Connect with us

China

လီချန်နှင့် မြောက်ကိုရီးယား အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae-song တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်နှင့် ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae-song တို့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ Mansudae အစည်းအဝေး ခန်းမ၌ ဒေသစံတော်ချိန် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae-song နှင့် ဒေသစံတော်ချိန် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ Mansudae အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လီချန်က အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မကြာသေးမီက အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းနှင့်အတူ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အရေးပါသည့် သဘောတူညီမှုများစွာ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိုးရီးယားအလုပ်သမားပါတီက မြောက်ကိုးရီးယားပြည်သူများအား မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းရန် ဦးဆောင်ခြင်းအပေါ် အစဉ်အမြဲ အခိုင်အမာ ထောက်ခံအားပေးလျက်ရှိကြောင်း၊ မြောက်ကိုးရီးယားနိုင်ငံနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တို့၏ သဘောတူညီမှုများကို ဖော်ဆောင်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှု နီးကပ်စေရန်၊ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားကောင်းစေရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု အဆက်မပြတ် ခိုင်မာလာစေရန်၊ တရုတ်-မြောက်ကိုရီးယား အစဉ်အလာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်အသစ်များရရှိမှု တွန်းအားပေးရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်- မြောက်ကိုရီးယား နှစ်နိုင်ငံသည် ဆိုရှယ်လစ်ဝါဒ တည်ဆောက်ရေးလုပ်ငန်းကို အားသွန်ခွန်စိုက် တွန်းအားပေးဖော်လျက်ရှိပြီး တရုတ်အနေဖြင့် မြောက်ကိုရီးယားနှင့်အတူ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ဖော်ဆောင်ကာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုအတွက် ပိုမိုများပြားသော စွမ်းအားများ ဖြည့်ဆည်းပေးလိုကြောင်း၊ တရုတ်-မြောက်ကိုရီးယား ပြည်သူများသည် နက်ရှိုင်းလှသည့် ထူးခြားသော ချစ်ကြည်ရင်းနှီးမှုရှိကြကြောင်း၊ နှစ်ဖက်အနေဖြင့် လူငယ်၊ ယဉ်ကျေးမှု၊ ပညာရေး၊ အနုပညာ၊ အားကစား စသည့် နယ်ပယ်အသီးသီး၊ အလွှာအဆင့်အသီးသီး ကူးလူးဖလှယ်မှု၊ အပြန်အလည် လည်ပတ်မှုကို အားဖြည့်ပြီး ပြည်သူများကြား ချစ်ကြည်ရင်းနှီးသော သံယောဇဉ်ကို အဆက်မပြတ် နက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အမေရိကန်ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူများ နိုင်ငံပြင်ပ၌ စစ်ဆင်ရေးဆင်နွှဲခဲ့သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ အထိမ်းအမှတ်အခမ်းအနားကို ကောင်းမွန်စွာ အတူတကွ ကျင်းပလိုကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေသည် ပြောင်းလဲရှုပ်ထွေးလျက်ရှိရာ နှစ်ဖက်အနေဖြင့် ပိုမို နီးကပ်စွာ ညီညီညွတ်ညွတ် ညှိနှိုင်းဆောင်ရွက်၍ တရုတ်-မြောက်ကိုရီးယား၏ တရားဝင်အခွင့်အရေးများကို ကာကွယ်သင့်ပြီး နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ထိန်းသိမ်းသင့်ကြောင်း လီချန်က ထောက်ပြခဲ့သည်။
