North America
“ငြိမ်းချမ်းရေး အစီအစဉ်” ပထမအဆင့် အစ္စရေးနှင့် ဟားမက်စ် သဘောတူညီမှုရရှိဟု ထရမ့် ဆို

ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) တို့က အမေရိကန်အဆိုပြုသော ဂါဇာကမ်းမြောင်ဒေသ “ငြိမ်းချမ်းရေး အစီအစဉ်” ပထမအဆင့်ကို သဘောတူခဲ့ကြသည်ဟု အမေရိကန် သမ္မတ ထရမ့်က အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ပို့စ်ရေးသား၍ ကြေညာခဲ့သည်။
“တည်ငြိမ် ခိုင်ခံ့တဲ့၊ အဓွန့်ရှည် ထာဝရဖြစ်တဲ့ ငြိမ်းချမ်းရေးရဲ့ ပထမခြေလှမ်းအဖြစ်” ဖမ်းဆီးထားခံရသော အစ္စရေးများအားလုံး မကြာမီတွင် ပြန်လွှတ်ပေးမည်ဖြစ်ပြီး အစ္စရေးစစ်တပ်ကလည်း နှစ်ဖက် ညှိနှိုင်းသတ်မှတ်ထားသော နယ်နိမိတ်မျဉ်းသို့ ပြန်လည် ဆုတ်ခွာမည်ဖြစ်သည်ဟု ဆိုလိုကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ဘက်အသီးသီးအနေဖြင့် “တရားမျှတစွာ ဆက်ဆံခံရမည်” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထရမ့်က ကြားဝင်ဖျန်ဖြေပေးသူများဖြစ်သော ကာတာ၊ အီဂျစ်နှင့် တူကီယဲတို့ကိုလည်း ကျေးဇူးတင်ခဲ့သည်။ ယင်းနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အမေရိကန်ဘက်၏ အတူတကွ ကြိုးစားမှုကြောင့် ဤ “သမိုင်းဝင်” ကိစ္စရပ်ကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီဂျစ်၊ ကာတာစသည့် ကြားဝင်ဖျန်ဖြေပေးသည့်ဘက်များက ဂါဇာ အပစ်အခတ်ရပ်စဲရေး အသစ်တစ်ဖန်စေ့စပ်ညှိနှိုင်းမှုသည် ဂါဇာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီချက် စည်းကမ်းချက်အားလုံးနှင့် လက်တွေ့ဖော်ဆောင်ရေး ယန္တရားများအားလုံးကို အကျုံးဝင်သည့် သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း ကြေညာခဲ့ပြီး သဘောတူညီချက်၏ နောက်ဆုံးဗားရှင်းကို လက်ရှိတွင် ရေးဆွဲလျက်ရှိကြောင်း အတည်ပြုခဲ့သည်ဟု အီဂျစ်နိုင်ငံ ကိုင်ရိုသတင်း ရုပ်သံလိုင်းက ယင်းနောက် မကြာမီတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဟားမက်စ်၊ အစ္စရေး ဝန်ကြီးချုပ်ရုံး အသီးသီးတို့က ကြေညာချက်ထုတ်ပြန်၍ သဘောတူညီချက်ရရှိခဲ့ကြောင်း အတည်ပြုခဲ့ကြသည်။
အစောပိုင်းတွင် “The Times of Israel” ဝက်ဘ်ဆိုက်၌ စေ့စပ်ညှိနှိုင်းမှုနှင့် ရင်းနှီးသော အစ္စရေး သတင်းအရင်းအမြစ်များစွာက ဂါဇာ အပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းမှု၏ အဓိက အခက်အခဲကို ဖြေရှင်းခဲ့ပြီး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိသည်မှာ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အကြောင်းအရာများသာဖြစ်ကြောင်း၊ အစ္စရေးနှင့် ဟားမက်စ်တို့ အောက်တိုဘာ ၉ ရက်တွင် သဘောတူညီချက် လက်မှတ်ရေးထိုး၍ ဖမ်းဆီးခံထားရသူများ အောက်တိုဘာ ၁၁ ရက်တွင် ပြန်လွှတ်ပေးနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၈ ရက် အစောပိုင်းတွင် ထရမ့်က အီဂျစ်နိုင်ငံတွင် ကျင်းပနေသော ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ သဘောတူညီမှုရရှိရန် “အလွန်နီးစပ်” လာသောကြောင့် ၎င်းအနေဖြင့် ယခုသီတင်းပတ်တွင် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်နိုင်ကြောင်း၊ ဟားမက်စ်နှင့် အစ္စရေးတို့သည် ဂါဇာ အပစ်အခတ်ရပ်စဲရေး အသစ်တစ်ဖန် စေ့စပ်ညှိနှိုင်းမှုကို အီဂျစ်နိုင်ငံ Sharm El-Sheikh မြို့တွင် အောက်တိုဘာ ၆ ရက်၌ စတင်ခဲ့ပြီး အောက်တိုဘာ ၈ ရက်သည် အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှု တတိယနေ့ဖြစ်ကြောင်း အိမ်ဖြူတော်၌ မီဒီယာများထံ ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
特朗普称以色列与哈马斯就“和平计划”第一阶段达成协议
新华社华盛顿10月8日电(记者熊茂伶)美国总统特朗普8日傍晚在社交媒体发文宣布,以色列和巴勒斯坦伊斯兰抵抗运动(哈马斯)已经同意美方所提加沙地带“和平计划”的第一阶段。
特朗普说,这意味着所有以方被扣押人员将很快获释,以色列军队也将撤回至双方商定的界线,“作为迈向稳固、持久和永久和平的第一步”。特朗普称,各方都将得到“公平对待”。
特朗普同时感谢作为斡旋方的卡塔尔、埃及和土耳其,说这些国家的代表与美方共同努力,使这一“历史性”事件成为现实。
埃及开罗新闻电视台稍后报道,埃及、卡塔尔等斡旋方宣布,新一轮加沙停火谈判已达成一项涵盖加沙停火协议第一阶段所有条款和实施机制的协议,并确认协议最终版本目前正在起草中。
哈马斯、以色列总理府各自发布声明,证实协议达成。
据《以色列时报》网站稍早时候以多名谈判知情人士为消息源报道,加沙停火谈判的主要难题已经解决,剩下有待完成的只是一些程序性内容。以色列与哈马斯9日将签署协议,以方被扣押人员有望11日获释。
8日早些时候,特朗普在白宫对媒体说,鉴于正在埃及举行的加沙地带停火谈判“非常接近”达成协议,他可能于本周末前往中东。哈马斯与以色列6日在埃及沙姆沙伊赫市开始新一轮加沙停火谈判,8日是停火谈判的第三天。(完)
图说:9月30日,在美国首都华盛顿白宫,美国总统特朗普回答记者提问。新华社记者 胡友松 摄