Africa & Middle East
Bagram လေတပ်အခြေစိုက်စခန်းအား အခြားနိုင်ငံများထံ ပေးအပ်မည်မဟုတ် အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ဆို

ကဘူးလ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အောက်တိုဘာ ၁၂ ရက် မြို့တော် ကဘူးလ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အာဖဂန်နစ္စတန်နှင့် အမေရိကန်တို့သည် Bagram လေတပ်အခြေစိုက်စခန်းဆိုင်ရာ သဘောတူညီချက်ရရှိခဲ့သည်နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်မှုများကို ငြင်းဆိုခဲ့ပြီး အာဖဂန်နစ္စတန်လူမျိုးများသည် ၎င်းတို့နိုင် ငံမှ မည်သည့်နယ်မြေကိုမဆို အခြားနိုင်ငံများထံ ပေးအပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Bagram လေတပ်အခြေစိုက်စခန်းနှင့် စပ်လျဉ်း၍ Mujahid က “ကျွန်တော်တို့အနေနဲ့ ဘယ်သူ့ကိုမှ ဒီမြေကြီးရဲ့ တစ်လက်မတောင် ပေးမှာမဟုတ်သလို ဘယ်နိုင်ငံရဲ့ စစ်ရေးအရ တည်ရှိမှုကို လက်ခံမှာမဟုတ်ဘူး။ ဒါက အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပြည်သူတွေ့ရဲ့ ဆန္ဒပဲဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
Bagram လေတပ်အခြေစိုက်စခန်းသည် ကဘူးလ်မြို့မှ မြောက်ဘက် ၅၀ ကီလိုမီတာအကွာတွင် ရှိပြီး အမေရိကန်စစ်တပ် ယင်းမတိုင်မီ အာဖဂန်နစ္စတန်နိုင်ငံရှိ နှစ်ပေါင်း ၂၀ ကြာကာလအတွင်း အဓိက စစ်ရေးအခြေစိုက်စခန်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အမေရိကန်နှင့် နေတိုးစစ်တပ်အားလုံးသည် ယင်းအခြေစိုက်စခန်းမှ ဆုတ်ခွာခဲ့သည်။ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်အနေဖြင့် Bagram လေတပ်အခြေစိုက်စခန်းကို “ပြန်လည်သိမ်းယူ” ရန် ကြိုးပမ်းနေပြီး ယင်းနေရာတွင် အမေရိကန်စစ်တပ် တစ်ဖန်ဖြန့်ကြက်မည်ဟု လတ်တလောတွင် နေရာများစွာ၌ ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ အစိုးရသည် အမေရိကန်အပါအဝင် နိုင်ငံအားလုံးနှင့် နိုင်ငံရေး၊ စီးပွားရေး ကူးလူးသွားလာမှုများ ဆောင်ရွက်ရန် ဆန္ဒရှိပြီး “အမေရိကန်က ကဘူးလ်မြို့မှာ သံရုံးပြန်လည်ဖွင့်လှစ်ကာ Bagram လေတပ်အခြေစိုက်စခန်းကို အပူတပြင်းအာရုံစိုက်ခြင်းထက် သံတမန်လမ်းကြောင်းကနေတစ်ဆင့် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ စတင်ဖို့” မျှော်လင့်ကြောင်း Mujahid က ထောက်ပြခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
阿富汗政府:不会将巴格拉姆空军基地交给其他国家
新华社喀布尔10月12日电(记者李昂)阿富汗政府发言人扎比乌拉·穆贾希德12日在首都喀布尔举行的记者会上否认一些媒体有关阿富汗与美国就巴格拉姆空军基地达成协议的报道,并表示,阿富汗人不会将本国的任何土地交给其他任何国家。
穆贾希德说,关于巴格拉姆空军基地,“我们不会将这片土地的哪怕一寸交给任何人,也不会接受任何国家的军事存在。这是阿富汗国家和人民的意愿”。
巴格拉姆空军基地位于喀布尔以北50公里处,是美军此前在阿富汗驻扎20年期间的主要军事基地。2021年7月,美国和北约军队全部撤离该基地。美国总统特朗普近期在多个场合表示,美方正试图“收回”巴格拉姆空军基地,并在此重新部署美军。
穆贾希德指出,阿富汗政府愿意与包括美国在内的所有国家开展政治和经济往来,并希望“美国在喀布尔重新开放大使馆,通过外交渠道开启积极接触,而不是执意关注巴格拉姆空军基地”。(完)
图说:10月12日,阿富汗政府发言人扎比乌拉·穆贾希德在首都喀布尔举行的记者会上发言。新华社记者 李昂 摄