Connect with us

Media

မန်ယူနည်းပြ အာမိုရင်မ်အနေဖြင့် ၎င်း၏အရည်အသွေးအား သက်သေပြရန် အချိန်လိုအပ်ဟုဆို

လန်ဒန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဖြစ်သူ ရူဘင် အာမိုရင်မ်အနေဖြင့် ၎င်း၏အရည်အသွေးအား သက်သေပြနိုင်ရန် သုံးနှစ်အထိ အချိန်ပေးသင့်သည်ဟု အသင်း၏ ပူးတွဲပိုင်ရှင် ဂျင်ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။
ယမန်နှစ် နိုဝင်ဘာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့လာသည့် အာမိုရင်မ်အနေဖြင့် အင်္ဂလန်တွင် ၎င်း၏နည်းပြဘဝကို ခက်ခက်ခဲခဲ စတင်ခဲ့ရသည်။ ယူနိုက်တက်မှာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် အဆင့်-၁၅ ဖြင့် ရာသီသိမ်းခဲ့ကာ နှစ် ၅၀ ကျော်အတွင်း အဆိုးရွားဆုံးရလဒ်နှင့် ကြုံခဲ့ရသလို ယခုဘောလုံးရာသီတွင်လည်း လိဂ်ပြိုင်ပွဲတွင် သုံးပွဲရှုံးနိမ့်ထားပြီး EFL ဖလားတွင်လည်း စတုတ္ထတန်းမှ ဂရင်စဘီတောင်းအသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သည်။ (Xinhua)
……………………
(English Version)
Man Utd co-owner Ratcliffe: Amorim needs time to prove himself
LONDON, Oct. 8 (Xinhua) — Manchester United co-owner Jim Ratcliffe said manager Ruben Amorim should be given up to three years to prove himself at Old Trafford.
Amorim, who joined from Sporting Lisbon last November, has endured a difficult start to life in England. Manchester United finished 15th in the Premier League last season – its worst result in over 50 years – and has already lost three league games this term, along with a shock EFL Cup defeat to fourth-tier Grimsby Town.