North America
အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၁၀ ရက်မြောက်နေ့တွင် ထရမ့်အစိုးရက ဝန်ထမ်းများစတင်လျှော့ချ

ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အောက်တိုဘာ ၁၀ ရက်တွင် ၁၀ ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။ ဖက်ဒရယ်အစိုးရဝန်ထမ်း လျှော့ချမှုများ စတင်နေပြီဖြစ်ကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် အသုံးစရိတ်ရုံး (OMB) ညွှန်ကြားရေးမှူး Russell Vought က လူမှုမီဒီယာ၌ ကြေညာခဲ့သည်။
Russell Vought က လူမှုမီဒီယာ၌ အဆိုပါ စကားတစ်ခွန်းသာ ထုတ်ပြန်ထားပြီး ဝန်ထမ်းလျှော့ချသည့် အသေးစိတ် လူဦးရေနှင့် ဌာနကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ယခုအကြိမ် ဖက်ဒရယ်အစိုးရဝန်ထမ်းများ လျှော့ချမည့်အရေအတွက်သည် များပြား၍ သက်ရောက်မှုကျယ်ပြန့်နိုင်ကြောင်း၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အများပြည်သူဝန်ဆောင်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန စသည်တို့တွင်လည်း ဝန်ထမ်းလျှော့ချမည့် အစီအစဉ်ရှိကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြသည်။
အမေရိကန် အစိုးရဝန်ထမ်းအဖွဲ့ချုပ် (AFGE) က လူမှုမီဒီယာ၌ Russell Vought ၏ အထက်ပါပို့စ်အား ပြန်လည်မျှဝေ၍ “တရားစွဲဆိုပြီးဖြစ်သည်” ဟု ဆိုခဲ့သည်။ အဆိုပါအဖွဲ့အစည်း၏ ပြည်လုံးဆိုင်ရာဥက္ကဋ္ဌ Everett Kelley က ကြေညာချက်တစ်ခု၌ ထရမ့်အစိုးရသည် အစိုးရယန္တရား “ရပ်ဆိုင်းမှု” အား အကြောင်းပြ၍ နိုင်ငံတစ်ဝန်း လူမှုအသိုက်အဝန်း အသီးသီးအတွက် အဓိကကျသောဝန်ဆောင်မှုပေးသည့် ဝန်ထမ်းပေါင်းထောင်နှင့်ချီအား “တရားမဝင် အလုပ်ဖြုတ်ခြင်း” သည် ရှက်ဖွယ်ကောင်းကြောင်း၊ “ဖက်ဒရယ်အစိုးရဝန်ထမ်းတွေက နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးနဲ့ တစ်ကိုယ်ရေအကျိုးစီးပွားအတွက် နယ်ရုပ်အဖြစ် အသုံးပြုခံရတာကို ငြီးငွေ့နေပါပြီ။ လွှတ်တော်က တာဝန်ကိုထမ်းဆောင်ပြီး ဒီ ‘ရပ်ဆိုင်းမှု’ ကို ချက်ချင်းညှိနှိုင်းအဆုံးသတ်ချိန်တန်ပြီ” ဟု ပြောကြားခဲ့သည်။
ဖက်ဒရယ်အစိုးရယန္တရားက စတင် “ရပ်ဆိုင်း” ပါက ဝန်ထမ်းများ လျှော့ချလိမ့်မည်ဟု ထရမ့်နှင့် အိမ်ဖြူတော် အရာရှိများက ထိုမတိုင်မီ အကြိမ်များစွာ ပြောကြားခဲ့ပြီး ဒီမိုကရက်တစ်ပါတီဝင်များက ယင်းအတွက် တာဝန်ယူရမည်ဟု ဆိုခဲ့သည်။ ဒီမိုကရက်တစ်ပါတီ အကြီးအကဲကမူ ရီပတ်ဘလစ်ကန်ပါတီဝင်များက အဆိုပါ အသုံးစရိတ်အငြင်းပွားမှုအတွင်း ဖက်ဒရယ်အစိုးရဝန်ထမ်းများကို နယ်ရုပ်အဖြစ် အသုံးပြုရန် ကြိုးပမ်းနေပြီး ယင်းသည် အကျပ်ကိုင်မှုနှင့် ခြိမ်းခြောက်မှု နည်းလမ်းတစ်မျိုးဖြစ်သည်ဟု ယူဆသည်။
အတင်းအဓမ္မ ခွင့်ယူရသည့် ဝန်ထမ်းများသည် ဖြည့်စွက်ပေးဝေသည့် လစာရရှိနိုင်လိမ့်မည်မဟုတ်ဟု ထရမ့်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့က အလွန်လူကြိုက်များပေမဲ့ ရီပတ်ဘလစ်ကန်ပါတီက မကြိုက်တဲ့ ဒီမိုကရက်တစ်ပါတီ စီမံကိန်းတချို့ကို လျှော့ချသွားမှာပါ” ဟုလည်း ၎င်းက စက်တင်ဘာ ၉ ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု၌ ထပ်မံခြိမ်းခြောက် ပြောကြားခဲ့သည်။ ထိုမတိုင်မီ ထရမ့်အစိုးရက ဒီမိုကရက်တစ်ပါတီ အုပ်ချုပ်သည့်ပြည်နယ်များအား ခွဲဝေပေးသည့် ဖက်ဒရယ်အသုံးစရိတ်အား အကြိမ်များစွာ လျှော့ချခဲ့သည်။
