Connect with us

Science & Technology

တရုတ်နိုင်ငံက Gravity-1 ဒုံးပျံကို ပင်လယ်ပြင်မှ လွှတ်တင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ဟိုင်ရန်မြို့ ကမ်းရိုးတန်းအနီး ရေပြင်မှ မြင်ကွင်းကျယ်ဂြိုဟ်တုတစ်လုံးနှင့် စမ်းသပ်ရေးဂြိုဟ်တုနှစ်လုံးတင်ဆောင်ထားသည့် Gravity-1 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဟိုင်ရန်၊ ဆန်းတုန်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် Gravity-1 သယ်ဆောင်ရေးဒုံးပျံတစ်စင်းကို နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ဟိုင်ယန်မြို့ ကမ်းရိုးတန်းအနီး ရေပြင်မှ အောက်တိုဘာ ၁၁ ရက်က လွှတ်တင်ခဲ့သည်။
ပေကျင်းစံတော်ချိန်နံနက် ၁၀ နာရီ ၂၀ မိနစ်၌ လွှတ်တင်ခဲ့သည့် အဆိုပါဒုံးပျံက ဂြိုဟ်တု ၃ လုံးကို သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ ပို့ဆောင်ခဲ့သည်။ ထိုကမ်းလွန်လွှတ်တင်ရေးမစ်ရှင်ကို ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသယ်ဆောင်ရေးဒုံးပျံပေါ်၌ မြင်ကွင်းကျယ်ဂြိုဟ်တုတစ်လုံးနှင့် စမ်းသပ်ရေးဂြိုဟ်တုနှစ်လုံးတို့ကို တင်ဆောင်ခဲ့ခြင်းဖြစ်သည်။Gravity-1 သယ်ဆောင်ရေးဒုံးပျံသည် ၎င်း၏ ပထမဆုံးပျံသန်းရေးခရီးစဉ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China launches Gravity-1 rocket from sea
HAIYANG, Shandong, Oct. 11 (Xinhua) — China sent a Gravity-1 carrier rocket into space from waters off the coast of Haiyang, east China’s Shandong Province, on Saturday.
The rocket blasted off at 10:20 a.m. (Beijing Time), placing three satellites into their designated orbits. The Taiyuan Satellite Launch Center conducted the offshore mission.
A wide-field satellite and two experimental satellites were onboard the carrier rocket.
The Gravity-1 carrier rocket made its debut flight in January 2024. ■
English Caption
A Gravity-1 carrier rocket carrying a wide-field satellite and two experimental satellites blasts off from waters off the coast of Haiyang, east China’s Shandong Province, Oct. 11, 2025. (Photo by Guo Jinqi/Xinhua)