Australia / Oceania
တရုတ်ရေတပ်ဆေးရုံသင်္ဘောက ဖီဂျီနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပြီးစီး၊ တွန်ဂါနိုင်ငံသို့ ဦးတည်ထွက်ခွာ

ဆူဗား၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်ရေတပ်ဆေးရုံသင်္ဘောကြီးဖြစ်ပြီး Mission Harmony-2025 ကို ထမ်းဆောင်လျက်ရှိသည့် “ပိုးလမ်းမသင်္ဘော” သည် ဖီဂျီနိုင်ငံသို့ ၇ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်နှင့် လူသားချင်းစာနာထောက်ထားမှု ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကို အောင်မြင်စွာ ဆောင်ရွက်ပြီးခဲ့ပြီဖြစ်ရာ တွန်ဂါနိုင်ငံသို့ အောက်တိုဘာ ၈ ရက်က ထွက်ခွာသွားခဲ့သည်။
ဖီဂျီနိုင်ငံတွင် ရှိနေစဉ်အတွင်း ထိုဆေးရုံသင်္ဘောကြီးသည် လူနာကြည့်ရှုအကြိမ်ရေ ၃,၃၃၀ အား ဆေးဘက်ဆိုင်ရာ ကုသမှု ပေးခဲ့ကာ အမျိုးအစားစုံလင်သော ခွဲစိတ်ကုသမှု ၄၂၆ ခု ပြုလုပ်ခဲ့ကာ ကျန်းမာရေးစစ်ဆေးမှုနှင့် ရောဂါစမ်းသပ်မှု ၂,၅၃၁ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပိုးလမ်းမသင်္ဘော” က ဖီဂျီလူမှုအသိုက်အဝန်းအား ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများ ဆောင်ကြဉ်ပေးခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုနှင့် ချစ်ကြည်ရေးဆိုင်ရာ ဝမ်းမြောက်ဝမ်းသာကြိုဆိုသော အမှတ်သင်္ကေကို ကိုယ်စားပြုခြင်းလည်း ဖြစ်ကြောင်း ဖီဂျီနိုင်ငံ ကာကွယ်ရေးနှင့် စစ်ပြန်ရေးရာဝန်ကြီးဌာန ဝန်ကြီး Pio Tikoduadua က ပြောကြားခဲ့သည်။
အဆိုပါ ဆေးရုံသင်္ဘောကြီး မထွက်ခွာမီ ဖီဂျီနိုင်ငံအနီးရှိ ဖီဂျီရေပြင်တွင် ဖီဂျီရေတပ်နှင့်အတူ ပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပူးတွဲလေ့ကျင့်မှုပြီးနောက် “ပိုးလမ်းမသင်္ဘော” သည် တွန်ဂါနိုင်ငံသို့ ထွက်ခွာခုတ်မောင်းသွားခဲ့သည်။
ယခုခရီးစဉ်သည် ဖီဂျီနိုင်ငံတွင် တရုတ်ရေတပ်ဆေးရုံသင်္ဘောက “ဟာမိုနီ မစ်ရှင်” ကို သုံးကြိမ်မြောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် ဖီဂျီ နှစ်နိုင်ငံရေတပ်များက ပထမဆုံးအကြိမ်အဖြစ် ရှာဖွေကယ်ဆယ်ရေး ပူးတွဲ လေ့ကျင့်မှုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဖီဂျီနိုင်ငံ ဆူဗားမြို့ရှိ ဒေသန္တရဆေးရုံတစ်ရုံ၌ လူနာတစ်ဦးအား ခွဲစိတ်ကုသပေးနေကြသော တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီးဖြစ်သော “ပိုးလမ်းမသင်္ဘော” မှ တရုတ်ဆရာဝန်များနှင့် ဒေသခံဆရာဝန်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Chinese Navy hospital ship completes medical service to Fiji, heads for Tonga
SUVA, Oct. 9 (Xinhua) — The Chinese Navy hospital ship “Silk Road Ark,” which is on “Mission Harmony-2025,” successfully completed a seven-day friendly visit and humanitarian medical service to Fiji and set off for Tonga on Wednesday.
During its stay in Fiji, the hospital ship provided medical treatment for 3,330 person-times, performed 426 surgeries of various types, and carried out 2,531 auxiliary examinations and tests.
Fiji’s Minister for Defense and Veterans Affairs Pio Tikoduadua said that the “Silk Road Ark” has delivered tangible benefits to the Fijian community, representing a welcome symbol of care, service, and goodwill.
Before the hospital ship set sail, it conducted a joint maritime search and rescue drill with the Fiji Navy in the waters near Fiji, focusing on subjects such as maritime transfer and maritime treatment.
After the drill, the “Silk Road Ark” left for Tonga.
This is the third time that a Chinese naval hospital ship carried out the “Mission Harmony” in Fiji. It is also the first time that the Chinese and Fiji navies have conducted a joint search and rescue drill.
Photo 1: People see off crew members of the Chinese Navy hospital ship “Silk Road Ark” at Suva Port in Suva, Fiji, Oct. 8, 2025. (Cui Xiaoyang/Xinhua)
Photo 2: Chinese doctors from the Chinese Navy hospital ship “Silk Road Ark” and local doctors perform a surgery on a patient at a local hospital in Suva, Fiji, Oct. 6, 2025. (Cui Xiaoyang/Xinhua)