Connect with us

Media

တရုတ်-လာအို ရထားလမ်း သယ်ယူပို့ဆောင်သည့် ခရီးသည် ခရီးစဉ် အကြိမ်ရေ သန်း ၆၀ ကျော် ရှိပြီဖြစ်

ကူမင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်လည်ပတ်သည့်အချိန်မှစ၍ အောက်တိုဘာ ၈ ရက်အထိ စုစုပေါင်း ပို့ဆောင်သည့် ခရီးသည် ခရီးစဉ် အကြိမ်ရေ သန်း ၆၀ ကျော် ရှိပြီဖြစ်ကြောင်း China Railway Kunming Group မှ သိရသည်။ ၎င်းတို့အနက် ကမ္ဘာတစ်ဝန်း နိုင်ငံနှင့်ဒေသ ၁၁၅ ခုမှ ခရီးသွားဧည့်သည် ၅၉၅,၀၀၀ ကျော်သည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာခရီးသည်တင်ရထားဖြင့် သွားလာခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်တွင် တရုတ်-လာအို ရထားလမ်း၌ နိုင်ငံတကာခရီးသည်တင်ရထား စတင်ပြေးဆွဲခဲ့ရာ ကူမင်းတောင်ဘက်ဘူတာကြီး၊ ဗီယင်ကျန်းဘူတာကြီးမှ နေ့စဉ် အစုန်အဆန် ရထားတစ်စင်းစီ ပြေးဆွဲခဲ့ကြောင်း၊ ခရီးသည်များ၏ နယ်စပ်ဖြတ်ကျော်သွားလာရေး လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ယခုနှစ် ဇူလိုင်လတွင် တရုတ်-လာအို ရထားလမ်း ကူမင်းနှင့် ဗီယင်ကျန်း အကြား နိုင်ငံတကာ ခရီးသည်တင်ရထားတစ်စင်း ထပ်တိုးပြေးဆွဲခဲ့ရာ ကူမင်းနှင့် ဗီယင်ကျန်းအကြား နေ့စဉ် နိုင်ငံတကာ ခရီးသည်တင်ရထား ၄ စင်းအထိ ထပ်တိုးပြေးဆွဲလာခဲ့ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

ရထားလမ်းရေးရာဌာနက တရုတ်-လာအို ရထားလမ်းတစ်လျှောက် ဘူတာများတွင် နိုင်ငံတကာခရီးသည်များ လက်မှတ်ဝယ်ယူရန် “သီးသန့်လက်မှတ်အရောင်းနေရာ” များထားရှိထားကြောင်း၊ တရုတ်နိုင်ငံအပိုင်းရှိ ခရီးသည်တင်ဘူတာ ၁၃ ခုတွင် ပြည်ပဘဏ်ကတ်ဖြင့် ငွေကြေးပေးချေမှုလုပ်ဆောင်ရန် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားခရီးသည်များ၏ အထောက်အထားကတ်အမျိုးမျိုးဖြင့် လက်မှတ်ဝယ်ယူနိုင်ရန် ပံ့ပိုးထားသလို မိုဟန်ဘူတာတွင် တရုတ်ယွမ်ငွေသားထုတ်ယူသော ဝန်ဆောင်မှု ပံ့ပိုးထားကြောင်း၊ တစ်ချိန်တည်းတွင်ပင် လာအိုနိုင်ငံအပိုင်းရှိ ခရီးသည်ရထားလက်မှတ်စနစ် လုပ်ဆောင်ချက်ကို ကောင်းမွန်ပြည့်စုံစေရန် အွန်လိုင်းလက်မှတ်ရောင်းချ၍ ငွေပေးချေသည့်နည်းလမ်းကို တိုးချဲ့ထားရာ နိုင်ငံအသီးသီး ခရီးသွားဧည့်သည်များအား အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။

ယခုနှစ်မှစ၍ တရုတ်-လာအို ရထားလမ်းတွင် ခရီးသွားဧည့်သည်သွားလာမှုလိုအပ်ချက်မှာ အားကောင်းနေဆဲဖြစ်ရာ အောက်တိုဘာ ၈ ရက်အထိ စုစုပေါင်း သယ်ယူပို့ဆောင်ပေးသည့် ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၁၅.၄၈ သန်း ရှိပြီဖြစ်ရာ ယမန်နှစ်ကာလတူထက် ၂.၃၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၎င်းတို့အနက် နယ်စပ်ဖြတ်ကျော် ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၂၀၀,၀၀၀ နီးပါးရှိရာ ယမန်နှစ်ကာလတူထက် ၃.၁၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
中老铁路发送旅客突破6000万人次
新华社昆明10月9日电(记者丁怡全)记者从中国铁路昆明局集团有限公司获悉,中老铁路开通运营以来,截至10月8日,累计发送旅客超6000万人次。其中,来自全球115个国家和地区的59.5万余名旅客搭乘跨境国际旅客列车出行。
据介绍,2023年4月13日,中老铁路开行国际旅客列车,从昆明南、万象站每日双向对开各1列。为满足旅客跨境出行需求,今年7月,中老铁路昆明与万象间增开一对国际旅客列车。昆明与万象间每天的国际旅客列车数量增至4列。
据了解,铁路部门在中老铁路沿线车站设立国际旅客购票“专门窗口”,在中国段13个客运站开通境外银行卡支付功能和支持多种外籍旅客证件购票,磨憨站提供支取人民币现金服务;同时,完善老挝段客票系统功能,拓展互联网售票支付方式,惠及各国旅客。
今年以来,中老铁路旅客出行保持旺盛需求,截至10月8日已累计发送旅客1548万人次,同比增长2.38%。其中跨境旅客近20万人次,同比增长3.17%。(完)