Connect with us

Asia

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အားထားဆောင်ရွက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ်ရှိ ပိတ်သိမ်းထားသည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ဆေးရေးဂိတ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေသည် နှစ်နိုင်ငံစီးပွားရေးနှင့် အရပ်ဘက် ကူးလူးဖလှယ်မှုများအပေါ် သက်ရောက်လျက်ရှိရာ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့် ပဋိပက္ခကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အားထားဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် သက်ဆိုင်ရာအစိုးရအရာရှိများသည် ကမ္ဘောဒီးယားရှိ ထိုင်းကုမ္ပဏီလုပ်ငန်းကိုယ်စားလှယ်များ၏ ပြဿနာနှင့် အခက်အခဲ အစီရင်ခံမှုများကို အောက်တိုဘာ ၁၀ ရက်က ကြားနာခဲ့သည်။ အစီရင်ခံမှုများအပြီးတွင် Nikorndej Balankura က မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြားရာ၌ နှစ်နိုင်ငံ ပဋိပက္ခသည် သာမန်ပြည်သူလူထုနှင့် ကုမ္ပဏီလုပ်ငန်းများအပေါ် သက်ရောက်မှုရှိရာ နယ်စပ်ကုန်သွယ်မှုတိုးတက်ရေးကို များစွာ နှောင့်နှေးစေခဲ့ကြောင်း၊ ယင်းမှာ ထိုင်းနိုင်ငံက မြင်တွေ့လိုသည့်အရာမဟုတ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ပဋိပက္ခကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အားထားဆောင်ရွက်မည် ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးနှင့် ပြည်သူ့အကျိုးစီးပွားကို ကြိုးပမ်းဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ် Khlong Luek နယ်စပ်ဂိတ်၌ လူသူဖြတ်သန်းသွားလာမှု မရှိဘဲ အနီးတစ်ဝိုက်ရှိ နယ်စပ်ကုန်သွယ်ရေးဈေးတွင်လည်း ဆိုင်ခန်းအနည်းငယ်သာ ဖွင့်လှစ်ထားသည်ကို သတင်းထောက်က အောက်တိုဘာ ၉ ရက်တွင် တွေ့မြင်ခဲ့သည်။ ယင်းဂိတ်သည် နယ်စပ်ပဋိပက္ခဖြစ်ပွားမှုကြောင့် လွန်ခဲ့သည့် လေးလကျော်က ပိတ်ထားခြင်းဖြစ်ပြီး လူများစည်ကားရာမှ ယခုအခါ တစ်ဦးတစ်ယောက်မျှမရှိ ဖြစ်ခဲ့ရကြောင်း နယ်စပ်ဂိတ် တာဝန်ကျဝန်ထမ်းတစ်ဦး၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

ဆာကယ်ဝ်ပြည်နယ် နယ်စပ်ကျေးရွာ၏ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်နှင့် မီတာရာဂဏန်းအကွာရှိ နေရာများတွင် နယ်စပ်မျဉ်းသို့ လူထုချဉ်းကပ်မည်ကို တားဆီးရန်အတွက် ထိုင်းစစ်သားများက လမ်းကြောင်းတား ပိတ်ဆို့ထားသည်။

ကျေးရွာသားတစ်ဦးက နယ်စပ်ပဋိပက္ခ မဖြစ်ပွားမီ ၎င်းတို့နှင့် ကမ္ဘောဒီးယားလူထု၏ သွားလာမှုမှာ နီးနီးကပ်ကပ်ရှိကြောင်း၊ ယခုအခါ လူပုဂ္ဂိုလ်နှင့် ကုန်သွယ်စီးပွားသွားလာမှုများ ရပ်တန့်သွားရုံသာမက အချိန်မရွေး ပဋိပက္ခဖြစ်မည်ကို စိုးရိမ်နေရကြောင်း၊ ယခင်ကဲ့သို့ အခြေအနေများ ဆောလျင်စွာ ပြန်ရောက်ရန် မျှော်လင့်ကြောင်း ဆိုသည်။

ယခုနှစ် မေလမှစ၍ ထိုင်-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် နယ်မြေပိုင်နက်အငြင်းပွားမှုကြောင့် နယ်စပ်ဒေသတွင် ပဋိပက္ခ အကြိမ်များစွာ ဖြစ်ပွားခဲ့သည်။ အခြေအနေတင်းမာမှုများ ဆက်လက်ရှိနေခြင်းကြောင့် နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဂိတ်အများအပြားကို ပိတ်သိမ်းထားပြီး လူသားချင်းစာနာမှုလမ်းကြောင်း သွားလာမှုကိုသာ ထိန်းသိမ်းထားသည်။ (Xinhua)

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် ထိုင်းစစ်သားများက မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် ထိုင်းစစ်သားများ လုံခြုံရေးယူနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ်ရှိ ပိတ်သိမ်းထားသည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ဆေးရေးဂိတ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
泰国外交部:泰方致力于通过和平方式解决泰柬边境冲突
新华社曼谷10月10日电(记者夏康静 常天童)泰国外交部发言人尼康德10日表示,泰柬边境局势影响两国经济和民间交往,泰国致力于通过和平方式解决与柬埔寨的冲突。
10日,泰国外交部长及相关官员听取在柬的泰国企业代表汇报问题与困难。尼康德在汇报结束后接受媒体采访时说,两国冲突影响到普通民众和企业,致使边境贸易发展大幅放缓,这是泰国不愿意看到的。泰国致力于通过和平方式解决边境冲突,希望柬方与泰国一道,致力于和平与人民福祉。
记者9日在位于泰柬边境的泰国沙缴府看到,空叻边境口岸没有人员往来,附近的边贸市场也只有零星几家商铺营业。据口岸值守工作人员介绍,该口岸因边境冲突于4个多月前关闭,从人群熙攘变成现在空无一人。
在沙缴府的边境村靠近泰柬边境约几百米的地方,泰方士兵拉起了封锁线,禁止民众靠近边境线。村民告诉记者,在边境冲突之前,他们和柬埔寨民众往来密切,现在不仅人员及商贸交往停止,还要随时担心冲突发生,希望可以早日恢复昔日景象。
今年5月以来,泰柬双方因领土争议在边境地区发生多轮冲突。由于紧张局势持续,两国已关闭大部分边境口岸,仅保持人道主义通行。(完)
1, 4. 这是10月9日在泰国沙缴府拍摄的关闭的泰柬边境边检站。 (配本社同题文字稿) 新华社记者 孙玮彤 摄
2, 10月10日,在泰国沙缴府,泰军士兵在泰柬边境区域进行排雷作业。 (配本社同题文字稿) 新华社记者 孙玮彤 摄
3, 10月10日,在泰国沙缴府,泰军士兵在泰柬边境警戒。 (配本社同题文字稿) 新华社记者 孙玮彤 摄