ဖက်ဒရယ်အစိုးရဝန်ထမ်းအား အလုပ်မှထုတ်ပယ်ခြင်းသည် အစိုးရယန္တရား “ရပ်ဆိုင်း” သည့်ကာလအတွင်း ပုံမှန်လုပ်ရပ် မဟုတ်ကြောင်း အမေရိကန်မီဒီယာများက ထောက်ပြဖော်ပြကြသည်။ ပုံမှန်အခြေအနေတွင် အမေရိကန်အစိုးရယန္တရား “ရပ်ဆိုင်း” သည့်ကာလအတွင်း “မဖြစ်မနေလိုအပ်သော ဝန်ဆောင်မှု” ပေးရသည့် ဝန်ထမ်းများသည် လစာမဲ့အလုပ်တက်ရပြီး ဝန်ထမ်းပေါင်းသိန်းနှင့်ချီသည် အတင်းအဓမ္မ လစာမဲ့ခွင့် အနားယူရသည်။ အစိုးရာယန္တရား “ပြန်လည်လည်ပတ်” ပြီးနောက် ဝန်ထမ်းများကို လစာဖြည့်စွက်ပေးဝေလေ့ရှိသည်။
အစိုးရယန္တရား “ရပ်ဆိုင်း” သည့်ကာလအတွင်း အစိုးရဝန်ထမ်းအား ထုတ်ပယ်ရန် ကြိုးပမ်းမှုဟူသည့် ထရမ့်အစိုးရ၏ အဆိုပါလုပ်ရပ်ကြောင့် လက်ရှိဘဏ္ဍာရေးအကျပ်အတည်း အခြေအနေကို တစ်ဆင့်တိုး အဆင့်မြင့်တက်သွားစေနိုင်ပြီး တန်ဖိုးကြီးပေးဆပ်မှု ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထရမ့်သည် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကို နိုင်ငံရေးအရ အားသာချက်တစ်မျိုးအဖြစ် ရှုမြင်ပြီး ယင်းကိုအခွင့်အရေးယူကာ ဖက်ဒရယ် အသုံးစရိတ်ကို ပြန်လည်စီစဉ်၍ နိုင်ငံရေးပြိုင်ဘက်အား လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု The New York Times ၏ သတင်းတစ်ပုဒ်က ယူဆထားသည်။
အမေရိကန် အထက်လွှတ်တော်က ဖက်ဒရယ်အစိုးရ အသုံးစရိတ်မကုန်မီ ယာယီအသုံးစရိတ် ခွင့်ပြုမှု ဥပဒေကြမ်းအား အတည်ပြုနိုင်ခြင်း မရှိသောကြောင့် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် အောက်တိုဘာ ၁ ရက် ၀ နာရီမှစ၍ အမေရိကန် ဖက်ဒရယ်အစိုးရ ယန္တရားသည် ၇ နှစ်အကြာတွင် ထပ်မံ “ရပ်ဆိုင်း” ခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင် အထက်လွှတ်တော်က ယာယီအသုံးစရိတ် ခွင့်ပြုမှု ဥပဒေကြမ်းအသစ်ကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီတို့၏ အဆိုပြုချက်များသည် ထပ်မံငြင်းပယ်ခြင်းခံရကာ နှစ်ဖက်လုံး အကျပ်အတည်းထဲ ကျရောက်နေပေသည်။ (Xinhua)
———————
(Chinese Version)
“停摆”第十天 特朗普政府开始裁员
新华社华盛顿10月10日电(记者熊茂伶 杨伶)美国联邦政府“停摆”10日进入第十天。白宫管理和预算办公室主任沃特在社交媒体上宣布,联邦政府裁员已经开始。
沃特在社媒上发布的消息只有一句话,未透露裁员具体人数、具体部门。据美国媒体报道,此次针对联邦雇员的裁员可能人数多、影响广。国土安全部、卫生与公共服务部、财政部等均有裁员计划。
美国政府雇员联合会在社媒上转发沃特这条帖文,称“已经提起诉讼”。该组织全国主席埃弗里特·凯利在一份声明中表示,特朗普政府以“停摆”为借口,“非法解雇”数以千计为全国各地社区提供关键服务的雇员,这令人耻辱。“联邦雇员厌倦了被政治人物用作政治和个人利益的棋子。国会是时候履行职责、立即协商结束这场‘停摆’了。”
特朗普和白宫官员先前多次表示,联邦政府一旦“停摆”就会裁员,并称民主党人应对此负责。民主党领导人则认为,共和党人试图在这场预算争端中把联邦雇员当作棋子,并称这是一种恐吓和威胁手段。
特朗普8日称,被迫休假的雇员可能不会获得补发工资。他9日在一场内阁会议上再次威胁:“我们将削减一些非常受欢迎但并不受共和党欢迎的民主党项目。”此前,特朗普政府多次削减拨给民主党执政州的联邦资金。
美国媒体指出,解雇联邦雇员并不是政府“停摆”期间的正常做法。通常情况下,美国政府“停摆”期间,提供“必要服务”的雇员无薪上班,数十万雇员被迫无薪休假。政府重新“开门”后,会给雇员补发工资。
《纽约时报》一篇报道认为,在政府“停摆”期间试图解雇联邦雇员,特朗普政府此举可能会让当前财政僵局进一步升级、导致高昂代价。特朗普将“停摆”视为一种政治优势,借此机会重新安排联邦预算,并对政治对手进行报复。
因国会参议院未能在联邦政府资金耗尽前通过新的临时拨款法案,美国东部时间10月1日零时起,美国联邦政府时隔近七年再度“停摆”。9日,参议院依旧未能通过新的临时拨款法案,民主党和共和党的提案均再度遭到否决,双方陷入僵局。(完)
图说:10月10日,在美国首都华盛顿,美国总统特朗普返回白宫。新华社记者 胡友松 摄