North America
Drake Passage ရေလက်ကြားတွင် ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဆန်ဒီယေဂို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တောင်အမေရိကနှင့် အန္တာတိကတိုက်ကြားရှိ Drake Passage တွင် အောက်တိုဘာ ၁၀ ရက်က ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ချီလီတက္ကသိုလ်၏ အမျိုးသား ငလျင်ဗဟိုဌာန (CSN) အချက်အလက်အရ သိရသည်။ ယခုအကြိမ်ငလျင်သည် ပြင်းအားနည်း ဆူနာမီ ဖြစ်ပေါ်လာစေနိုင်ကြောင်း ချီလီရေတပ်၏ ဇလဗေဒနှင့် အဏ္ဏဝါဗေဒ ဝန်ဆောင်မှု (SHOA) ဆူနာမီကြိုတင်သတိပေးရေးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ငလျင်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၁၀ ရက် ညနေ ၅ နာရီ ၂၉ မိနစ် (ပေကျင်းစံတော်ချိန် အောက်တိုဘာ ၁၁ ရက် နံနက် ၄ နာရီ ၂၉ မိနစ်) တွင် လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်သည် ချီလီနိုင်ငံ Presidente Eduardo Frei Montalva အခြေစိုက်စခန်း၏ အနောက်မြောက်ဘက် ၂၆၃ ကီလိုမီတာ အကွာ၌ ဖြစ်ကာ ငလျင်အနက် ၁၀ ကီလိုမီတာဖြစ်ကြောင်း ချီလီတက္ကသိုလ်၏ အမျိုးသား ငလျင်ဗဟိုဌာန (CSN) ၏ သတင်းအချက်အလက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း ဖော်ပြခြင်းမရှိသေးပေ။
ချီလီနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာငလျင်ကြောတွင်တည်ရှိပြီး ငလျင်များမကြာခဏဖြစ်ပွားလေ့ရှိသည်။
Drake Passage ရေလက်ကြားသည် တောင်အမေရိကတိုက်၏ တောင်ဖျား Cape Horn နှင့် အန္တာတိကတိုက်၏ တောင်ရှက်တလန်ကျွန်းစု (South Shetland Islands) ကြားတွင်တည်ရှိပြီး အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးထားသည်။ ဤရေလက်ကြား၏ ရှေ့-နောက် အလျားမှာ ၃၀၀ ကီလိုမီတာ၊ တောင်-မြောက် အနံမှာ ၉၀၀ မှ ၉၅၀ ကီလိုမီတာအထိ ကျယ်ဝန်းသည်။ (Xinhua)
———————-
(Chinese Version)
德雷克海峡发生7.8级地震
新华社圣地亚哥10月10日电(记者朱雨博)据智利大学全国地震中心消息,位于南美洲与南极洲之间的德雷克海峡10日发生7.8级地震。智利海军水文和海洋局海啸预警部门发布预警说,此次地震可能引发低强度海啸。
智利大学全国地震中心消息说,地震发生于当地时间10日17时29分(北京时间11日4时29分),震中位于智利爱德华多·弗雷·蒙塔尔瓦总统南极基地西北方向263公里处,震源深度10公里。尚无人员伤亡和财产损失报告。
智利地处环太平洋地震带,地震发生比较频繁。
德雷克海峡位于南美洲南端合恩角与南极洲南设得兰群岛之间,连接大西洋和太平洋,东西长300公里,南北宽900至950公里。(完)