North America
ယူကရိန်းကို Tomahawk ဒုံးကျည် ပံ့ပိုးပေးနိုင်ခြေရှိသည်ဟု ထရမ့်ဆို

ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ယူကရိန်းအား တာဝေးပစ် တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် Tomahawk ဒုံးကျည် ပံ့ပိုးပေးနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ထရမ့်က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
“စစ်ပွဲက ဖြေရှင်းလို့မရဘူးဆိုရင်၊ ကျွန်တော်တို့က ဒီလိုလုပ်နိုင်ခြေအများကြီး ရှိတယ်” ဟု ထရမ့်က ယင်းနေ့ အစ္စရေးသို့ သွားရောက်သည့် လမ်းခရီးစဉ်အတွင်း သတင်းထောက်အား ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် တိုက်ရိုက်မဟုတ်ဘဲ NATO မှတစ်ဆင့် ယူကရိန်းကို Tomahawk ဒုံးကျည် ပံ့ပိုးပေးရန် စဉ်းစားနေကြောင်း ၎င်း ဆိုသည်။
ထရမ့်နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ဖုန်းဖြင့် နှစ်ကြိမ် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။ ဇယ်လန်းစကီးက အောက်တိုဘာ ၁၂ ရက် အမေရိကန်မီဒီယာများ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ထို့အတွက် နှစ်ဖက်အနေဖြင့် ဆွေးနွေးနေဆဲဖြစ်ပြီး သက်ဆိုင်ရာဒုံးကျည် သဘောတူညီချက်များကို ခွင့်ပြုရန် ၎င်းအနေဖြင့် ထရမ့်အား အစဉ်တစိုက် ကြိုးပမ်းတိုက်တွန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
Tomahawk ဒုံးကျည်၏ ပစ်ခတ်နိုင်သည့်အကွာအဝေးသည် ရုရှားနိုင်ငံ မော်စကိုမြို့ကို လွှမ်းခြုံ၍ရကြောင်း သိရသည်။
ထိုမတိုင်မီ ရုရှားက အကယ်၍ သက်ဆိုင်ရာအနေဖြင့် ယူကရိန်းကို Tomahawk ဒုံးကျည် ပံ့ပိုးမည်ဆိုလျှင် ဆိုးရွားသည့် အခြေအနေ အရှိန်မြင့်တက်မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ထရမ့်သည် အောက်တိုဘာ ၁၂ ရက်တွင် အရှေ့အလယ်ပိုင်းခရီးစဉ် စတင်ခဲ့သည်။ ၎င်းအနေဖြင့် အောက်တိုဘာ ၁၃ ရက်တွင် အစ္စရေးလွှတ်တော်၌ မိန့်ခွန်းပြောကြား၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူ မိသားစုဝင်များအား တွေ့ဆုံမည် ဖြစ်ပြီး အီဂျစ်နိုင်ငံ Sharm El-Sheikh ၌ ကျင်းပသည့် “ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး” ကို တက်ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
特朗普:可能向乌克兰提供“战斧”导弹
新华社华盛顿10月12日电(记者颜亮)美国总统特朗普12日表示,可能向乌克兰提供可用于远程攻击的“战斧”导弹。
特朗普当天在前往以色列途中告诉记者,“如果战争得不到解决,我们很可能会这么做。”他说,美国考虑通过北约向乌克兰提供“战斧”导弹,而非直接提供。
特朗普和乌克兰总统泽连斯基11日和12日两度通话。泽连斯基12日接受美国媒体采访时说,双方仍在就此进行讨论,他一直在努力说服特朗普批准相关导弹协议。
“战斧”导弹的射程可覆盖俄罗斯首都莫斯科。俄方此前警告说,如果有关方面向乌克兰提供“战斧”导弹,将引发严重的局势升级。
特朗普12日启程前往中东。他计划于13日在以色列议会发表演讲、会见被扣押人员家属,然后参加在埃及沙姆沙伊赫举办的一场“和平峰会”。(完)
1. 10月10日,在美国首都华盛顿,美国总统特朗普乘直升机返回白宫。新华社记者 胡友松 摄