International Organizations
ဘိုကာဂျူနီယာအသင်းနည်းပြ Miguel Angel Russo အသက် ၆၉ နှစ်တွင် ကွယ်လွန်

ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
အသက် ၆၉ နှစ်အရွယ် ဘိုကာဂျူနီယာအသင်းနည်းပြချုပ် Miguel Angel Russo သည် ကာလရှည် နာမကျန်းဖြစ်ခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်က ကွယ်လွန်ခဲ့ကြောင်း သိရသည်။
အာဂျင်တီးနား၊ ချီလီ၊ မက္ကဆီကို၊ စပိန်နှင့် ကိုလံဘီယာ ဘောလုံးကလပ်အသင်းများကို နည်းပြအဖြစ် ၃၆ နှစ်ကြာ ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် Russo သည် ရောဂါသက်သာစေမှုအတွက်ကုသမှုခံယူခဲ့သည့် ဗျူနိုအေးရိစ်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
“အက်သလက်တီကို ဘိုကာဂျူနီယာကလပ်က ကြီးမားသည့်ဝမ်းနည်းမှုနှင့်အတူ Miguel Angel Russo ကွယ်လွန်ကြောင်း ကြေညာခဲ့ကြောင်း” ကလပ်အသင်းက ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ “Miguel က အသင်းအတွက် အမြဲကျန်ရစ်နေမည့် အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီး ပျော်ရွင်မှု ၊နွေးထွေးမှုနှင့် စိတ်နှစ်မြှုပ် လုပ်ကိုင်မှုသင်္ကေတအဖြစ် အမြဲရှိနေမှာပါ၊ ပူဆွေးဖွယ်အချိန်မှာ ၎င်း၏ မိသားစုနှင့် ချစ်ခင်ရသူတွေနဲ့ ကျွန်တော်တို့ရှိနေပါတယ်၊ ချစ်လှစွာသော Miguel ၊ နှုတ်ဆက်ပါတယ်”
၂၀၁၇ ခုနှစ်တွင် ဆီးကျိတ်ကင်ဆာ ဖြစ်နေကြောင်း စမ်းသပ်တွေ့ရှိခဲ့ရသည့် Russo သည် ဘိုကာအသင်းကို ဇွန်လတွင် တတိယအကြိမ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ်ပထမဆုံးတာဝန်ယူသည့်ကာလအတွင်း ခြောက်ကြိမ်မြောက်နှင့် နောက်ဆုံးအဖြစ် Copa Libertadores ဆုဖလားကိုရယူနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် အထိတာဝန်ယူခဲ့ချိန်တွင် ပြည်တွင်းဆုဖလား သုံးခုဆွတ်ခူးနိုင်ခဲ့သည်။
Russo ၏ ယိုယွင်းလာသောကျန်းမာရေးအခြေအနေကြောင့် ဘိုကာအသင်း၏နောက်ဆုံးနှစ်ပွဲကို တာဝန်ယူ နိုင်ခြင်း မရှိဘဲ လက်ထောက် Claudio Ubeda ကို အစားထိုးခဲ့ရသည်။ သို့သော်လည်း အကြိမ်များစွာဆေးရုံ တက်ရောက်ခဲ့သည့် ပြီးခဲ့သည့်သုံးလအတွင်း ၎င်း၏ဝန်ထမ်းအဖွဲ့နှင့် နီးကပ်စွာဆက်လက် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။
အာဂျင်တီးနားနိုင်ငံရှိ Russo နည်းပြအဖြစ်ဆောင်ရွက်ခဲ့သည့် အခြားကလပ်များမှာ San Lorenzo ၊ Racing Club၊ Velez Sarsfield ၊ Rosario Central ၊ Lanus နှင့် Estudiantes တို့ဖြစ်ကြသည်။
Russo သည် ၁၉၇၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း Estudiantes အသင်း၏ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်များတွင် လိဂ်ဆုဖလားများရရှိခဲ့သည်။ (Xinhua)
……………………
(English Version)
Boca Juniors coach Miguel Angel Russo dies aged 69
BUENOS AIRES, Oct. 8 (Xinhua) — Boca Juniors head coach Miguel Angel Russo died on Wednesday at the age of 69 after a long battle with illness.
Russo, who coached clubs in Argentina, Chile, Mexico, Spain and Colombia over a career spanning 36 years, died at his home in Buenos Aires where he had been receiving palliative care.
“Club Atletico Boca Juniors announces the passing of Miguel Angel Russo with profound sadness,” the club said on social media. “Miguel leaves an indelible mark on our institution and will always be an example of joy, warmth, and dedication. We are with his family and loved ones in this time of grief. Farewell, dear Miguel!”
Russo, who was diagnosed with prostate cancer in 2017, took charge of Boca for a third time in June.
He guided the club to its sixth and most recent Copa Libertadores title during his first spell in charge in 2007 and was also in charge from 2020 to 2021, winning three domestic titles.
Russo’s deteriorating health meant he was unable to take charge of Boca’s last two games and he was replaced by assistant Claudio Ubeda. Despite being hospitalized several times in the past three months, he continued working closely with his staff.
Other clubs that Russo managed in Argentina included San Lorenzo, Racing Club, Velez Sarsfield, Rosario Central, Lanus and Estudiantes.
He represented Estudiantes as a player between 1975 and 1988, winning league titles in 1982 and 1983.