International Organizations
၂၀၂၆ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲ အုပ်စုများကို FIBA ထုတ်ပြန်ကြေညာ

မိုင်းယက်စ်၊ ဆွစ်ဇာလန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ မဲခွဲမှုကို နိုင်ငံတကာဘတ်စကက်ဘောအဖွဲ့ချုပ် (FIBA) က အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိ ကမ္ဘာ့ချန်ပီယံ အမေရိကန်မှာ ပွါတိုရီကိုနိုင်ငံ၊ San Juan မြို့၌ကျင်းပမည့် လက်ရည်စစ်ပြိုင်ပွဲ တွင် စပိန်၊ အီတလီတို့နှင့် တစ်အုပ်စုတည်းကျနေပြီး ဒုတိယရခဲ့သည့် တရုတ်အသင်းကလည်း အိမ်ကွင်း ဝူဟန့်မြို့၌ကျင်းပမည့် လက်ရည်စစ်ပြိုင်ပွဲ၌ ဘယ်ဂျီယံ၊ ဘရာဇီးတို့နှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။
အခြားလက်ရည်စစ်ပြိုင်ပွဲ နှစ်ပွဲကိုမူ ပြင်သစ်နိုင်ငံ၊ Lyon-Villeurbanne မြို့နှင့် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့များတွင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်အထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လက်ရည်စစ်ပြိုင်ပွဲ အုပ်စုများမဲခွဲမှုကို ဂျာမနီ အမျိုးသမီးအသင်းမှ နာမည်ကြီး ဘတ်စကက်ဘောအားကစားမယ် Marie Guelich နှင့် ပြင်သစ် အမျိုးသမီးအသင်း အသင်းခေါင်းဆောင်ဟောင်း Endy Miyem တို့က ကူညီလုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
မဲခွဲလိုက်သည့် လက်ရည်စစ်ပြိုင်ပွဲ အုပ်စုအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
ဝူဟန့် (တရုတ်နိုင်ငံ)
မာလီ၊ တောင်ဆူဒန်၊ ဘရာဇီး၊ ဘယ်ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်
Lyon-Villeurbanne (ပြင်သစ်နိုင်ငံ)
ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ပြင်သစ်၊ နိုင်ဂျီးရီးယား
San Juan (ပွါတိုရီကိုနိုင်ငံ)
နယူးဇီလန်၊ ပွါတိုရီကို၊ အမေရိကန်၊ ဆီနီဂေါ၊ အီတလီ၊ စပိန်
အစ္စတန်ဘူလ် (တူကီယဲ နိုင်ငံ)
ဟန်ဂေရီ၊ တူကီယဲ၊ အာဂျင်တီးနား၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန် (Xinhua)
……………………
(English Version)
FIBA unveils groups for 2026 Women’s World Cup qualifiers
MIES, Switzerland, Oct. 7 (Xinhua)
The International Basketball Federation (FIBA) announced Tuesday the draw of the qualifying tournaments for the 2026 Women’s World Cup in Germany.
Defending champion the United States is bracketed along with Spain and Italy in the tournament in San Juan, Puerto Rico, while runner-up China will compete at home in Wuhan against Belgium and Brazil.
The other two qualifying tournaments will be held in Lyon-Villeurbanne, France and Istanbul, Türkiye, from March 11 to 17, 2026.
The World Cup is scheduled for September 4 to 13, 2026 in Berlin, Germany, with 16 teams competing for the title.
The draw was conducted by Germany national team standout Marie Guelich and former France national team captain Endy Miyem.
Following is the draw in full:
In Wuhan, China:
Mali, South Sudan, Brazil, Belgium, Czech Republic, China
In Lyon-Villeurbanne, France:
Colombia, Philippines, Germany, South Korea, France, Nigeria
In San Juan, Puerto Rico:
New Zealand, Puerto Rico, United States, Senegal, Italy, Spain
In Istanbul, Türkiye:
Hungary, Türkiye, Argentina, Australia, Canada, Japan. ■
Photo:
Chinese players celebrate after victory over South Korea at the 2025 FIBA Women’s Asia Cup in Shenzhen, south China’s Guangdong Province, July 20, 2025. (Xinhua/Xiao Ennan)