Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် ကျင်းပမည့် ဂါဇာငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးသို့ တူကီယဲနိုင်ငံသမ္မတ အာဒိုဂန် တက်ရောက်မည်

အီဂျစ်နိုင်ငံ၊ Sharm El-Sheikh ပင်လယ်နီအပန်းဖြေမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အန်ကာရာ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ၊ Sharm El-Sheikh ပင်လယ်နီအပန်းဖြေမြို့၌ အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည့် ဂါဇာငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးသို့ တူကီယဲနိုင်ငံ သမ္မတ ရီဆပ်တေယစ်ပ် အာဒိုဂန် တက်ရောက်မည်ဖြစ်ကြောင်း တူကီယဲသမ္မတရုံးမှ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ကြေညာမှုအရ သိရသည်။
“တူကီယဲသမ္မတက ဂါဇာငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားဖို့ စီစဥ်ထားပါတယ်။ တစ်ဆက်တည်းမှာပဲ ပါဝင်ဆွေးနွေးတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းပွဲတွေကို ပြုလုပ်သွားပါမယ်” ဟု တူကီယဲသမ္မတရုံးပြန်ကြားရေးညွှန်မှူး ဘာဟာနက်တင်ဒူရန်က လူမှုကွန်ရက် X တွင် ပို့စ်တင်ရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Sharm El-Sheikh ထိပ်သီးအစည်းအဝေးတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြားဖြစ်ပွားနေသည့် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်ထားသောသဘောတူညီချက်တစ်ရပ်ကို အပြီးသတ် ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံသမ္မတက အောက်တိုဘာ ၁၁ ရက်က ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို အီဂျစ်နိုင်ငံသမ္မတ အက်ဘ်ဒယ်ဖာတက်ချ်အယ်ဆီဆီနှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့က ပူးတွဲသဘာပတိများအဖြစ်တာဝန်ယူကျင်းပမည်ဖြစ်ကာ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ (Xinhua)
……………………
(English Version)
Türkiye’s Erdogan to attend Gaza peace summit in Egypt
ANKARA, Oct. 12 (Xinhua)
Turkish President Recep Tayyip Erdogan will attend a Gaza peace summit to be held in Egypt’s Red Sea resort city of Sharm El-Sheikh on Monday, according to his office on Sunday.
“Our president is scheduled to address the summit and also hold consultations with the leaders of the participating countries,” Burhanettin Duran, head of the Directorate of Communications at the Turkish presidency, said in a post on the social platform X.
The Sharm El-Sheikh summit will finalize an agreement between Israel and Hamas, aimed at ending the war in Gaza, the Egyptian presidency announced in a statement on Saturday.
The meeting will be co-chaired by Egyptian President Abdel-Fattah al-Sisi and U.S. President Donald Trump, with the participation of leaders from more than 20 countries, the statement said. ■
Photo:
This photo taken on Oct. 12, 2025 shows the Peace Square in the Red Sea resort city of Sharm el-Sheikh, Egypt. (Xinhua/Sui Xiankai)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.