Pak Thae-song က အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းနှင့် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်တို့၏ မကြာသေးမီက ပေကျင်းမြို့၌ သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုသည် မြောက်ကိုရီးယား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ လမ်းညွှန်မှု ပံ့ပိုးပေးခဲ့ပြီး အားကောင်းသော စွမ်းအားများ ဖြည့်တင်းပေးခဲ့ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ၏ ပါတီ၊ အစိုးရနှင့် ပြည်သူများသည် တရုတ်နိုင်ငံအပေါ် စိတ်ရင်းမှန် ရိုးသားသော ချစ်ကြည်ရင်းနှီးမှု ရှိကြပြီး ဖျောက်ဖျက်မရအောင် ခိုင်မာမြဲမြံလှသော မြောက်ကိုရီးယား-တရုတ် ဆက်ဆံရေးအား ခိုင်မာ ဖွံ့ဖြိုးတိုးတက်စေရေးသည် မြောက်ကိုရီးယားနိုင်ငံ ပါတီနှင့် အစိုးရ၏ မပြောင်းမလဲ ခိုင်မာသည့် ရပ်တည်ချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။ မြောက်ကိုးရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တို့၏ အရေးပါသော သဘောတူညီမှုကို လက်တွေ့ဖော်ဆောင်ရန်၊ နိုင်ငံရေးရာစီမံခန့်ခွဲရေး နှီးနှောဖလှယ်မှုကို မြှင့်တင်စေရန်၊ ချစ်ကြည်ရင်းနှီးသော ကူးလူးသွားလာမှု တိုးချဲ့ရန်၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ဆိုရှယ်လစ်ဝါဒ လုပ်ငန်းဖော်ဆောင်ရေး လမ်းကြောင်းတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အခင်းအကျင်းအသစ်ကို အဆက်မပြတ် ဖန်တီးရန် ဆောင်ရွက်သွားလိုကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားအား ထိန်းသိမ်းကာကွယ်ခြင်းကို အခိုင်အမာ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အမေရိကန်ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူများ နိုင်ငံပြင်ပ၌ စစ်ဆင်ရေးဆင်နွှဲခဲ့သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်ကို အတူအကွ အထိမ်းအမှတ် ပြုလုပ်လိုကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ နီးကပ်စေပြီး ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် လီချန်သည် Pak Thae-song နှင့်အတူ Kumsusan Palace of the Sun သို့သွားရောက်ကာ မြောက်ကိုရီးယားနိုင်ငံ၏ ကွယ်လွန်ပြီးသော ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသည့် Kim Il-sung နှင့် Kim Jong-il တို့၏ ရုပ်အလောင်းကို ဂါရဝပြုခဲ့သည်။
အထက်ပါ အခမ်းအနားအစီအစဉ်များတွင် ဝူကျိန့်လုန် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………….
(Chinese Version)
李强同朝鲜内阁总理朴泰成会谈
新华社平壤10月11日电(记者刘畅 王超)当地时间10月11日上午,中共中央政治局常委、国务院总理李强在平壤万寿台议事堂同朝鲜劳动党中央政治局常委、内阁总理朴泰成举行会谈。
李强表示,不久前,习近平总书记同金正恩总书记在北京举行会晤,就深化发展两党两国关系达成一系列重要共识。中方将一如既往坚定支持朝鲜劳动党带领朝鲜人民走符合本国国情的发展道路,愿同朝方一道落实两党两国最高领导人共识,密切高层交往,加强战略沟通,不断夯实政治互信,推动中朝传统友好合作取得更多新成果。
李强指出,当前,中朝两国都正在奋力推进社会主义建设事业,中方愿同朝方发掘务实合作潜力,为两国发展建设增添更多动力。中朝人民有着深厚特殊情谊,双方要加强青年、文化、教育、艺术、体育等各领域各层级交流互访,不断深化国民友好感情。今年适逢中国人民志愿军抗美援朝出国作战75周年,中方愿同朝方共同办好纪念活动。当前国际形势变乱交织,双方应当更加紧密地团结协作,捍卫中朝正当权益,维护国际公平正义。
朴泰成表示,金正恩总书记和习近平总书记不久前在北京举行的历史性会晤为朝中关系发展提供了战略指引、注入了强大动力。朝鲜党、政府和人民对中国抱有真挚友好感情,巩固和发展牢不可破的朝中关系是朝鲜党和政府坚定不移的立场。朝方愿同中方一道,落实好两党两国最高领导人的重要共识,加强治国理政交流,扩大友好往来,深化各领域合作,在实现社会主义事业的道路上紧密合作,不断开创朝中友好合作关系新局面。朝方坚定支持中方维护核心利益,愿同中方共同纪念中国人民志愿军抗美援朝出国作战75周年。双方要密切多边协作,维护共同利益。
当地时间10月10日上午,李强在朴泰成陪同下赴锦绣山太阳宫,瞻仰朝鲜已故最高领导人金日成、金正日遗容。
吴政隆参加上述活动。(完)
图说:当地时间10月11日上午,中共中央政治局常委、国务院总理李强在平壤万寿台议事堂同朝鲜劳动党中央政治局常委、内阁总理朴泰成举行会谈。 新华社记者 黄敬文 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.