှုကိုရေးသားဖော်ပြခဲ့သည်။ (Xinhua)
………………….
(English Version)
Inter Miami defender Jordi Alba to retire at end of MLS season
MIAMI, Oct. 7 (Xinhua) — Inter Miami defender Jordi Alba has announced his retirement after a professional career spanning almost two decades.
The 36-year-old former Barcelona and Spain left-back is under contract with Inter Miami until December 2027, but said he will step away at the end of the current MLS season.
“The time has come to close a truly meaningful chapter in my life,” Alba said in a video on Instagram.
“I’ve decided to bring my professional football career to an end at the conclusion of this season. I do so with complete conviction, peace, and happiness.”
Alba, who was released by Barcelona as a teenager, rejoined the Catalan club in 2012 after a successful spell at Valencia.
He was part of the Barcelona side that won six La Liga titles and the 2014-15 Champions League. He was capped 93 times for Spain, winning the 2012 European Championship.
“Jordi has been an exceptional addition to Inter Miami and one of the standout players in Major League Soccer over the past two seasons,” Inter Miami managing owner Jorge Mas said.
“His experience, consistency and attacking contribution have been very important to the club’s success. Beyond the goals and assists, he has been a great asset within the team and an exemplary professional.”
Inter Miami captain Lionel Messi, who played with Alba at Barcelona, was among those to pay tribute to the Spaniard on social media.
“Thanks to you, Jordi. I’m going to miss you so much,” the eight-time Ballon d’Or winner said. “Who’s going to give me the assists now?”
Neymar, who also shared the Blaugrana dressing room with Alba, was another to express his best wishes.
“It was an honor to be a part of your career,” the Brazilian forward wrote.
Photo : Jordi Alba of Spain celebrates his goal during the League A Group 2 match against Switzerland at the 2022 UEFA Nations League in Zaragoza, Spain, Sept. 24, 2022. (Photo by Marcos Cebrian/Xinhua)